saturngod

  • I’m still working on ipad keyboard. It’s working fine by manual install but can’t install from deb package. It look like permission error. I’m finding solution and I will upload when I can fix.

  • အခုပဲ zawgyi iOS 4.3 package ကို update လုပ်လိုက်ပါပြီ။ Source မှာ cydia.macforus.com ကို ထည့်ပါ။ ပြီးရင် cydia.macforus.com ကို ရွေးလိုက်ရင် အောက်ကလို မြင်ရပါမယ်။

  • လက်ရှိ iPhone/iPod Touch တွေမှာ unicode ပဲ အသုံးပြုချင်ပေမယ့် keyboard မရှိသေးတဲ့ ပြဿနာကို keymagic က ဖြေရှင်းပြီးပါပြီ။ cydia.macforus.com မှာ keymagic ကို ထည့်ထားပါတယ်။ Unicode မှ Unicode ဆိုတဲ့ iphone/ipodtouch သမားတွေအနေနဲ့ အောက်က link မှာ သွားရောက် ဖတ်နိုင်ပါတယ်။ http://ttkz.me/blog/2011/06/29/keymagic-for-ios/

  • Information Technology

    IT , IT ဆိုပြီး ခေတ်စားလာသလို IT သမားတွေပေါ်လာသလို IT ကို လေ့လာနေတယ်ဆိုတဲ့ စကားလုံးတွေလည်း တချိန်တခါတုန်းက သွင်သွင်ကြီး သုံးခဲ့ကြတာ မှတ်မိသေးပါရဲ့။ IT ဆိုတာက ဘာလဲလို့ဆိုရင် Information Technology ပါပဲ။ အရင်တုန်းက IT နဲ့ programming ဘာဆိုင်လို့လဲ။ web development နဲ့ IT နဲ့ ဘာဆိုင်လို့လဲ။ IT လို့ ပြောပြီး programming တွေ လေ့လာ web site ဆွဲတာတွေကို လေ့လာ။ နောက်ပြီးတော့ ဘာလို့ IT ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ခဲ့တာလဲဆိုတာကို လုံးလုံးကြီးကို မသိခဲ့တာ အမှန်ပါ။ အခုအချိန်မှာ လုပ်ငန်း အတွေ့အကြုံရှိလာတော့မှပဲ IT ဆိုတဲ့…

  • Version 0.4.9 မှာတော့ ထူးထူးခြားခြား ပြောင်းလဲသွားတာ မပါပါဘူး။ အကုန်လုံးနီးပါးက bug fixed တွေ လုပ်ထားတာ များပါတယ်။ အသစ်ဆိုလို့ Upgrade V8 to 3.1.8.25, upgrade http-parser. ပဲပါတယ်။ နောက်ထပ် သတင်း တစ်ခုက Node.js version 1.0 မှာ windows အတွက်ပါ ရပါလိမ့်မယ်လို့ ဆိုပါတယ်။ အဲဒီအတွက် Microsoft က ကူညီနေပါတယ်။ Microsoft က သူ့ရဲ့ Windows Azure မှာ node.js run လို့ ရအောင် ဖန်တီးမယ့် ပုံပေါ်ပါတယ်။ ဘာပဲပြောပြော Windows သမားတွေအတွက် သတင်းကောင်းပါ။ သို့ပေမယ့် Driver တွေကတော့ ပြဿနာတွေ…

  • အခုတလော စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း အကျိုးမရှိတဲ့ အရာတွေပါပဲလေ လို့ စဉ်းစားမိပြီး မရေးဖြစ်တော့ဘူး။ အရင်တုန်းကလို စိတ်ထဲရှိတာကို မပေါက်ကွဲတတ်တော့ဘူး။ ပြဿနာ ကြုံတိုင်း စိတ်ပျက်နေမယ့် အစား ပေါက်ကွဲထွက်မယ့် အစား ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်လာတယ်။ အလုပ်ကို ပိုလုပ်တတ်လာတယ်။ Project Manager နဲ့လည်း အဆင်ပြေလာ သလို project တွေလည်း အချိန်ကိုက် ပြီးလာတယ်။ ရင်ထဲမှာ ရေးချင်တာတွေ ရှိတယ်။ သို့ပေမယ့် ရေးချလိုက်ရင် ဘာ အကျိုးထူးမှာလဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ့်အတွက်လည်း အကျိုးမထူး ဖတ်တဲ့သူအတွက်လည်း ဘာမှ ရေရေရာရာ မဟုတ်ဘူးလို့ ထင်တာနဲ့ တစ်ညလောက် အိပ်ပြီး မနက်ရောက်မှ ရေးချင်ရင် ရေးတော့မယ်ဆိုပြီး နေခဲ့တဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက်…

  • ကျွန်တော်တို့ ရုံးက ဆွဲထားတဲ့ NewtonApples ဆိုတဲ့ Game ကို Free ပေးလိုက်ပါပြီ။ ဘယ်တော့ အထိ Free ပေးမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အခုတော့ iPad version ကို စရေးနေပါပြီ။ Free ရတုန်း download ချပြီး itunes မှာ တချက်လောက် rate လေး ပေးပေးပါ။ ဘာတွေ လိုအပ်လဲ။ ဘာတွေကို မကြိုက်ဘူးလဲဆိုတာကို itunes မှာပဲ comment ပေးခဲ့ပေးပါဗျာ။ http://itunes.apple.com/us/app/newtonapples/id417698312?mt=8