saturngod

  • Aug 18 ထုတ်တဲ့ chromium မှာ မြန်မာစာ ပြဿနာ fix လုပ်ပေးပြီးသွားပြီ ဖြစ်လို့ Safari 5 ကနေ Chromium ကို ပြောင်းသုံးနေတယ်။ အရင်တုန်းက Chromium ကို သုံးရင်း extension အတွက် enable လုပ်ပေးရပေမယ့် အခု version မှာ မလိုတော့ဘူးလေ။ Extension တွေကို တိုက်ရိုက် သွင်းလို့ရတဲ့အတွက်ကြောင့် ပိုအဆင်ပြေပြီး သုံးဖြစ်နေတယ်။ ကျွန်တော်လက်ရှိ သုံးနေတဲ့ Extension တွေကတော့ Chrome SEO လက်ရှိ site မှာ Google Index လုပ်ထားတာ ဘယ်လောက်လဲ။ ဘယ် search engine တွေက ကိုယ့် sites ကို ဘယ်လောက် Index လုပ်ထားလဲ။ Back link တွေက ဘယ်လောက်ရှိလဲ။ Domain Detail…

  • Chaos Ring ကို ကစားပြီး မဆိုးဘူးလို့ ဆိုရမယ့် game ပဲ။ Planet vs Zombia ကတော့ ကျွန်တော့်အတွက် မကောင်းဘူးဗျ။ ကလေးတွေ မိန်းကလေးတွေ အကြိုက် game လိုမျိုးပဲ။ တနည်းပြောရင် စိတ်မရှည်ဘူး။ Chaos Ring ကတော့ ကျွန်တော်ကြိုက်တဲ့ Game ထဲမှာ ပါတယ်လို့ ဆိုလို့ရမယ်။ Review ကိုတော့ mmgamer မှာပဲ ရေးထားပါတယ်။

  • MZ 2.0 ကို ရေးတာ တော်တော်ကြာသွားပြီ။ Git repo မှာ စတင်တဲ့ နေ့က APRIL 13, 2010 က စတယ်။ အခုလပါ အပါအဝင် ၅ လ ကျော်သွားပြီလို့ ဆိုလို့ရမယ်။ တကယ်တန်းတော့ အချိန်ပြည့်ရေးရင် ၁ လ တည်းနဲ့ အကုန်ပြီးပါပြီ။ သိပ်အများကြီးမဟုတ်ဘူး။ အခုက အားတဲ့ အချိန်လေးတွေ မှာ ရေးရေးနေရလို့ အဲလောက်ထိ ကြာသွားတာ။ နောက်ပြီး ကိုယ်ပိုင် framework APIwork ကို သုံးလိုက်တာကြောင့် ကြာသွားတာလည်း ပါတယ်။ April လတုန်းက framework က စလုံးရေစပဲ။ အခုလောက် stable မဖြစ်သေးဘူး။ MZ 2.0 ကို ရေးရင်းနဲ့ လိုတာတွေ ဖြည့်ရင်း အခုတော့ တော်တော် stable ဖြစ်သွားပြီ။ MZ User site ကို…

  • Ornagai 1.4 ကို upgrade မလုပ်နဲ့အုံးဗျ။ ကျွန်တော် iPodTouch ကို jailbreak လုပ်လိုက်တာ မှားသွားတယ်ဗျာ။ မြန်မာ font embed ကို စမ်းမရပဲ simulator မှာ ပေါ်တာနဲ့ တင်လိုက်တာ။ အခု jailbreak မဟုတ်တဲ့  device တွေမှာ မပေါ်ဘူးဆိုလို့ ပြန်စမ်းကြည့်မှ error တွေ့တယ်။ sorry ဗျာ။ ဒီည Ornagai 1.4.1 ကို တင်ပေးပါ့မယ်။ အခုတော့ ကျွန်တော့် device ကို restore လုပ်ထားတယ်။ iPhone simulator က မယုံရတော့ဘူး =(

  • အခုတလော ရုံးမှာ framework ပြဿနာ တော်တော်လေး ရှုပ်သွားတယ်။ အဲဒီတော့ ကိုယ်ပိုင် framework တစ်ခု တည်ဆောက်ခြင်းရဲ့ ကောင်းခြင်း မကောင်းခြင်းတွေတော့ သဘောပေါက်သွားတာပေါ့။ framework တစ်ခု တည်ဆောက်တော့မယ်ဆိုရင် အခုနောက်ပိုင်းကတော့ MVC pattern နဲ့ ပဲ တည်ဆောက်ကြပါတယ်။ MVC Pattern အတွက် တစ်ယောက်နဲ့ တစ်ယောက် approve မတူကြဘူးဗျ။ ကျွန်တော်ကတော့ Symfony နဲ့ CI ပဲ သုံးဖူးတော့ သူတို့ ၂ ခု မတူညီတာကို သိတယ်။ ROR ကတော့ မေ့သွားပြီလို့ ဆိုလို့ရမယ်။ ROR ကို ခဏလောက်ပဲ လုပ်ဖူးတယ်။ နောက်ပိုင်း စာအုပ်က version နဲ့ ထွက်တဲ့ version မတူတာနဲ့ ရှေ့မဆက်ဖြစ်တော့တာ အခုထက်ထိပဲ။ အဲ… လွဲကုန်အုံးမယ်

  • Domain အကြောင်း မပြောခင် Network အကြောင်းလေး အရင် ပြောရအောင်။ Network တွေမှာ Computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါမှာ IP Address တွေ လိုအပ်ပါတယ်။ ဥပမာ။။ 192.168.0.1 လိုမျိုးပေါ့။ အဲဒီလို IP တွေရှိမှသာ computer တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လို့ရပြီး Data တွေ Transfer လုပ်လို့ရမှာပါ။ ဘာနဲ့ တူသလဲဆိုတော့ အိမ်လိပ်စာတို့ ဖုန်းနံပတ်တို့လိုပေါ့။ အိမ်လိပ်စာရှိမှပဲ စာတွေ ပို့လို့ရမယ်။ ပစ္စည်းပို့ထားတာတွေ လက်ခံလို့ရမယ်။ အဲလိုပဲ။ IP address နဲ့ Network ပေါ်မှာ Computer တွေ အလုပ်လုပ်ကြပါတယ်။

  • Ornagai iPhone app မှာ data တွေ update ထည့်ဖို့အတွက် app ကို ၁ လ ၁ ခါ update လုပ်နေရတယ်။ တကယ်လို့ bug fix လုပ်ထားတဲ့ app မဟုတ်ခဲ့ရင် Data အတွက် သီးသန့် Update လုပ်နေရမှာပေါ့။ နောက်ပြီး web ပေါ်မှာလို နောက်ဆုံး Data ကို ဘယ်လိုလုပ်ရနိုင်မလဲ။ အခုခေတ်ဟာ Cloud ခေတ်ကို ရောက်နေပြီ။ Ornagai app ဟာ ဘာလို့ Web ပေါ်ကနဲ့ sync လုပ်လို့မရမှာလဲ။

  • သောကြာနေ့ည က server စပြောင်းပါတယ်။ MZ ကို file တွေကြီးပဲ backup လုပ်လိုက်တာ 1GB ဖြစ်နေလို့ data တွေကို ပြန်စစ်ပြီး duplicate folder တွေကို ဖျက် မလိုအပ်တာတွေကို ဖျက်နေတာနဲ့ တော်တော်အချိန်ကြာသွားတယ်။ အခုထပ်ပြီး zip ပြန်လုပ်လိုက်တာ 510 MB ဖြစ်သွားတယ်။ အခုတော့ download ချဆဲ။ပြီးရင် upload တင်ရအုံးမယ်။ မနက်ဖြန်မှာ ပြီးအောင်တော့ ကြိုးစားဆဲပါ။ Dreamhost ကိုပဲပြောင်းဖြစ်သွားတယ်။ VE ထက်စာရင် dreamhost က ပိုကောင်းမယ်ထင်တာကြောင့်လည်း ပါတယ်။ လိုအပ်ရင် memory ထပ်တိုးလိုက်ရုံပဲလေ။ သိပ်လည်း များများစားစားမကုန်တော့ဘူးပေါ့။