saturngod
-
တခြား မြန်မာတွေတော့ မသိဘူး။ ကျွန်တော်ကတော့ ကိုယ့်မြန်မာကို ကိုယ်စိတ်ကုန်နေတာ အမှန်ပဲ။ မြန်မာပြည်ကိုလည်း စိတ်ကုန်တယ်။ မြန်မာတွေကိုလည်း စိတ်ကုန်တယ်။ ဒါပေမယ့်လည်း မခွဲရက်ဘူး။ အခုထက်ထိ ကိုယ့်မြေကို မခွဲရက်သေးဘူး။ စလုံးက အဒေါ်က လာခဲ့လို့ခေါ်တော့လည်း မသွားချင်ဘူး။ တကယ်ကိုမသွားချင်တာ။ သူငယ်ချင်းတွေက သွားဖို့ ပြောတော့လည်း မသွားချင်ဘူး။ နိုင်ငံခြားထွက်ဖို့ ကိစ္စကို ကြားတိုင်း ကျောင်းက ဂျုနီယာ တစ်ယောက်ပြောတာကို သတိရမိတယ်။ အစ်ကိုနဲ့ နေရာချင်းသာ လဲလိုက်ချင်တယ်တဲ့။ အခုချိန်ထိ ကိုယ့်နိုင်ငံကနေ ထွက်ပြီး တခြားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စိတ်မကူးဘူး။ တိုင်းပြည်ကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း စိတ်ကုန်တယ်။ လူမျိုးကိုတော့ ချစ်ပါတယ်။ ဒါပေမယ့်လည်း "အော်.. မြန်မာပဲလေ…" ဆိုပြီး ဖြေသိမ့်ရတာပဲ။ တခြားလူတွေကို မပြောပါဘူး။ ကိုယ့်ကိုယ်တောင်…
-
MMGlite တည်ရှိတာလည်း ၁ နှစ်တောင် ကျော်သွားပါပြီ။ တဖြည်းဖြည်းနဲ့ support လုပ်လာတာ မသိမှန်းမသိပဲ အချိန်ကြာလာပြီဆိုတာ ဒီနေ့မှ သိလိုက်ရတယ်။ ဒီနေ့မှ ထပ်ရေးဖြစ်တာလေးတွေကို news အနေနဲ့ ဖော်ပြလိုက်မှ Sep 29 2006 က စခဲ့တယ်ဆိုတာကို သိရတော့တယ်။ အမှန်တိုင်းတော့ အဲဒီ မတိုင်ခင်က စခဲ့တာပါ။ လူတွေ မသိခင် ကြိတ်စမ်းခဲ့တာ။ mmglite စတာကို မှတ်မိသေးတယ်။ planet မှာ glite ကို ဇော်ဂျီ support လုပ်လို့ရအောင် ရေးပေးကြပါလို့ တောင်းဆိုသေးတယ်။ လုပ်ပေးတယ်။ ဒါပေမယ့် အားမရဘူး။ ကျွန်တော်ဖြစ်စေချင်တာက မြန်မာတွေအတွက် ဖြစ်စေချင်တယ်။ လုပ်ပေးတဲ့ glite တောင် မမှတ်မိတော့ဘူး။ အဲမှာ စာရိုက်ရင် မြန်မာလိုရတယ်။…
-
ပြောလည်း မပြောချင်တော့ပါ။ သိလည်း မသိတော့ပါ။ ပိတ်လိုက်ပြန်ပြီ နောက်တစ်ကြိမ်။ တော်တော်များများ ပိတ်ခံထိတာတွေ့ရတယ်။ Filter System ကြောင့်ပဲလား တမင်တကာပဲ ပိတ်တာလား တော့ မသိတော့ပါဘူးဗျာ။
-
အခုနောက်ပိုင်း Game က DVD တွေပဲ ဝင်လာတော့တယ်။ အရင်က Game အခွေကိုသာ ဝယ်တာ အိမ်ရောက်ရင် စက်နဲ့မကိုက်။ DVD ခွေဖိုး အလကားဖြစ်။ ဆော့လို့ရလည်း game က ကစားလို့ မကောင်း။ အဲလိုတွေ အခုတော့ မဖြစ်တော့ဘူး။ ဘာ အခွေဝယ်မလဲဆိုတာကို မဝယ်ခင် gamespot မှာ ကြည့်လိုက်တယ်။ အဲဒီမှာ rating ကောင်းရင်တော့ game ကတော့ ဆော့လို့ကောင်းဖို့ များတယ်။ ပြီးရင် wikipedia မှာ ရှာလိုက်တယ်။ wikipedia က system requirement က gamespot ထက်ပိုတိကျလို့။ hard disk requirement ပါ ပါတယ်လေ။ ကျွန်တော်က game အတွက်…
-
Dictionary site ပါ။ wikipedia ကပဲ လုပ်ထားတာပါ။ မြန်ပါသည်။ ပြည့်စုံသည်ဟု ဆိုနိုင်သည်။ ကျွန်တော်ကတော့ firefox ရဲ့ Search List ထဲမှာ ထည့်ထားလိုက်ပါတယ်။ RC version ဆိုတာ ဘာမှန်း မသိတာနဲ့ အဲမှာ ရှာလိုက်တော့မှ re-check ဆိုတာကို သိလိုက်ရတယ်။ မှန်မှန်ဆန်ဆန်လေး ရှာလို့ရတော့ မဆိုးဘူးပေါ့ဗျာ။ http://en.wiktionary.org
-
အခုတလော မီးတွေ ပြန်ပြီးတော့ ပျက်နေပြီနော်။ တခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို ညစ်တာ အမှန်ပဲ။ ကျွန်တော်တို့ မြို့ထဲကိုတော့ မီးက ပုံမှန်မလာနိုင်တောင် တခြား မြို့နယ်တွေထက် အချိန်ပိုတာကို ကျေးဇူးတင်ရမယ်ဗျာ။ မီးက လာပေးစေချင်ပါတယ်။ မလာနိုင်တာတော့ ဘယ်တတ်နိုင်မလဲဗျာ။ မီးမရှိတဲ့ နေ့လည်တွေဆို ဘာမှ လုပ်လို့မရ။ ငုတ်တုတ်ထိုင်နေရတယ်။ ဘာမှလည်း လုပ်မရဘူးလေ။ ကျွန်တော်တို့တွေက Computer သမားဆိုတော့ Computer ရှိမှ idea ထုတ်လို့ရတယ်။ Product တွေထွက်လာအောင် ကြံဆလို့ရတယ်။ e-book တွေ ဖတ်လို့ရတယ်။ စာတွေ ဖတ်လို့ရတယ်။ မီးမလာတော့ ဘာမှ လုပ်စရာမရှိ။ စာအုပ်ဝယ်ဖတ်မယ် စဉ်းစားပြန်တော့လည်း စာအုပ်ဈေးတွေက လန်ထွက်တယ်။ တရားစာအုပ်ပဲ ဈေးသက်သာတယ်။ ဖတ်ချင်တဲ့ စာအုပ်တွေက…
-
သင်သေသွားသော် ( ဇော်ဂျီ ) ဪ..လူ့ပြည်လောက၊ လူ့ဘဝကား အိုရနာရ၊ သေရဦးမည် မှန်ပေသည်တည့် သို့တပြီးကား၊ သင်သေသွားသော် သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ သင်၏အမျိုးသား၊ စာစကားလည်း ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏ သင်ဦးချ၍ အမျှေဝရာ စေတီသာနှင့်၊ သစ္စာအရောင် ဉာဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။ ကျွန်တော် သေသွားရင်ကော…… ???????
-
www.joomla.org မှာ Joomla 1.5 ကိုဆွဲလို့ရနေပြီနော်။ ထွက်တာတောင် ကြာနေပြီ။ ပြောမယ် ပြောမယ်နဲ့ မပြောဖြစ်ဘူး။ Joomla 1.5 ကတော့ လုံးဝကို ကွဲပြားသွားကတော့ Admin Panel ပါ။ တော်တော်လေးလှလာတယ်။ Plugin တွေ template တွေ Install လုပ်ရတာ ရိုးရှင်းလွယ်ကူလာတယ်။ ကျွန်တော်ကတော့ 1.5 ကိုပိုကြိုက်တယ်ဗျာ။
