saturngod

  • ဒီစာအုပ်ကို ရေးတာ ဘယ်လောက် ကြာလို့ ကြာသွားမှန်းတောင် မသိတော့ဘူး။ သေချာတာကတော့ ၁ နှစ်ကျော်သွားပြီဆိုတာပဲ။ ၁ နှစ်အတွင်းမှာ အားတဲ့ အချိန်တွေမှာ တဖြည်းဖြည်းခြင်းရေးခဲ့တာ အခုတော့ ပြီးသွားပါပြီ။ ကျွန်တော် ရေးတဲ့အချိန်တုန်းက CSS 3 က ပေါ်ကစဖြစ်ပြီး browser အားလုံး support မလုပ်သေးပါဘူး။ ဒါကြောင့် အခု CSS စာအုပ်မှာ CSS 3 အကြောင်းမပါလာခဲ့ပါဘူး။ စာလုံးပေါင်းမှားနေတာ ရေးထားတာမှားနေတာတွေကို ဝေဖန်ထောက်ပြနိုင်ပါတယ်ဗျာ။ Download

  • Lion that made me cry

    Lion ကို ထူးမြင့်နောင် သွင်းပြီးတော့ facebook မှာ တင်ထားတဲ့ ပုံတွေပါ။ font ၂ မျိုးပါပါတယ်။ Myanmar MN နဲ့ Myanmar Sangam MN ပါ။ font ကတော့ Unicode 5.0 ဖြစ်နေတော့ လက်ရှိ စာလုံးတွေကို ကောင်းကောင်းမြင်ရမှာမဟုတ်ဘူး။ မယ့် ဆိုရင် –် နဲ့ –့ က နေရာလွဲပြီး တွေ့နေရမယ်။ font ရေးဆွဲပေးထားတဲ့ company ကတော့ Copyright (c) 2010 by Murasu Systems Sdn. Bhd. Malaysia. All rights reserved. နောက်ပြီးတော့ default keyboard ပါပါတယ်။ သို့ပေမယ့်…

  • Twenty new font families for document and web display of text provide support for the most common languages in the Indian subcontinent, including Bengali, Kannada, Malayalam, Oriya, Sinhala, and Telugu. Devanagari, Gujarati, Gurmukhi, Urdu, and Tamil have been expanded. And three new font families support Lao, Khmer, and Myanmar.

  • Mongodb နဲ့ Node.js ကို ပေါင်းပြီး todo list လေး တစ်ခုဆောက်တဲ့ tutorial လေး စရေးနေပါတယ်။ ၁ ပတ်လောက်တော့ ကြာမယ်ထင်တယ်။ http://blog.mysteryzillion.org/article/making-todolist-with-node-js-and-mongo-part-i/ http://blog.mysteryzillion.org/article/making-todolist-with-node-js-and-mongo-part-ii/

  • Redis

    Redis ဆိုတာကတော့ NoSQL Database နောက်တစ်ခုပါပဲ။ သူက Key Value storage ကို အသုံးပြုပါတယ်။ ကျွန်တော် How did I learn ? မှာ ရေးခဲ့သလို NoSQL နဲ့ PHP မဟုတ်တဲ့ အခြား language တစ်ခုကို လေ့လာချင်တာကြောင့် project တစ်ခု ဖန်တီးထားလိုက်တယ်။ Language ကိုတော့ Node နဲ့ သုံးမယ်။ Database ကို ဘာသုံးမလဲ စဉ်းစားတဲ့ အခါမှာ Mogodb နဲ့ Redis ကို သွား တွေ့တယ်။ Mongodb အကြောင်းကိုတော့ ကျွန်တော် ဒီမှာ ရေးဘူးပါတယ်။ နောက်ပြီးတော့ Cassandra ကို လည်း…

  • တစ်ခါတစ်လေတော့လည်း ၉ တန်း ၁၀ တန်းမှာ သင်္ချာ စိတ်ပါဝင်စား လုပ်ခဲ့တာ တော်တော်အကျိုးရှိပါလားလို့ တွေးမိတယ်။ အခုနောက်ပိုင်း iOS တွေ ရေးရတော့ Game ပိုင်းမှာကော UI Development အပိုင်းမှာပါ သင်္ချာက အသုံးဝင်လာတယ်။ Law of cosines ကို မေ့သွားလို့ wiki က Triangle မှာ သွားဖတ်ရသေးတယ်။ အနား ၃ နား သိရင်တော့ တြိဂံရဲ့ ထောင့် ၃ ထောင့်ကို သိရမှာပေါ့ လို့ ဆိုပေမယ့် ဘယ်လို တွက်ရမှန်း မသိတော့ဘူး။ wiki မှာ ဖတ်လိုက်တော့ အော် … Law of cosines ပါလား ဆိုပြီး…

  • လွန်ခဲ့တဲ့ ၂ ပတ်လောက်က Django အကြောင်းရေးဖြစ်ခဲ့သလို စာအုပ်လည်း ဖတ်ဖြစ်ခဲ့တယ်။ စာအုပ် ဖတ်တာကတော့ ထွေထွေထူးထူးရယ်တော့ မဟုတ်ပါဘူး။ iPad ထဲထည့် ရုံးသွားရုံးပြန်ဖတ်။ သောကြာနေ့ည ရောက်ရင် ပြန်စမ်းကြည့်။ တစ်ခါတစ်လေ ရုံးက စောရောက်ရင်တော့ လမ်းမှာ ဖတ်ထားတာ ပြန်စမ်းကြည့်ပေါ့။ စာအုပ် တစ်အုပ်လုံး ဖတ်တာက ၁ ပတ် လောက်ပဲ ကြာတယ်။ Django ကို မတတ်ပေမယ့် သိသွားတယ်။ Django ကို သိသွားပေမယ့် သဘောမကျဘူး။ ဘာလို့ သဘောမကျလည်းဆိုတော့ ကောင်းလွန်းလို့ပဲ။ အရမ်းပြည့်စုံလွန်းတယ်။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ သူ့ rule တွေကို လိုက်ရတော့တယ်။ သူ့မှာ ပါတဲ့ Ready Made တွေကို သိချင်လာတယ်။…

  • Kinect Unboxing

    ကိုယ်ပိုင် game console မရှိတာ PS 1 နောက်ပိုင်းကတည်းက လို့ ဆိုရမယ်။ PS 1 မတိုင်ခင်က Family console (Famicom) ကို စဆော့ဖူးခဲ့တာပဲ။ အဲတုန်းက light gun ပစ်ခဲ့တာကို မှတ်မိသေးတယ်။ light gun နဲ့ ဆော့တာကို ကြည့်ပြီး တအံတဩတွေ ဖြစ်ခဲ့ဘူးတယ်။ နောက်ပိုင်းမှာတော့ SNES ဆော့ခဲ့တယ်။ အချိန် တော်တော်ကြာကြာ SNES ကို နှစ်နှစ်ခြိုက်ခြိုက် ဆော့ခဲ့တာ။ အကြိုက်ဆုံး Game ကတော့ Biker Mice From Mars ဆိုတဲ့ game ပဲ။ အမြဲတန်းလိုလို Modo ဆိုတဲ့ ကြွက် အညိုရောင်နဲ့ ဆော့တယ် ။…