saturngod
-
Available on google play store now. APK file , http://cl.ly/KfMy – Fixed for Android 4.0 or later – Fixed Spelling
-
အခုတလော လူတွေ ငြီးလိုက်တိုင်း အောက်က စာလေးကို သတိရတယ်။ No one is ‘too busy’ in this world. It’s all about priorities. ငါ iOS ရေးတတ်ချင်တယ်။ ဒါပေမယ့် ငါ့မှာ အချိန် မရှိဘူးကွာ။ ငါ Android ရေးတတ်ဖို့ ကြိုးစားနေတယ်။ ခက်တာက အချိန် သိပ်မပေးနိုင်ဘူး။ ငါလုပ်ချင်တာတွေ လုပ်ဖို့ အချိန်က တော်တော်ရှားပါးတယ်။ အခုတလော အလုပ်များနေတယ်။ အိမ်ကိစ္စတွေ တောင် ဂရုမစိုက်မိဘူး။ စသည် စသည် ဖြင့် …. ဘာရယ် မဟုတ်ဘူး … ကိုယ်တိုင် တချက် တချက် ငြီးလိုက်တိုင်း အဲဒီ စာသားလေးကို သွားသတိရမိတယ်။
-
အခုတလော Node.js နဲ့ တော်တော်ရေးဖြစ်တယ်။ အဓိကတော့ Backend ပိုင်းပေါ့။ Front End ပိုင်းကတော့ မလုပ်ဖြစ်တာ တော်တော်ကြာပြီလို့ ဆိုရမယ်။ Backend တည်ဆောက်တဲ့ အခါမှာ အရင်က PHP ကိုယ်ပိုင် framework Ava ကို သုံးဖြစ်တယ်။ အခု Node.js ကို သုံးတဲ့အခါမှာတော့ Espresso ကို သုံးဖြစ်တယ်။ Espresso ကို သုံးရင်း ကိုယ်ပိုင် framework လေး ရေးကြည့်ချင်စိတ် ပေါက်လာတယ်။ နောက်ပြီး Google Go နဲ့ Node.js က ဘာ ပိုမှန်လဲဆိုတာကို ငြင်းနေကြတာတွေကိုလည်း ဖတ်ဖြစ်တယ်။ ယေဘူယျပြောရရင်တော့ Go က ပိုမှန်တယ်လို့ ဆိုရမယ်။ သို့ပေမယ့် ဘာ…
-
သောကြာနေ့က Backend Admin Panel ကို App တစ်ခု အတွက် ရေးဖြစ်တယ်။ Client က Email ကို ထပ်ဖြည့်ချင်တယ်။ Account တစ်ခုမှာ Email က one or more ပါမယ်။ ပုံမှန် သမာရိုးကျ MySQL သုံးမယ်ဆိုရင် ကျွန်တော် တို့ အနေနဲ့ Email field တစ်ခု ထပ်ဖြည့်ရမယ်။ Email one or more ဖြစ်တယ်ဆိုတဲ့ အတွက် ကြောင့် table ဆောက်သင့်တယ်။ မဆောက်ဘဲနဲ့ comman ကို သုံးပြီး ထားမယ်ဆိုလည်း ဖြစ်တယ်။ အနည်းဆုံးတော့ Field တစ်ခု ထပ်ဖြည့်ရမယ်။ နောက်ပြီး UI ပိုင်း…
-
Ornagai version အသစ်ကို google play store မှာ တင်ထားပြီးပါပြီ။ https://play.google.com/store/apps/details?id=com.comquas.ornagai စာလုံးတွေ ထပ်ဖြည့်ထားပါတယ်။ Google Play Store access မရပဲ APK လိုချင်ရင်တော့ https://github.com/saturngod/ornagai-V2/ornagai1.1.apk/qr_code မှာ ရယူနိုင်ပါတယ်။ TSV file update ကိုတော့ https://github.com/downloads/saturngod/ornagai-V2/enmmtsv.zip iOS အတွက်ကတော့ iPhone 5 အတွက် ပြင်ရအုံးမှာ ဖြစ်တဲ့ အတွက်ကြောင့် နောက်ကျပါလိမ့်မယ်။
-
ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ExpressJS ကို အသုံးပြုပြီး project လေး တစ်ခုလုပ်ဖြစ်သွားတယ်။ ExpressJS ဆိုတာကတော့ Node.js အတွက် web framework တစ်ခုပါ။ ExpressJS က Sinatra ကို အခြေခံထားပြီး connect middleware ကို အသုံးပြုထားပါတယ်။ ပုံမှန် Node.js နဲ့ ရေးရင် ရပေမယ့် Restful API နဲ့ အဆင်မပြေပါဘူး။ တော်တော် အချိန်ပေးရပါတယ်။ ExpressJS ကို သုံးလိုက်တာ တော်တော်လေးကို လွယ်သွားတယ်။ Mobile အတွက် Admin Panel တစ်ခုဖန်တီးရာမှာလည်း Jade Template နဲ့ ရေးရတော့ ပုံမှန် သမာရိုးကျ HTML ရေးရတာထက်တော့ မြန်ပါတယ်။
-
iOS အတွက် mmkeyboard (zawgyi) ကို http://cydia.macforus.com repo မှာ download ချလို့ရပါပြီ။ iOS 6 အတွက် ထုတ်ပေးတဲ့ Developer မိုးစက် ကိုလည်း ကျေးဇူးတင်ပါတယ်။
-
Android Version မဟာဘုတ် ကို https://play.google.com/store/apps/details?id=com.comquas.mahabote မှာ download ချလို့ရပါပြီ။ Play Store ဝင်လို့ မရတဲ့ သူတွေကတော့ http://cl.ly/KBhT မှာ download ချနိုင်ပါတယ်။ မဟာဘုတ် Android Version ကိုတော့ ကျွန်တော့် ဇနီး ရေးထားတာပါ။ သူ Android ကို သူ့ဘာသာသူ လေ့လာရင်း ရေးသားထားပါတယ်။ ကျွန်တော်ကတော့ Ornagai Update လုပ်ဖို့ အချိန် ပေးရအုံးမယ်။ Gardar ကို iPhone 5 နဲ့ အခြား bug တွေ fixed လုပ်ပြီး app store မှာ submitted တင်ထားပါတယ်။ ပြီးရင် Sar ကို ပြင်ဆင်ဖို့…
