saturngod
-
Availabe Aptana Studio 1.1 ထွက်ပါပြီ။ Free version လည်းရှိသလို Professional version လည်းရှိပါတယ်။ အခုလက်ရှိတော့ free ပဲသုံးနေတာပဲ။ Professional ဆိုရင်တောင် download မချနိုင်ပါဘူး။ Pro Version Download ချရမယ်ဆိုရင် ဘယ်လောက်တောင် ကြီးသွားမလဲမသိဘူး။ Free တောင် site က နည်းတာ မဟုတ်ဘူး။ 100 MB လောက်ရှိမယ်ထင်တယ်။ မမှတ်မိတော့ဘူး။ update အတွက် download ချတာ 88 MB တောင်ရှိတယ်။ နည်းတာမဟုတ်ဘူး။ Dial-up နဲ့ တမုန်းပဲ ဆွဲလိုက်ရတယ်။ Netbean 6 ကတော့ Rails support တယ်ပြောပေမယ့် မြန်မာကနေ ဆွဲလို့မရတော့ မသုံးကြည့်ရဘူးပေါ့ဗျာ။
-
ကိုယ့် site က ဘယ်သူတွေ ဒီနေ့ ဘယ်သူတွေက link ချိတ်လိုက်လဲဆိုတာကို သိချင်လား။ လွယ်ပါတယ်။ Google ရှိတယ်လေ။ http://blogsearch.google.com/ မှာ link:http://yoursite.com ဆိုပြီးတော့ ရှာလိုက်ပေါ့။ ကျွန်တော့် blog ကို ဒီနေ့ ဘယ်သူ link ထဲလဲဆိုတာကို သိချင်ရင် link:http://saturngod.net ဆိုပြီး ရှာလိုက်ရုံပဲ။ RSS နဲ့လည်း စောင့်ကြည့်လို့ရတယ်နော်။ ဘယ်ဘက် အောက်ဆုံးမှာ Subscribe: ဆိုတာလေးပါတယ်။ အဲဒီမှာ RSS ဖြစ်ဖြစ် Atom ဖြစ်ဖြစ်ရွေးလိုက်ရုံပဲပေါ့။ တနေ့တခါလောက်တော့ စစ်လို့ရတာပေါ့။
-
TMNT ဆိုတဲ့ လိပ်နင်ဂျာ Game ဆော့ဘူးကြလားဗျ။ Ubisoft က ထုတ်တာဆိုတော့ ဝယ်ခဲ့လိုက်တယ်။ Ubisoft က Prince Of Persia ကို ထုတ်တာလေ။ အဲဒါကတော့ အရမ်းမိုက်တယ်။ ကျွန်တော့်အကြိုက်ဆုံး Game Series တစ်ခုပဲ။ Game တွေကလည်း မကစားတာ ကြာပေါ့ ( စက်က requirement နိမ့်နေလို့ ) ။ TMNT ကတော့ requirement က နည်းတယ်။ Game rating က 12+ ဆိုတော့ အရမ်းလည်းလွယ်ပါ့။ Prince Of Persia က အကွက်တော်တော်များများကို ပြန်ထည့်ထားတယ်ဗျ။ လိပ်နင်ဂျာက လိပ်နဲ့မတူဘူး။ မျောက် အတိုင်းပဲ။ စကစားတာနဲ့ ခုန်ပေါက်နေရတာ။…
-
သူခိုးတစ်ယောက်အတွက် ပစ္စည်းကောင်းခိုးလို့ရတဲ့ရက်ဟာ ရက်ရာဇာဆိုရင် အဲဒီရက်မှာ ခိုးခံရတဲ့သူအတွက်ကတော့ ပြဿဒါးပဲ အဲဒီရက်ဟာ ပြဿဒါးလား ရက်ရာဇာလား ? သူငယ်ချင်းပြောတဲ့စကားလေးကို သဘောကျလို့ ရေးလိုက်တာပါ။
-
http://rapidshare.com/files/85991750/1059IMTDOWMA5126.rar http://www.megaupload.com/?d=6JWP0GON ကျွန်တော်တောင် မ down ရသေးဘူး။ :P
-
ကျွန်တော် http://saturngod.mysteryzillion.com မှာ ရေးခဲ့တာ blogspot တွေ ပိတ်ကတည်းကပေါ့။ ဒါပေမယ့် လူတွေက saturngod.blogspot.com ကို သွားပြီး cbox ထဲမှာ မေးကြတာတွေ comment ပေးကြတာတွေကို ကျွန်တော် လုံးဝကို သိမှာ မဟုတ်ပါဘူး။ အဲဒီ cbox ကို မသုံးတာလည်း တော်တော်လေးကို ကြာလှပါပြီ။ အဲဒီမှာ comment ကို ဝင်ရေးပြီး မေးထားတာတွေကိုလည်း ကျွန်တော် သိမှာမဟုတ်ပါဘူး။ အဲလိုဖြစ်မှာဆိုးလို့ ကျွန်တော် blogspot မှာလည်း ကြော်ငြာခဲ့ပါတယ်ဗျာ။ ဒါပေမယ့် ထူးဆန်းတာက ကျွန်တော် Google Analytics နဲ့ကြည့်လိုက်တော့ တစ်နေ့ကို အယောက် ၈၀ ရှိနေတယ်။ ပုံမှန် အဲဒီ ပတ်ဝန်းကျင်ပဲ။ ယုံတောင် မယုံရဘူးနော်။ ဘာဖြစ်လို့မှန်းကို…
-
Computer Tutorial
