saturngod
-
iReader မှာ မြန်မာလို မမြင်ရတဲ့အတွက် Zawgyi နဲ့ Myanmar 3 ကို font setting ထဲမှာ ထည့်ထားပေးတယ်။ Option ကနေ ပြောင်းလိုက်လို့ရတယ်။ iReader (Myanmar) Myanmar Unicode 5.1 နဲ့ ရေးထားတာတွေကို zawgyi 2009 ပြောင်းပေးတဲ့ extension ။ Zawgyi icon လေးကို နှိပ်လိုက်တာနဲ့ လက်ရှိ စာမျက်နှာကို convert လုပ်ပေးတယ်။ ကို စိုးမင်း ရေးထားတဲ့ Zawgyi 2009 bookmark ကိုပဲ chrome အတွက် ပြန်ပြင်ထားတာပါ။ Unicode to Zawgyi 2009
-
လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး… ရေးချလိုက်တဲ့ စာသားတွေဟာ… အသက်မဝင်ခဲ့ဘူး … ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့ စည်းချက်မှန်လျက်ပဲ… အခန်းကျဉ်းထဲလဲလှောင်းနေရင်း… လမသာတဲ့ ကောင်းကင်ကြီးကို … ငေးကြည့်ရင်းနဲ့… ကြယ်တွေလည်း ရှိမနေပါဘူး.. ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့… ကြယ်တွေ စုံတဲ့ အခါ … ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်.. ကြယ်တွေလှပဖို့အတွက် နောက်ခံ … မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့ လစ်လျူရှုထားတာလား… ကောင်းကင်ကြီး မည်းနေလို့များလားကွာ… ကြယ်တွေလှပဖို့အတွက် … သူမည်းနက်နေပေးရတာပါ.. အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း… အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက… ဆွံ့အ သွားပြီ… ထွက်သက် နဲ့ ဝင်သက်ဟာ… ငါ့ဘဝရဲ့ အဖော်ပဲ… သူတို့တွေ စည်းချက်မှန်နေသ၍……
-
နောက်ထပ် version ကို ကျွန်တော် ထုတ်ဖို့နည်းနည်းကြာမလား မသိသေးဘူး။ ဒါမှမဟုတ် 1.4.2 အနေနဲ့ပဲ ဒီလကုန်ရင် ထပ်ထုတ်ဖြစ်မယ်ထင်တယ်။ ကျွန်တော် 1.5 မှာ Web ပေါ်ကနေ sync လုပ်လို့ရအောင် ပါအောင် ရေးရမယ်။ အစက မြန်မာ – အင်္ဂလိပ် အဘိဓာန် ထည့်အုံးမလို့ပဲ။ မလွယ်ဘူးဗျ။ keyboard ပြဿနာ ဖြစ်နေတာကြောင့် keyboard ကို image တွေပဲ သုံးပြီး သီးသန့် ထုတ်မလား စဉ်းစားနေတယ်။ တော်တော်လေးကို ပြန်ပြင်ရေးရမှာကြောင့်လည်း ပါတာပေါ့။ နောက်ပြီး မြန်မာ English database ပါထည့်လိုက်ရင် search လုပ်တဲ့ အခါမှာ အရမ်းကြာသွားလိမ့်မယ်။ Application အတွက် သီးသန့် keyboard ရေးဖို့တော့ ဖတ်ကြည့်နေတာပဲ။ သိပ်တော့ အဆင်မပြေလှသေးဘူး။ နောက်ပြီး စိုင်း dictionary ဆီကနေ ဒီနေ့ reply ရပြီ။…
-
Mobile tutplus က Learn Objective C series ဖတ်ရင်းနဲ့ မြန်မာလို ပြန်ရေးချင်လာတာနဲ့ MZ Blog မှာ Objective C အကြောင်း ပြန်ရေးထားတယ်။ အခုဟာက ဘာသာပြန်ရတာဆိုတော့ ကိုယ်တိုင်ရေးထက်စာရင် ပိုလွယ်တယ်။ ဒါကြောင့် ပုံမှန်ရေးဖြစ်မယ်လို့ မျှော်လင့်ရတာပဲလေ။ နားမလည်တာတွေကို အဲဒီမှာပဲ comment ထားလိုက်ပါ။ ကျွန်တော်လည်း နားလည် သလောက်ပြန်ဖြေပေးတာပေါ့။ ကျွန်တော်လည်း Objectieve C ကို အခုပြန်လေ့လာရင်းနဲ့ ရေးနေတာ။ သိပ်အသိကြီးတော့ မဟုတ်ဘူး။ Ornagai ကို လုပ်ချင်လွန်းလို့ iPhone SDK ကို ကြော် .. လိုတာတွေပဲ လေ့လာပြီး ထုတ်ခဲ့တာ။ အခုမှ အခြေခံကစပြီး ကျွန်တော်လည်း ပြန်လေ့လာနေရတယ်။ အဲ.. Mac OS X ရှိဖို့တော့ လိုမယ်နော်။ Mac OSX ရှိပြီး…
-
wordpress ကို သာမာန်တော်တော်များများက blog လိုပဲ အသုံးပြုနေပါတယ်။ လက်ရှိ အလုပ်က wordpress ကို အဓိက ထားပြီး website တွေ ဆောက်တော့ wordpress ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာကို သိလာပါတယ်။ တကယ်တော့ wordpress က framework လို အသုံးပြုရင်တောင် ရတယ်။ admin panel ready framework ပေါ့ဗျာ။ admin panel သီးသန့် ထပ်ရေးစရာမလိုပဲ web application တွေ ရေးလို့ ရလာတယ်ဆိုတာကို သိလာတယ်။ ဥပမာ။။ question & answer system ဆိုပါဆို့။ ကျွန်တော် အခု MZ user ကို ကိုယ်ပိုင် framework နဲ့ ဆောက်နေတုန်း တစ်ခု စဉ်းစားမိတယ်။ wordpress နဲ့Q&A site ဆောက်လို့…
-
Application programming interface (API) ဆိုတာ ဘာကြီးတုန်း။ အခုခေတ်က API တွေ သုံးတတ်ရမယ်ဆို။ API ကို ဘယ်မှာ လေ့လာရမှာလဲ။ အဲလိုမေးခွန်းတွေမှာ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းကို ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်လောက်အောင်ပဲ။ API ကို ဘယ်မှာ လေ့လာရမလဲဆိုတဲ့ မေးခွန်းမေးတဲ့ သူဟာ API ဆိုတာ အခုမှ ကြားဖူးနားဝ ရှိဘူးပြီးတဲ့ ပုံပေါ်ပါတယ်။ ဘာပဲ ပြောပြော လေ့လာချင်စိတ် ရှိတဲ့အတွက်တော့ သိလာနိုင်ပါတယ်။
-
Android ကို ဘယ်လို root ရမလဲလို့ mail နဲ့ ကော comment မှာကော မေးနေသူများ အောက်က link မှာ သွားဖတ်နိုင်ပါတယ်။ http://www.mysteryzillion.org/forums/showthread.php/8877-One-Key-Root-for-Android-most-model-(REALLY-ONE-KEY!!!)
-
လုပ်မယ် လုပ်မယ် လို့ ကိုယ့်ဘာသာကိုယ် ကတိပေးထားပြီး မလုပ်ဖြစ်တာတွေက jquery ကို ပြီးအောင်ရေးပေးမယ်ဆိုပြီး တိုးလို့တန်းလန်း css ရေးပေးမယ်လို့ကိုကိုရဲ ကို ကတိပေးထားပြီး အခုထက်ထိ ပြန်မရေးဖြစ်သေး Ornagai Lite version ထုတ်ပေးမယ်ဆိုပြီး အခုထက်ထိ lite အတွက် သီးသန့် မလုပ်ဖြစ်သေး edu နဲ့ mz code ကိုတောင် ပေါင်းပြီး MZ blog လုပ်မယ်ဆိုပြီး အခုထက်ထိ မတင်ဖြစ်သေး zawgyi js font embed ထုတ်ပေးမယ်ဆိုပြီး မလုပ်ဖြစ်သေး wordpress zawgyi embed fix လုပ်မယ်ဆိုပြီး အခုထက်ထိ မလုပ်ဖြစ် လုပ်မယ် လုပ်မယ်နဲ့ မလုပ်ဖြစ်တာတွေ တော်တော်များနေပြီပဲ။
