saturngod

  • ပြောချင်နေတာကတော့ ကြာပြီ။ အခုတော့ ဝေဖြိုးရေးထားတာတွေ့လို့ သူ့ blog က ဟာကို ပြန်ဖော်ပြပေးလိုက်တယ်။ မြန်မာက လူတွေ သူ့ blog ကို ဝင်ကြည့်ခက်မှာဆိုးလို့ ဒီမှာပဲ ရေးပြလိုက်ပါတယ်။ source: http://edwardwitten.blogspot.com/2008/02/beware-of-something-in-social-networks.html   ပြီးခဲ့တဲ့ ပို့စ်မှာ Social Networking အကြောင်းတွေ ပြောခဲ့လို့ ကျွန်တော် ဒီပို့စ်ကို ရေးဖို့ ဆန္ဒပေါ်လာပါသည်။ Personal ထင်မြင်ချက်နှင့် သတိပေးချက်တစ်ခုကို ပြောပါရစေ။ အွန်လိုင်းပေါ်မှာ ကျွန်တော်မကြိုက်ဆုံး မျက်စိအနောက်ဆုံးလို့ ထင်ထားတဲ့အရာတွေထဲမှာ Social Networking Tools တွေပါတယ်ဆိုရင် ယုံပါ့မလား။ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ အရမ်းကို clutter ဖြစ်နေပြီး အချိန်တွေကို မတရားအပိုင်သိမ်းနေတယ်လို့ ခံစားရလို့ပါ။ တော်ရုံတန်ရုံဆိုရင်တော့ အဲ့ဒါတွေက မဆိုးပါ။ တနေ့တနေ့ ကိုယ့်…

  • Empire တစ်ခု ထူထောင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို တကယ်နားလည်လာစေနိုင်တဲ့ game ပါ။ Empire ကြီးတစ်ခု မဖြစ်ခင် ကိုယ့်နိုင်ငံကို အင်းအားတောင့်တင်းပြီး ကာကွယ်ဖို့ကလည်း လိုတယ်။ ဒီ game ကစားရင်တော့ တစ်ယောက်နဲ့ တစ်ယောက် idea မတူလောက်ပါဘူး။ ကျွန်တော်ကတော့ အရင်ဆုံး အင်အားတောင့်တင်းလာအောင် လုပ်။ ပြီးရင် နယ်မြေအသစ်ရှာ။ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းရေးယူထား။ အိမ်နီးချင်းဆိုပေမယ့် တကယ်ယုံလို့ရတာမှ မဟုတ်တာ။ ပထမပွဲက ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး အေးအေးဆေးဆေး စီးပွားရေး တက်အောင်ပဲ လုပ်နေတာ။ စစ်အင်အားကို ထားကို မထားတာ။ အဲမှာ ဟိုဘက်အိမ်နီးချင်းကလည်း သူတို့ အင်အားတောင့်သွားတော့ စစ်ကြေငြာပြီးတိုက် ဒီဘက်ကလည်း တိုက်။ ကြားမှ ညှပ်လိုက်တော့ လုံးဝက မတောင့်ခံနိုင်လိုက်ဘူး။ နောက်တစ်ခေါက်ကတော့ အဲလိုမရတော့ဘူး။ ကိုယ်တိုင်…

  • ကျွန်တော် အရင်က မြန်မာ့ IT ဘူရောပြည် မှာ ဘီးကိစ္စပြောခဲ့ဘူးတယ်။ mmgeek က aTxIvG4001 (မာ့ခ်)နဲ့ Technical 7 က ကိုမင်းကျော်တို့ဟာ တကယ်လေးစားဖို့ ကောင်းတဲ့လူတွေပဲဗျာ။ ကိုယ့် project တွေရှိလျက်နဲ့ အခြားက Project တွေကို ကူညီပေးနေတာ။ အထူးသဖြင့်  မာ့ခ်ပေါ့။ သူ့လုပ်လက်စ Project ကြီးကို ခဏလောက်ရပ်ပြီး MZ က dictionary project ကြီးကို တောက်လျှောက်ကူသွားပေးတယ်ဗျာ။ မယုံနိုင်လောက်အောင်ပဲ။ ကျွန်တော်လည်း ပညာတွေ အရမ်းရသွားတယ်။ mmgeek အနေနဲ့  မာ့ခ် ရဲ့ လုပ်နိုင်စွမ်းနဲ့ သူတို့ကိုယ်တိုင် dictionary လုပ်ရင် အခုလောက်ဆို ပြီးနေလောက်ပြီ။ ဒါပေမယ့် သူတို့ မလုပ်ဘူး။ MZ ကို…

  • တခြား မြန်မာတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်မြန်မာကို ကိုယ်စိတ်ကုန်နေတာ အမှန်ပဲ။ မြန်မာပြည်ကိုလည်း စိတ်ကုန်တယ်။ မြန်မာတွေကိုလည်း စိတ်ကုန်တယ်။ ဒါပေမယ့်လည်း မခွဲရက်ဘူး။ အခုထက်ထိ ကိုယ့်မြေကို မခွဲရက်သေးဘူး။ စလုံးက အဒေါ်က လာခဲ့လို့ခေါ်တော့လည်း မသွားချင်ဘူး။ တကယ်ကိုမသွားချင်တာ။ သူငယ်ချင်းတွေက သွားဖို့ ပြောတော့လည်း မသွားချင်ဘူး။ နိုင်ငံခြားထွက်ဖို့ ကိစ္စကို ကြားတိုင်း ကျောင်းက ဂျုနီယာ တစ်ယောက်ပြောတာကို သတိရမိတယ်။ အစ်ကိုနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်တဲ့။ အခုချိန်ထိ ကိုယ့်နိုင်ငံကနေ ထွက်ပြီး တခြားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စိတ်မကူးဘူး။ တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ကုန်တယ်။ လူမျိုးကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း "အော်.. မြန်မာပဲလေ…" ဆိုပြီး ဖြေသိမ့်ရတာပဲ။ တခြားလူတွေကို မပြောပါဘူး။ ကိုယ့်ကိုယ်တောင်…

  • MMGlite တည်ရှိတာလည်း ၁ နှစ်တောင် ကျော်သွားပါပြီ။ တဖြည်းဖြည်းနဲ့ support လုပ်လာတာ မသိမှန်းမသိပဲ အချိန်ကြာလာပြီဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။ ဒီနေ့မှ ထပ်ရေးဖြစ်တာလေးတွေကို news အနေနဲ့ ဖော်ပြလိုက်မှ Sep 29 2006 က စခဲ့တယ်ဆိုတာကို သိရတော့တယ်။ အမှန်တိုင်းတော့ အဲဒီ မတိုင်ခင်က စခဲ့တာပါ။ လူတွေ မသိခင် ကြိတ်စမ်းခဲ့တာ။ mmglite စတာကို မှတ်မိသေးတယ်။ planet မှာ glite ကို ဇော်ဂျီ support လုပ်လို့ရအောင် ရေးပေးကြပါလို့ တောင်းဆိုသေးတယ်။ လုပ်ပေးတယ်။ ဒါပေမယ့် အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက မြန်မာတွေအတွက် ဖြစ်စေချင်တယ်။ လုပ်ပေးတဲ့ glite တောင် မမှတ်မိတော့ဘူး။ အဲမှာ စာရိုက်ရင် မြန်မာလိုရတယ်။…

  • ပြောလည်း မပြောချင်တော့ပါ။ သိလည်း မသိတော့ပါ။ ပိတ်လိုက်ပြန်ပြီ နောက်တစ်ကြိမ်။ တော်တော်များများ ပိတ်ခံထိတာတွေ့ရတယ်။ Filter System ကြောင့်ပဲလား တမင်တကာပဲ ပိတ်တာလား တော့ မသိတော့ပါဘူးဗျာ။

  • အခုနောက်ပိုင်း Game က DVD တွေပဲ ဝင်လာတော့တယ်။ အရင်က Game အခွေကိုသာ ဝယ်တာ အိမ်ရောက်ရင် စက်နဲ့မကိုက်။ DVD ခွေဖိုး အလကားဖြစ်။ ဆော့လို့ရလည်း game က ကစားလို့ မကောင်း။ အဲလိုတွေ အခုတော့ မဖြစ်တော့ဘူး။ ဘာ အခွေဝယ်မလဲဆိုတာကို မဝယ်ခင် gamespot မှာ ကြည့်လိုက်တယ်။ အဲဒီမှာ rating ကောင်းရင်တော့ game ကတော့ ဆော့လို့ကောင်းဖို့ များတယ်။ ပြီးရင် wikipedia မှာ ရှာလိုက်တယ်။ wikipedia က system requirement က gamespot ထက်ပိုတိကျလို့။ hard disk requirement ပါ ပါတယ်လေ။ ကျွန်တော်က game အတွက်…

  • Dictionary site ပါ။ wikipedia ကပဲ လုပ်ထားတာပါ။ မြန်ပါသည်။ ပြည့်စုံသည်ဟု ဆိုနိုင်သည်။ ကျွန်တော်ကတော့ firefox ရဲ့ Search List ထဲမှာ ထည့်ထားလိုက်ပါတယ်။ RC version ဆိုတာ ဘာမှန်း မသိတာနဲ့ အဲမှာ ရှာလိုက်တော့မှ re-check ဆိုတာကို သိလိုက်ရတယ်။ မှန်မှန်ဆန်ဆန်လေး ရှာလို့ရတော့ မဆိုးဘူးပေါ့ဗျာ။ http://en.wiktionary.org