saturngod

  • ဒီနေ့ Android လေး စမ်းလုပ်ကြည့်မယ်ဆိုပြီး Android SDK တွေသွင်းပြီးတော့ Tutorial တွေ ဖတ်ကြည့်လိုက်တော့။ ဖတ်လည်း ဖတ်ကြည့်လိုက်ကော တော်တော်လန့်သွားတယ်။ လက်ရှိ iOS မှာ စဉ်းစားထားတဲ့ Logic တွေနဲ့ မတူတော့ မနည်းပြန်ဖတ်ရတယ်။ Java ဖြစ်တာကြောင့် သိပ်ခက်ခဲလှတယ် မဟုတ်ပေမယ့် လူကတော့ ကြောက်လန့်သွားတာ အမှန်ပါ။ မှတ်မှတ်ရရ Python ကို စဖတ်ခဲ့တဲ့ အချိန်ကို သွားသတိရမိတယ်။ ကိုစိုးမင်း Python နဲ့ script တွေရေးပေး converter တွေ ရေးပေးတုန်းက အရမ်းသဘောကျခဲ့တာ။ Python ရဲ့ Speed က ကျွန်တော် PHP run တာထက် အများကြီးတာတယ်။ code တွေကလည်း တိုတိုလေးတွေ။…

  • Ava framework ကို ကိုယ့်ဘာသာကိုယ်သုံးရင်းနဲ့ လိုအပ်တာတွေကို ဖြည့်လာတာ version 1.1 တောင် ရောက်လာပါပြီ။ version 1.1 မှာ ဘာတွေ အသစ်ထပ်ဖြည့်ထားလဲဆိုတော့ – bugs fixed plugin load more than one – change Load Model only need first character is lowercase (eg: support userRouting now) – re-add Model in model class (e.g: userRouting.php , class name is userRoutingModel) – re-add Controller in controller…

  • ရန်ကုန်မြို့ပေါ် ရောက်ရောက်ခြင်း ကြုံတွေ့ရတာကတော့ ရန်ကုန်လေယာဉ်ကွင်းကြီးပဲ။ ဘာမှ ထွေထွေထူးထူး ပြောင်းလဲ မှုမရှိတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ ။ ရန်ကုန်လေဆိပ်ကို တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျတယ်။ အရမ်းရှင်းတယ်။ လမ်းက ဒီတစ်လမ်းပဲ ရှိတယ်။ ချန်ဂီ လေယာဉ်ကွင်းတို့ သုဝဏ္ဍဘူမိ လေယာဉ်ကွင်းတို့လို့ တစ်နေရာသွားဖို့ ဟိုဟာဖတ်ရ ဒီဟာ ဖတ်ရတာတွေ တစ်ခုမှ မရှိဘူး။ ဝင်လည်း ဒီလမ်းကြောင်းပဲ။ ပြန်ထွက်တော့လည်း ဒီလမ်းကြောင်းပဲ။ ထွေထွေထူးထူး ကြည့်နေစရာမရှိဘူး။ custom မှာလည်း အေးအေးဆေးဆေးပဲ။ အရင်ကနဲ့တောင် မတူတော့ဘူး။ ကိုယ့်နိုင်ငံကို ကိုယ် သက်တောင့်သက်တာ ပြန်လို့ရလာတာ ဝမ်းသာစရာပဲ။ အရင်တုန်းကတော့ အိပ်တွေကို ဖွင့်ဖွင့်စစ်လို့ ဖွင့်ရ ပိတ်ရ လုပ်ရတာ တော်တော်…

  • MVC ဆိုတာ Model View Controller ဆိုတာ လူတိုင်း သိနေလောက်ပါပြီ။ သို့ပေမယ့် တော်တော်များများက MVC နဲ့ framework ဆက်စပ်နေတယ်လို့ ထင်ကြပါတယ်။ CodeIgniter က MVC သုံးထားတယ်။ Symfony လည်း MVC သုံးထားတာပဲ။ CakePHP လည်း MVC ပဲ။ ဒါပေမယ့် သုံးပုံ သုံးနည်း မတူကြဘူး။ MVC ဆိုတာ တကယ်တန်းတော့ framework နဲ့ သက်ဆိုင်တာ မဟုတ်တဲ့ architectural pattern တစ်ခုပါ။ အခုတလော ExpressJs ကို သုံးပြီး Mongodb နဲ့ ရေးနေရင်းနဲ့ MVC pattern အကြောင်း သဘောပေါက်လာတယ်။ ပုံမှန် သမာရိုးကျ Web…

  • အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…

  • Steve Jobs စာအုပ်ကို Nook STR နဲ့ ဖတ်ဖြစ်တယ်။ Nook STR က စာဖတ်လို့ တော်တော်ကောင်းတာတော့ အမှန်ပဲ။ စာအုပ်တစ်အုပ်လုံး ခြုံကြည့်ရင်တော့ စာအုပ်ကောင်း တစ်အုပ်ပါ။ တစ်ချို့ အချက်လေးတွေ သဘောမကျစရာ ပါတယ်။ နည်းပညာနဲ့ ပတ်သက်ပြီး သေချာမပါဝင်ပေမယ့် Steve Jobs အကြောင်းကိုတော့ ပြည့်ပြည့်စုံစုံ ပါဝင် ပါတယ်။ စာအုပ်ထဲမှာကတော့ Steve Jobs စမွေးတဲ့ အကြောင်းကနေ ကင်ဆာဖြစ်ပြီး အနားယူလိုက်တဲ့ အထိ ပါဝင်ပါတယ်။ ငယ်စဉ် ဘဝအကြောင်းကို ဖတ်မိရင်တော့ Pirate Of the Silicon Vally မှာ Steve Jobs က ဘာကြောင့် ဒီလောက် ဆိုးရသလဲဆိုတာကို နားလည်လို့…

  • အပိုင်း ၁ Brian Frank လက်ရှိ အခြေအနေ : Mobile Partnership Product Manager at Twitter. “working with OEMs, Operators & Platform providers to build high-quality Twitter experiences.”

  • Posterous ကို twitter ((http://blog.twitter.com/2012/03/welcoming-posterous-team-to-flock.html)) ဝယ်လိုက်တယ်ဆိုတဲ့ သတင်းကြားတော့ တော်တော်လေးကို အံဩသွားတယ်။ twitter အနေနဲ့ posterous blog ကို ဝယ်ဖို့ အကြောင်းက သိပ်မရှိလှဘူး။ micro blog ကို ဝယ်ချင်တာဆိုရင် posterous ထက်စာရင် tumblr ကို ပိုပြီး ဝယ်သင့်တယ်လို့တောင် ထင်မိတယ်။ ဒါနဲ့ internet မှာ ရှာဖတ်ကြည့်လိုက်တော့မှပဲ posterous blog site ထက် posterous team ကို လိုချင်လို့ ဝယ်လိုက်တာလို့ ဆိုရပါလိမ့်မယ်။ posterous team မှာ တကယ့်ကို တော်တဲ့ လူတွေ အများကြီးရှိပါတယ်။ small group ဆိုပေမယ့် သူတို့ရဲ့ history တွေ ဖတ်ကြည့်လိုက်တော့…