saturngod

  • javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။ https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။

  • မနေ့က Oct 28 ရက် စင်္ကာပူမှာ iphone စပြီး ရောင်းချပါတယ်။ M1 ကတော့ ၂၈ ရက်နေ့ မနက် ၁၂ နာရီ ( ၂၇ ရက်နေ့ ည ၁၂ နာရီ ) ကတည်းက စတင် ရောင်းချပါတယ်။ Signtel မှာတော့ ညကတည်းက တန်းစီတဲ့ သူတွေ အများအပြားပါပဲ။ ကျွန်တော်ကတော့ လိုင်းအသစ်ကို starhub ကပဲ လျှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက်ကြောင့် online pre order မရလို့ သွားတန်းစီးရပါတယ်။ မနက် ၉ နာရီ ကတည်းက Clementi Mall မှာ စပြီး တန်းစီပါကော။ ၁၀ နာရီမှာ ဆိုင်ဖွင့်ပြီးတော့ ၁၂…

  • အရင်က အသုံးပြုနေတဲ့ http://www.solvewaresolution.net/ က javascript converter က free မဟုတ်တော့သလို သူများတွေကိုလည်း ဖြန့်ဝေပေးခွင့် မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် ပြန်ရေးမယ်ဆိုပြီး ရေးဖို့ စဉ်းစားထားတာ တော်တော်ကြာပြီ။ ဘယ်ကနေ စရေးရမှန်း မသိတော့ wiki မှာ ပြထားတဲ့ zawgyi နဲ့ unicode code point တွေကို ကြည့်ပြီး ပြန်ရေးဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ရေးဖို့ စဉ်းစားထားတာ ဖြစ်တဲ့အတွက်ကြောင့် အရင်က javascript ကို အသုံးမပြုပဲ ပြောင်းချင်တာလေးတွေကို ကိုယ့် converter လေးနဲ့ ကိုယ့်ဘာသာ စမ်းပြောင်းလိုက် ပြင်လိုက် နဲနဲလေး ရေးလိုက်နဲ့ တော်တော်တောင် ကြာသွားပြီ။ သပ်သပ်ကြီး အချိန်ပေးမရေးတာကြောင့်လည်း ပါတာပေါ့။ အခုတော့ beta…

  • ဒီနေ့ ကိုသီ (Myanmar Tutorial) က ipad မှာ HTML website offline ရအောင် ဘယ်လိုလုပ်ရမလဲဆိုပြီး facebook မှာ မေးထားတာ တွေ့လိုက်တယ်။ ဒါနဲ့ အရင်ကတည်းက ကြားဖူးတဲ့ HTML5 offline လေးကို စမ်းကြည့်ဖြစ်တယ်။ တစ်ခါမှတော့ ipad မှာ မစမ်းဖူးဘူး။ HTML 5 မှာ Cache Manifest ပါလာပါတယ်။ Google Chrome , Safari , firefox , opera စတာတွေမှာ support လုပ်ပါတယ်။ HTML5 cache ကို support လုပ်ဖို့ .htaccess မှာ [code lang=”text”]AddType text/cache-manifest .manifest[/code]…

  • မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိန္ဒိယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။

  • ဒီနေ့ မနက်နိုးနိုးခြင်း စိတ်ကူးပေါက်တာနဲ့ twitter ကို စစ်ကြည့်လိုက်တယ်။ နိုးနိုးခြင်းမှာ မြင်လိုက်ရတဲ့ message ကို မယုံနိုင်လိုက်ဘူး။ Hoax news ထင်ပြီး google မှာ ချက်ခြင်းကို ရှာကြည့်လိုက်တယ်။ လက်မခံနိုင်လောက်အောင်ကို သတင်းက အမှန်ဖြစ်နေတယ်။ CNN မှာလည်း ဖော်ပြထားတယ်ဆိုတော့ ပြောစရာ စကားလုံးတောင် မရှိတော့ဘူး။ Twitter တစ်ခုလုံးလည်း Steve Jobs အကြောင်းတွေပဲ။ facebook မှာလည်း Steve Jobs အကြောင်းတွေပဲ။ သတင်းသေချာသွားပြီ ဆိုတာကို သိလိုက်တုန်းက ကိုယ့်ဆွေမျိုးတစ်ယောက် ဆုံးရှုံးသွားသလို။ ကိုယ်နဲ့ နှစ်ပေါင်းများစွာ အတူတူ တွဲလုပ်ခဲ့တဲ့ လူတစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ ဘာ သွေးသားမှ မတော်စပ်တဲ့ ကျွန်တော်တောင် နာကျင် ကြေကွဲရရင်…

  • Programming ကိုလေ့လာချင်တယ်။ Programming ဆိုတာ ဘာလဲ။ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ ဒါပေမယ့် လေ့လာကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် CodeAcedamy က ဖန်တီးပေးထားပါတယ်။ javascript ကို လေ့လာချင်တဲ့ သူတွေအတွက်ကတော့ တော်တော် အဆင်ပြေပါတယ်။ အခု အချိန်မှာတော့ Course က ၂ ခု ပဲ ရှိပါသေးတယ်။ သို့ပေမယ့် contribute လုပ်ထားတဲ့ course တွေကတော့ တော်တော်များများရှိပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို တင်မထားသေးပါဘူး။

  • သောကြာနေ့က ရုံးမှာ လေ့လာချင်တာ လေ့လာလို့ရအောင် နေ့တဝက် အချိန်ပေးပါတယ်။ ဒါနဲ့ စမ်းချင်နေတဲ့ node.js က socket.io နဲ့ iphone ကို စမ်းပြီး ချိတ်ကြည့်လိုက်တယ်။ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတယ်။ လိုချင်တဲ့ library က ရတယ်။ သို့ပေမယ့် socket.io 0.7 နောက်မှာ သုံးမရတာနဲ့ ပြန်ပြင်ထားတဲ့ library ကို သုံးရတယ်။ အဲဒီ library က https://github.com/pkyeck/socket.IO-objc ပါ။ သူက socketio-cocoa https://github.com/fpotter/socketio-cocoa ကို အခြေခံထားတယ်။ socketio-cocoa က 0.7 နောက်ပိုင်းမှာ မရတော့လို့။ နောက်ပြီး အခြား library တွေ ထပ်ဖြည့်ပေးရတယ်။ ထပ်ဖြည့်ပေးရတဲ့ library တွေက https://github.com/erichocean/cocoa-websocket…