saturngod
-
Zawgyi font က iOS 6.1 မှာ [space]+ေ နဲ့ [space]+ြ စတာတွေ မပေါ်တာ ဖြစ်နေပါတယ်။ အဲဒီ ပြဿနာကို အခု ပြင်ပြီးတော့ cydia.macforus.com မှာ update လုပ်ထားပေးပြီးပါပြီ။ Mac For Us repo မထည့်ရသေးသူတွေ အနေနဲ့ iPad ဆိုရင် Cydia > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။ iPhone ဆိုရင်တော့ Cydia > Manage > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။ ဘာမှ…
-
မနေ့ညက မဟာဘုတ်အတွက် algorithm လေး ရေးကြည့်မယ်ဆိုပြီး စဉ်းစားဖြစ်တယ်။ ကို IT မောင်မောင် တစ်ခေါက်ရေးထားဖူးတယ်။ သို့ပေမယ့် ဘယ်လို စဉ်းစားသွားလဲဆိုတာကို မပါတဲ့ အတွက် algorithm ထွက်လာတာပဲ သိလိုက်တယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး algorithm လေး ရေးကြည့်ဖြစ်တယ်။ နောက်ဆုံးထွက်လာတဲ့ algorithm က ကို IT မောင်မောင် နဲ့ မတူဘူးဖြစ်နေတယ်။ သို့ပေမယ့်လည်း အဖြေကတော့ ထွက်တယ်။ IT မောင်မောင် ရေးထားတာ ပိုကောင်းတယ်လို့ ဆိုရမယ်။ ခက်တာက သူ့ website က domain မရှိတော့ဘူး ဖြစ်နေတဲ့အတွက် ကြောင့် ပြန်ညွှန်ပြလို့ မရတော့ဘူး ဖြစ်နေတယ်။ သူရေးခဲ့တာကတော့ တော်တော်ကြာပါပြီ။ ကျွန်တော်တို့ မဟာဘုတ်…
-
RethinkDB မနေ့က Zite မှာ သတင်းဖတ်ရင်း RethinkDB အကြောင်းရေးထားတာတွေ့မိတယ်။ RethinkDB နဲ့ Mongodb နှိုင်းယှဉ်ထားတာကိုတော့ ဒီမှာ ဖတ်နိုင်တယ်။ FAQ လည်း ပြည့်ပြည့်စုံစုံ ရေးထားတာတွေ့ရတယ်။ အခုတော့ Mac နဲ့ Linux မှာပဲ အသုံးပြုလို့ရသေးတယ်။ Admin Panel ကတော့ တော်တော်လေးကို ကောင်းတယ်ဆိုရမယ်။ သဘောကျတာက query က javascript ကို အသုံးပြုထားတာပဲ။ ၃ နှစ်လောက် develop လုပ်ထားတယ်လို့ဆိုပေမယ့် တော်တော်လေးကို ငယ်သေးတဲ့ nosql database လို့ ဆိုရမယ်။ Weekend မှ ပဲ စမ်းကြည့်လိုက်အုံးမယ်။
-
Ornagai 2 is available on App Store now.
-
တော်တော်ကြာပြီ blog ကနေ comment အသစ် mail တွေကော contact တွေ ကော မရောက်လာတာ။ လူက မအားတာနဲ့ သေသေချာချာ လည်း server ကို မစစ်ဖြစ်ဘူး။ ဒီနေ့ညနေ အချိန်ပေးပြီး စစ်ကြည့်တော့ php mail function က အလုပ်လုပ်ပေမယ့် စာက ရောက်မလာဘူး။ ဘာကြောင့် ရောက်မလာတာလဲ ဆိုပြီး postfix ကို ဖြုတ် sendmail တင်။ sendmail နဲ့ စမ်းလည်းမရ။ terminal ကနေ ပို့ကြည့်လိုက်တော့လည်း စာက ထွက်သွားတယ်။ ခက်တာက စာက gmail ထဲကို မရောက်လာဘူးဖြစ်နေတယ်။ နောက်တော့မှ postfix ရဲ့ log ကို စစ်ကြည့်တော့…
-
http://fullstack360.wordpress.com/2013/01/28/30-pounds-in-30-days/ Mobile app တစ်ခု ဖန်တီးတဲ့ အခါမှာ ဘယ်လောက်ကုန်ကျလဲ။ ဘာတွေ သိထားဖို့လိုလဲ ဆိုတာကို ရေးထားတဲ့ post ကောင်းလေးတစ်ခုပါ။ လူငှားပြီး mobile app ရေးခိုင်းမယ်ဆိုရင် ဘယ်လောက်ကုန်ကျနိုင်လဲဆိုတာကို သိနိုင်ဖို့ အရင်ဖတ်ထားသင့်တဲ့ post ပါ။
-
ဒီနေ့ BackboneJS စာအုပ်ကို ပြန်ဖတ်မိတယ်။ အခုတခေါက်တော့ Exercise တွေကို copy မကူးပဲနဲ့ code တွေ အကုန် အစအဆုံး ပြန်ရိုက်ဖြစ်တယ်။ အဲလို ရိုက်ရင်း နဲ့ ဘာကြောင့် ဒီလို ရေးရတာလဲ ဆိုတာကို သဘောပေါက်လာတယ်။ အခုနောက်ပိုင်း အသစ်တွေကို လေ့လာတဲ့ အခါမှာ ချမရေးဖြစ်တာ ကြာပြီ။ အပေါ်ယံလေးပဲ ကြည့်ပြီး ဒါကို ဒီလို ရေးထားတာပါလား ဆိုတဲ့ သဘောလောက်ပဲ ဖတ်ဖြစ်တော့တယ်။ ကျွန်တော်တို့ UCSY တက်တုန်းက အခုခေတ်လို iPad တွေ မရှိသလို Ebook Reader တွေ Tablet တွေ လည်း မရှိဘူး။ Internet ကလည်း မရှိတော့ Ebook တွေလည်း…
-
ဒီနေ့ ထွက်တဲ့ iOS 6.1 beta 5 မှာတော့ မြန်မာစာပါရင် iOS လေးသွားတဲ့ ပြဿနာကို ပြင်ထားပြီးသား ဖြစ်နေတာကို တွေ့ရပါတယ်။ UIWebView , UITableView နဲ့ စမ်းကြည့်တာ အားလုံး အဆင်ပြေပါတယ်။ email တွေမှာ မြန်မာစာ ပါရင် iOS 6 မှာလို လေးသွားတာ မရှိတော့ပါဘူး။ Facebook App မှာလည်း မြန်မာစာ ပါရင် ဖွင့်မရတာ မရှိတော့ပါဘူး။ iOS 6.1 beta 5 လို့ဆိုပေမယ့် code name က တော့ final ပါ။ iOS 6.1 ကို apple က မကြာခင်မှာ public…
