saturngod

  • Nero Burngin 8 ကတော့ GUI design ကို စမ်းသစ်ထားတယ်ဆိုတာထက် အသုံးပြုရလွယ်ကူပြီး user friendly ဖြစ်အောင် လုပ်ထားတာပါ။ အလှအပထက် အသုံးပြုရလွယ်ကူရေးကို ဦးစားပေးထားတာကို တွေ့ရပါတယ်။ smartstart ကို အဓိကပြောင်းလဲထားပါတယ်။ အရင်အဟောင်း nero burning rom ကတော့ပါရှိပေမယ့် ထူးထူးခြားခြား ပြောင်းလဲမှုမရှိပါဘူး။ smartstart ကတော့ အတတ်နိုင်ဆုံး wizard တွေကို လျော့ချထားတယ်။ တနည်းအားဖြင့် user အနေနဲ့ မျက်စိရှုပ်စရာမဖြစ်ပဲ ကြည့်လိုက်ရုံနဲ့ သုံးလို့ရအောင် ပြောင်းလဲထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် mp3 အတွက် rip ကိုပါ ထည့်သွင်းထားပြီး home entertainment အတွက်ပါ ထည့်သွင်းထားတာကို တွေ့ရတယ်။ သဘောအကျဆုံးကတော့ smartstart ပါပဲ။…

  • တနေ့တနေ့ ကြားနေရတယ်.. ပြောနေကြတယ်.. သူများကို ပြောရမယ်.. ဆိုရမယ်ဆို.. အားပါးတရ ရှေ့မကြည့်နောက်မကြည့်… အားပါးတရ ပြောချလိုက်ကြတယ်.. လူကြီးတွေလည်း အမြဲပြောကြတယ်.. သူငယ်ချင်းမိတ်ဆွေတွေကိုလည်း အမြဲပြောကြတယ်.. ကိုယ့်လက်အောက် လူတွေကိုလည်း အမြဲပြောကြတယ်.. လူငယ်တွေကလည်း လူကြီးမိဘတွေကိုလည်း ပြောကြတယ်.. စိတ်ထဲရှိသမျှ အားပါးတရ ပြောကြတယ်.. လူတန်းစားမရွေးဘူး.. ဘာသာမရွေးဘူး.. ပညာတတ်ခြင်း မတတ်ခြင်းနဲ့ မဆိုင်ဘူး.. အဲဒါကတော့ လူတစ်ယောကို အပြစ်တင်ခြင်းပဲ… သေသေချာချာ နားထောင်ကြည့်ပါ.. တနေ့ကို လူတွေကို ကိုယ့်ကို ဘယ်လောက်အပြစ်တင် ပြောဆိုကြလဲ.. ကိုယ်ကကော သူများကို ဘယ်လောက်တောင် အပြစ်တင်ပြောဆိုလိုက်လဲ… ကိုယ်က သူများကို ပယ်ပယ်နယ်နယ် အပြစ်တင်လိုက်လို့ အားရသွားတယ်.. ကိုယ်အပြစ်တင်ခံထိတဲ့ အချိန်ကော… ကျွန်တော်လည်း အရင်က သူများတွေကို အပြစ်တင်တတ်ပါတယ်.. ဒါပေမယ့် နောက်ပိုင်းတော့…

  • ကျွန်တော်တို့တွေဟာ အခုခေတ်မှာ အကုန်လေ့လာဖို့ ဆိုတာ မလွယ်ဘူးဗျ…တကယ့်ကို မလွယ်တာ.. ကဲ.. အခုပဲ ကြည့်လေ… Flash လေ့လာမလား.. Flex လေ့လာမလား.. ဒါမှမဟုတ် Silverlight လေ့လာမလား.. အကုန်လုံးကတော့ လုပ်ဆောင်နိုင်စွမ်းတွေက အကွာကြီးမဟုတ်ပေမယ့်.. ရေးသားပုံတွေကတော့ မတူဘူးလေ.. အဲ.. VB.NET တတ်မြောက်ဖို့ VB ကို ပြန်လေ့လာရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်တာပဲ.. :D C# သင်ဖို့ ဟိုးအရင်က C ကို အစကနေ ပြန်လေ့လာခိုင်းသလိုပဲ… C ကိုလေ့လာတာက ၂ လ C++ လေ့လာ ၂ လ .. အမြန်ဆုံးပေါ့.. ပြီးရင် VC++ လေ့လာတာက ၂ လ… C# မရောက်ခင် စိတ်တွေညစ်ကုန်လိမ့်မယ်ထင်တာပဲ.. အဲလိုမလုပ်ပဲ…

  • ကျွန်တော်လည်း blogger နဲ့ဝေးနေတာကြာပြီ.. peek a boo တို့ တခြား နည်းပညာအသစ်တွေလည်း ထွက်နေပြီ.. ဒီတော့ ကျွန်တော်လုပ်ထားတဲ့ making blog စာအုပ် မူရင်း doc ကို ပြင်ပြီး update လုပ်ပြီး ဖြန့်ချင်တဲ့ သူတွေ ဖြန့်လို့ရအောင် မူရင်း doc file ကိုတင်ပေးလိုက်ပါတယ်.. blogger တွေ အားလုံးကို ကျေးဇူးတင်ပါတယ်.. blogger အသစ်တွေကော အဟောင်းတွေပါ ကျေးဇူးတင်ပါတယ်ဗျာ.. အခုလည်း အဲဒီ စာအုပ်လေးကို ပြင်ပြီး ထပ်ပြီး update လုပ်နိုင်ကြပါစေဗျာ.. ကျွန်တော့်နာမည် မတတ်လည်းရပါတယ်.. ကိုယ့်နာမည် ကိုယ်တပ်ပြီး ebook ထုတ်လည်းဖြစ်ပါတယ်.. ဖြန့်လို့လည်း ဖြစ်ပါတယ်.. တစ်ခုပါပဲ.. ရောင်းမစားဖို့ပါ.. free ပေးဖို့…

  • SVN အကြောင်းရေးလိုက်… Computer က တစ်ခုခုကြောင့် shutdown ဖြစ်သွားလိုက်နဲ့.. ၃ ခေါက်လောက်ရေးပြီးတော့ ထပ်ရေးချင်စိတ်မရှိတော့ဘူး.. :P သေသေချာချာ ရေးချင်စိတ်မရှိတော့လို့.. အကျဉ်းချုပ်ပဲ ထပ်ရေးတော့မယ်.. (လက်ညောင်းလိုက်တာနော်… ဒါနဲ့ပါဆို ၄ ခါရှိပြီ) SVN ဟာ software engineering tool တစ်ခုပါ.. Project တွေကို internet ပေါ်မှာတင်ပြီး နိုင်ငံတကာက project member တွေ အတူတကွ ရေးသားလုပ်ဆောင်နိုင်အောင်ပါ.. ဘယ်လိုလဲဆိုတော့ project member တစ်ယောက်က ပြင်ပြီးလို့ update လုပ်လိုက်ရင် တခြား Member တွေကပါ သူပြင်ထားတဲ့ file နဲ့ ဘာတွေ ပြင်ထားလဲဆိုတာကို သိရှိနိုင်ပါတယ်… အခု google code ကလည်း…

  • စမ်းကြည့်လိုက်တော့ တော်တော်လေး သဘောကျသွားတယ်.. မဆိုးဘူးဗျ… စမ်းကြည့်ပါလား.. burglish သမားတွေ အနေနဲ့ မြန်မာလို မရိုက်တတ်ဘူး.. ဒါပေမယ့် မြန်မာစာတော့ မပျောက်သင့်ဘူးလို့ ထင်တယ်.. burglish လိုရိုက်ပေမယ့် စာလုံးကတော့ မြန်မာစာလုံးပဲ ဖြစ်သင့်တယ်လို့ ထင်ပါတယ်.. ကျွန်တော် စမ်းကြည့်တော့ တော်တော်လေးကို မိုက်တယ်.. တကယ်တော်တယ်ဗျာ… ရေးထားတာကတော့ AJAX တွေနဲ့ လန်ထွက်နေတာပဲ. မြန်လည်း မြန်တယ်နော်.. တော်တော်မိုက်တယ်.. သဘောတော့ တော်တော်ကျမိတယ်.. Web Text Editor မှာလည်း ထည့်သွင်းဖို့ ကြိုးစားနေပါတယ်.. http://burglish.googlepages.com/testarea.htm

  • Blog တွေရဲ့ သတင်းတွေဟာ အကုန်လုံး မမှန်ပါဘူးဗျာ။ အဲဒါကိုလည်း ကျွန်တော်တို့ အပြစ်ပြောနေလို့ မရဘူးလေ။ ဘာဖြစ်လို့လည်းဆိုတော့ blog ဆိုတာ တကယ့် သတင်းပညာရှင်ကြီးတွေ ရေးတာမဟုတ်ဘူးလေ။ နောက်ပြီး သတင်း site ကြီးမဟုတ်ဘူးလေ။ ကျွန်တော်တို့တွေကလည်း သတင်းတစ်ခုအတွက် သတင်း ဌာနတွေလိုလည်း မလုပ်နိုင်ဘူးလေ။ blog မှာ သတင်းတွေ ရေးလို့ ဘယ်သူမှ ပိုက်ဆံမပေးပါဘူး။ ကျွန်တော် ရေးတာတွေကလည်း အခု ကျွန်တော် ကြားတာတွေကိုပဲ ရေးနိုင်တော့တယ်။ ဒါကြောင့် ကျွန်တော့် ကျောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေမှန်ချင်မှ မှန်မယ်။ မှားချင်လည်း မှားမယ်။ အရင်ကလို ကျောင်းမှာ မဟုတ်တော့ဘူးဗျာ။ ဒါကြောင့် အမှန်သိတဲ့လူတွေက အမှားပြင်တဲ့အနေနဲ့ comment လေးလိုပါတယ်ဗျာ။ 

  • အစက CMS အကြောင်းလေး ကျယ်ကျယ်ပြန့်ပြန့်လေး ပြောမလို့ပဲ.. အခုတော့ ငိုက်နေတာနဲ့ Joomla! အကြောင်းကို အရင်ကရေးထားတာကို ဖော်ပြပြီး အိပ်တော့မယ်.. Joomla! ဆိုတာကတော့ free , opensource content managemetn system တစ်ခုပါ။ Joomla မှာ features တွေ မြောက်များစွာပါဝင်ပြီး လုပ်ဆောင်နိုင်စွမ်းတွေ များပြားလှပါတယ်။ RSS feeds, print ထုတ်လို့ရတဲ့ စာမျက်နှာ , news flashes , blogs, polls , website searching နှင့် ဘာသာစကားများစွာ ပါရှိပါတယ်။ Joomla! ဟာ GPL Licesed ယူထားပါတယ်။ သူဟာ Mambo ရဲ့ fork ကနေ…