saturngod
-
ဇော်ဂျီ iOS font ကို Uninstall ဘယ်လို ပြန်ချရမလဲ ? နောက်ဆုံး Zawygi iOS 4.3 Font package မှာ uninstall script ထည့်သွင်းထားပါတယ်။ Cydia ကနေ Uninstall ချလိုက်လို့ရပါတယ်။ Restart Spring Board လုပ်လိုက်တဲ့ အခါမှာ cydia မှာ loading တက်နေပါတယ်။ ခဏနေရင် black screen မှာ circle loading နဲ့ ဖြစ်နေပါမယ်။ အဲဒီ အခါ Power + Home Screen ကို ဖိထားလိုက်ပါ။ Shutdown ကျသွားပါမယ်။ ပြီးရင် Power ပြန်ဖွင့်ကြည့်ပါ။ iOS ပြန်တက်လာပြီး ဇော်ဂျီ…
-
အခုတလော စိတ်ခံစားချက်တွေ တော်တော်လေးများနေတာနဲ့ စာမရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ ၂ ပတ် ကျော်ကျော်လောက်က facebook မှာ Pirate ကိစ္စတွေ တော်တော်ဆွေးနွေးဖြစ်တယ်။ မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App ကို pirate လုပ်တာနဲ့ ပတ်သက်ပြီးတော့ပေါ့။ မြန်မာတွေ အတွက် App မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App လို့ဆိုလိုက်တာနဲ့ ဈေးကွက် ဘယ်လောက်ကြီးသလဲဆိုတာကို ခန့်မှန်းနိုင်မှာပါ။ ဟုတ်ပါတယ်။ မြန်မာနိင်ငံ တစ်နိုင်ငံလုံး မပြောနဲ့ ပြည်တွင်းက မြို့ကြီးတွေလောက်ပဲ ဈေးကွက်ရှိတာပါ။ ဈေးကွက် များများစားစား မရှိပါဘူး။ နောက်တချက်က App store ပေါ်မှာ တင်ရောင်းတဲ့ Myanmar App တွေပေါ့။ သူကတော့ ဈေးကွက်က နိုင်ငံတကာက မြန်မာတွေ အဓိက…
-
၂၈ ရက်နေ့ က android လုပ်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ လမ်းသွားရင်း iBook နဲ့ android စာအုပ်ကို ဖတ်ဖြစ်တယ်။ ဒီနေ့ ညနေ လောက်မှ စရေးကြည့်လိုက်တာ သိပ်တော့ မခက်သလို သိပ်လည်း မလွယ်လှဘူး။ Alpha 1 အဆင့်တော့ ပြီးသွားပြီ။ Offline ရှာလို့ရတယ်။ တခြား ဘာဆို ဘာမှ မပါသေးဘူး။ လက်ရှိ Ornagai Search Method ကိုပဲ အသုံးပြု ထားတာ ရှိတယ်။ နောက်ပိုင်းမှာ iOS က ornagai နဲ့ တူအောင် လုပ်ကြည့်ပါအုံးမယ်။ APK ကိုတော့ https://github.com/saturngod/ornagai-V2/ornagai.apk/qr_code မှာ ယူနိုင်ပါတယ်။ Version 1 မှ ပဲ…
-
မနက်က မိုးစက် Zawgyi Keyboard fixed လုပ်ပြီးသွားပြီဆိုလို့ cydia.macforus.com ကို clean လုပ်ပြီး တင်လိုက်ပါတယ်။ အရင်ဆုံး Cydia > Changes > Refresh လုပ်ပြီး Upgrade လုပ်လို့ရတဲ့ Package အားလုံးကို upgrade အရင်လုပ်ထားပါ။ ပြီးရင် Cydia > Source > Edit > Add > http://cydia.macforus.com ကိုထည့်လိုက်ပါ။
-
ဒီနေ့ Android လေး စမ်းလုပ်ကြည့်မယ်ဆိုပြီး Android SDK တွေသွင်းပြီးတော့ Tutorial တွေ ဖတ်ကြည့်လိုက်တော့။ ဖတ်လည်း ဖတ်ကြည့်လိုက်ကော တော်တော်လန့်သွားတယ်။ လက်ရှိ iOS မှာ စဉ်းစားထားတဲ့ Logic တွေနဲ့ မတူတော့ မနည်းပြန်ဖတ်ရတယ်။ Java ဖြစ်တာကြောင့် သိပ်ခက်ခဲလှတယ် မဟုတ်ပေမယ့် လူကတော့ ကြောက်လန့်သွားတာ အမှန်ပါ။ မှတ်မှတ်ရရ Python ကို စဖတ်ခဲ့တဲ့ အချိန်ကို သွားသတိရမိတယ်။ ကိုစိုးမင်း Python နဲ့ script တွေရေးပေး converter တွေ ရေးပေးတုန်းက အရမ်းသဘောကျခဲ့တာ။ Python ရဲ့ Speed က ကျွန်တော် PHP run တာထက် အများကြီးတာတယ်။ code တွေကလည်း တိုတိုလေးတွေ။…
-
Ava framework ကို ကိုယ့်ဘာသာကိုယ်သုံးရင်းနဲ့ လိုအပ်တာတွေကို ဖြည့်လာတာ version 1.1 တောင် ရောက်လာပါပြီ။ version 1.1 မှာ ဘာတွေ အသစ်ထပ်ဖြည့်ထားလဲဆိုတော့ – bugs fixed plugin load more than one – change Load Model only need first character is lowercase (eg: support userRouting now) – re-add Model in model class (e.g: userRouting.php , class name is userRoutingModel) – re-add Controller in controller…
-
ရန်ကုန်မြို့ပေါ် ရောက်ရောက်ခြင်း ကြုံတွေ့ရတာကတော့ ရန်ကုန်လေယာဉ်ကွင်းကြီးပဲ။ ဘာမှ ထွေထွေထူးထူး ပြောင်းလဲ မှုမရှိတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ပါပဲ ။ ရန်ကုန်လေဆိပ်ကို တခြားသူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို သဘောကျတယ်။ အရမ်းရှင်းတယ်။ လမ်းက ဒီတစ်လမ်းပဲ ရှိတယ်။ ချန်ဂီ လေယာဉ်ကွင်းတို့ သုဝဏ္ဍဘူမိ လေယာဉ်ကွင်းတို့လို့ တစ်နေရာသွားဖို့ ဟိုဟာဖတ်ရ ဒီဟာ ဖတ်ရတာတွေ တစ်ခုမှ မရှိဘူး။ ဝင်လည်း ဒီလမ်းကြောင်းပဲ။ ပြန်ထွက်တော့လည်း ဒီလမ်းကြောင်းပဲ။ ထွေထွေထူးထူး ကြည့်နေစရာမရှိဘူး။ custom မှာလည်း အေးအေးဆေးဆေးပဲ။ အရင်ကနဲ့တောင် မတူတော့ဘူး။ ကိုယ့်နိုင်ငံကို ကိုယ် သက်တောင့်သက်တာ ပြန်လို့ရလာတာ ဝမ်းသာစရာပဲ။ အရင်တုန်းကတော့ အိပ်တွေကို ဖွင့်ဖွင့်စစ်လို့ ဖွင့်ရ ပိတ်ရ လုပ်ရတာ တော်တော်…
-
MVC ဆိုတာ Model View Controller ဆိုတာ လူတိုင်း သိနေလောက်ပါပြီ။ သို့ပေမယ့် တော်တော်များများက MVC နဲ့ framework ဆက်စပ်နေတယ်လို့ ထင်ကြပါတယ်။ CodeIgniter က MVC သုံးထားတယ်။ Symfony လည်း MVC သုံးထားတာပဲ။ CakePHP လည်း MVC ပဲ။ ဒါပေမယ့် သုံးပုံ သုံးနည်း မတူကြဘူး။ MVC ဆိုတာ တကယ်တန်းတော့ framework နဲ့ သက်ဆိုင်တာ မဟုတ်တဲ့ architectural pattern တစ်ခုပါ။ အခုတလော ExpressJs ကို သုံးပြီး Mongodb နဲ့ ရေးနေရင်းနဲ့ MVC pattern အကြောင်း သဘောပေါက်လာတယ်။ ပုံမှန် သမာရိုးကျ Web…
