saturngod
-
ကျွန်တော် PHP နဲ့ REST API အကြောင်းကို တစ်ခေါက်ရေးဖူးပါတယ်။ အဲဒီမှာ CodeIgniter ပြဿနာကို ရေးခဲ့ဖူးပါတယ်။ Slim Framework အကြောင်းကိုလည်း ပြောခဲ့ပါတယ်။ သို့ပေမယ့် Slim Framework ပြဿနာက ကျွန်တော်တို့ routing ပတ်လမ်းကြောင်းတွေ အများကြီး ရေးနေရမှာပဲ။ file တွေ အများကြီးကို ခေါ်ပြီးတော့ run ရမှာဖြစ်တဲ့အတွက်ကြောင့် သဘောမကျလှဘူး။ ဒါနဲ့ CodeIgniter routing နဲ့ Sinatrarb routing ပေါင်းပြီးတော့ Ava framework မှာ ထည့်သွင်းလိုက်ပါတယ်။ ကျွန်တော်တို့ Rest API တစ်ခုကို ရေးကြည့်ရအောင်။ Example အနေနဲ့ blog API တစ်ခု တည်ဆောက်ပါမယ်။ GET ,…
-
OrnagaiMe iOS app ကို blog ရေးတာ ၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ Promo Code ၁၀ ခု ပေးပါမယ်။ iPhone , iPodTouch , iPad ရှိတဲ့သူများ အောက်မှာ comment လေးပေးထားခဲ့ရင် ရပါပြီ။ နောက်အပတ် စနေနေ့မှာ မဲနှိုက်ပြီးတော့ ကြေငြာပေးပါ့မယ်။ * facebook comment တွင် မထည့်ခဲ့ပါနှင့်။ Blog comment တွင်သာ နာမည် , email တို့ကို ရေးခဲ့ပါ။
-
ဒီနေ့ ရုံးမှာ လက်ရှိလုပ်နေတဲ့ project တစ်ခုအတွက် server ပိုင်း infrastructure တွေကို လိုက်ဖတ်ဖြစ်တယ်။ အဓိက ဖတ်ဖြစ်တဲ့ infrastructure တွေက facebook, foursquare , instagran , digg စတဲ့ လူသုံးများတဲ့ website တွေပါပဲ။ Facebook လက်ရှိ facebook ကို XHP နဲ့ ရေးပြီးတော့ Hip Hop PHP နဲ့ run ထားပါတယ်။ website ကိုတော့ javascript တွေပဲ သုံးထားတယ်။ C , C++ , Java တွေကို back end မှာ သုံးထားတယ်။ နောက်ပြီးတော့ boost ကိုလည်း…
-
ဒီနေ့ မြန်မာ နဲ့ ဗီယက်နမ် ပွဲကို မကြည့်ဖြစ်လိုက်ဘူး။ မကြည့်ဖြစ်ဘူးဆိုတာကလည်း ရုံးချိန် ဖြစ်နေလို့ ဆိုရမယ်။ မလေး နဲ့ ပွဲတိုင်းက အိမ်ရောက်ရောက်ခြင်း ဖွင့်ကြည့်ပြီး အားပေးလိုက်ပေမယ့် ရှုံးသွားခဲ့တယ်။ ဒီနေ့တော့ ရုံးချိန်မှာဆိုတော့ online ကနေ status လေး ကြည့်နေရုံပဲ။ Facebook မှာ မြန်မာ ဂိုးစသွင်းပြီးဆိုတော့ ဝမ်းသာသွားမိတာ အမှန်ပဲ။ တစ်ချိန်တစ်ခါတုန်းက မြန်မာ အသင်းပေါ် မကျေမနပ်ဖြစ်တဲ့ စိတ်တွေ ပျောက်သွားတယ်။ ပြောလည်း ခံရမှာပဲလေ။ ဘယ်လောက်ရုံးရုံး အမြဲတန်း အားပေးနေမိတာပဲ။ မှတ်မိသေးတယ်။ ငယ်ငယ်တန်းက ဗီယက်နမ် နဲ့ ပွဲမှာ အောင်ကျော်ကျော် ထုတ်ခံလိုက်ရတော့ မကျေမနပ်တွေ ဖြစ်လိုက်ရဖြစ်ခြင်း။ အဲတုန်းက ကျွန်တော် ကလေးပဲ ရှိအုံးမယ် ထင်ပါ့။…
-
iOS developer တွေ အနေနဲ့ အသုံးဝင်တဲ့ resource အချို့တွေက Cocoa Control iOS မှာ အခြား သူတွေ အသုံးပြုထားတဲ့ control တွေကို လွယ်လင့် တကူ ရှာဖွေ အသုံးပြုနိုင်ပါတယ်။ တော်တော်များများကတော့ github မှာ share ထားပြီးထားသားပါ။ http://cocoacontrols.com က resource တွေ အားလုံးကို စုစည်းထားပေးတာပါ။ တော်တော်လေးကို အသုံးဝင်ပါတယ်။ ဥပမာ။။ twitter ipad version လိုမျိုး ဖန်တီးချင်တယ်ဆိုရင် လွယ်လင့်တကူ ရှာဖွေနိုင်ပါတယ်။ iOS Weekly iosdevweekly.com ကို iOS Developer တိုင်း subscribe လုပ်ထားသင့်ပါတယ်။ အပတ်စဉ် iOS devleopment နဲ့ ပတ်သက်ပြီး…
-
Testflight ကိုတော့ iOS developer တော်တော်များများ သိကြပါလိမ့်မယ်။ iOS app development လုပ်တဲ့ အခါမှာ daily build တွေကို testing လုပ်ဖို့အတွက် testflight က အရေးပါလှပါတယ်။ အရင်တုန်းကတော့ SDK မထုတ်သေးပေမယ့် လွန်ခဲ့တဲ့ လအနည်းက SDK ထုတ်ပေးခဲ့ပါတယ်။ SDK က ဘာတွေ လုပ်လို့ရသလဲဆိုရင်တော့ ၁။ Application ကို ဘယ်လောက်ကြာကြာသုံးသလဲဆိုတာကို သိနိုင်တယ်။် ၂။ NSLog နဲ့ ရေးထားတာတွေကို ပြန်ကြည့်လို့ရတယ်။ တနည်းပြောရင် ဘယ် line တွေက အလုပ်လုပ်သွားသလဲ မလုပ်သွားဘူးလဲဆိုတာကို သိနိုင်တယ်။ ၃။ App က Crash ဖြစ်သွားခဲ့ရင် crash report ကို…
-
အခုတလော ရုံးမှာ Restful API server ပိုင်းကို ရေးနေရတယ်။ အဲဒီမှာ CodeIgniter Routing Structure နဲ့ အဆင်မပြေတာကို တွေ့လာရတယ်။ Restful API တွေက Controller နဲ့ Model ပဲရှိတယ်။ view ဆိုတာက JSON သို့မဟုတ် XML return ပြန်တဲ့ page ပဲ ရှိတယ်။ အဲဒီတော့ API server ပိုင်းရေးတဲ့ အခါမှာ MVC pattern ဆိုတာက သိပ်အရေးပါတာမဟုတ်ဘူးဆိုတာကို သတိထားမိတယ်။ CodeIgniter ရဲ့ structure က http://www.domain.com/controller/action/parameter/parameter controller ကတော့ ရှင်းတယ်။ file တစ်ခု နဲ့ ရေးရလို့။ အဲလိုပဲ action…
-
RestKit ဆိုတာကတော့ Objective-C အတွက် framework တစ်ခုပါ။ အထိက RestFul API တွေအတွက် ဖန်တီးထားတဲ့ framework တစ်ခုပါ။ ပုံမှန် NSURLRequest နဲ့ အသုံးပြုတဲ့အခါမှာတော့ ရောက်လာတဲ့ JSON file ကို JSON framework ကနေ တဆင့် NSDictionary ပြောင်းရတယ်။ ရတဲ့ NSDictionary တွေက တစ်ခါတစ်လေမှာ Array ဖြစ်နေတာတွေလည်း ဖြစ်တတ်တယ်။ NSDictionary က data တွေကို objectForKey နဲ့ ပြန်ခေါ်ရတယ်။ ဥပမာ။။ ဆိုတဲ့ အထဲမှာ user က ထပ်ပြီးတော့ ပါနေပြန်တယ်။ အဲဒီလိုမျိုး ကိစ္စတွေမှာ NSURLRequest နဲ့ NSDictionary ကို သုံးရတာ…
