saturngod
-
Q: Got Error Message www.jailbreakme.com ကိုသွားလိုက်ရင် အောက်ကလို message ပြတယ်။ Oops… It looks like the installer crashed last time you tried to jailbreak. :( It might work if you try again. Answer: အဲဒါဆိုရင် Browser ကို cache ရှင်းဖို့လိုပါတယ်။ Setting > Safari > Clear Cache အပြင် clear cookies ကို ပါ လုပ်လိုက်ပါ။ ပြီးရင် စက်ကို restart ချပြီး စမ်းကြည့်ပါ။
-
iOS4 တွေအတွက် jailbreak me ထွက်ပါပြီ။ Spirit jailbreak ကို ရေးခဲ့တဲ့ comex ကပဲ jailbreakme.com ဆိုပြီး ထပ်ဖန်တီးထားတာပါ။ jailbreakme က အခြား jailbreak တွေနဲ့ မတူတဲ့အချက်က online ကနေ တိုက်ရိုက် jailbreak လုပ်ရတာပါ။ download ချစရာမလိုပါဘူး။ jailbreakme.com ကို idevice နဲ့ သွားလိုက်ပါ။ ပြီးရင် jailbreak လုပ်ဖို့ slide လေးဆွဲလိုက်ပါ။ သူ download စပြီး ဆွဲပါလိမ့်မယ်။ ပြီးရင် cydia ကို သွင်းပါလိမ့်မယ်။ ပြီးသွားတဲ့အခါမှာ ကိုယ့် ရဲ့ Home Screen မှာ cydia လေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Cheer
-
မနေ့က flipboard အတွက် font တွေကို တော်တော်ရှာလိုက်ရတယ်။ iPad မှာက font တွေက အများကြီးပဲ။ Flipboard မှာ font 2 ခု လောက်သုံးထားတယ်။ Title font နဲ့ Content font မှာ Content font ပဲ ရှာတွေ့တယ်။ အခု Flipboard နဲ့တော့ မြန်မာစာကို ဖတ်လို့ရပြီ။ Title က မြန်မာလို ဆိုရင်တော့ မရသေးဘူး။
-
ဒီနေ့ စကာင်္ပူမှာ iPhone 4 ကို Plan မပါပဲနဲ့ ဝယ်လို့ရပါတယ်။ ဒီနေ့ Signtel က iPhone 4 တွေ စရောင်းပါပြီ။ Signtel ကတော့ Online appointment နဲ့ လုပ်တယ်နဲ့တယ်။ M1 နဲ့ Starthub ကတော့ တန်းစီရတယ်လို့ ကြားပါတယ်။ အဲဒီ သတင်းတော့ သေချာမသိသေးပါ။ Plan ကတော့ iPhone 3Gs တုန်းက ထက် သက်သာသလိုပါပဲ။ iPhone 4 မှာ speaker အသံ မကောင်းဘူးလို့လည်း သိရပါတယ်။
-
ကိုယ့်ဘာသာ ကိုယ်လုပ်ထားတဲ့ Flow Chart လေး ….
-
Dropbox သုံးရင် ပြဿနာ တစ်ခု ကြုံရတတ်တယ်ဗျ။ ဥပမာ။။ ကျွန်တော်က project ကို htdocs အောက်မှာ ရေးရတယ်ဗျာ။ အဲဒီအတွက် sync လုပ်ဖို့ အမြဲ copy paste လုပ်မနေချင်ဘူးဗျာ။ ဒါနဲ့ ဒီနေ့ရှာကြည့်လိုက်တော့ dropbox website မှာ ရေးထားတာ တွေ့လိုက်ရတယ်။ Mac OSX နဲ့ Linux တွေဆိုရင် [lang name=”shell”]ln -s /path/to/folder/name_desired_folder/ ~/Dropbox/desired-folder[/lang] အဲလိုလေး terminal မှာ ရေးလိုက်ရင် ရပါတယ်။ ရမရကို terminal ကနေ cd နဲ့ သွားပြီး ls နဲ့ ကြည့်လိုက်ရင် ရပါလိမ့်မယ်။ ls နဲ့ ကြည့်လို့ရရင် setting မှန်ပြီပေါ့။ ကျွန်တော် symlink နဲ့ လုပ်လို့ရတာတော့ သိတာ…
-
Flipboard ဆိုတာကတော့ iPad မှာ နာမည်ကြီး app ပါ။ သူက twitter ကို News Site လိုကြည့်လို့ရအောင် ဖန်တီးလို့ရပါတယ်။ Facebook Status တွေ နောက်ပြီး Titter မှာ ကိုယ် Follow လုပ်ထားတာတွေ Newspaper လို ကြည့်လို့ရတယ်ဗျ။ တော်တော်ကောင်းတယ်လို့ဆိုလို့ရမယ်။ Twitter က username တွေလည်း ထည့်ပြီး Newspaper လို ဖတ်လို့ရတယ်။ ဒီနေ့ စမ်းကြည့်တာ မြန်မာလို တွေ မပေါ်ဘူး။ အဲဒါကို ကျွန်တော် ဒီ weekend မှာ fixed ကြည့်လိုက်အုံးမယ်ဗျာ။ ဘာ font မှန်မသိတော့ လုပ်ရတာ နည်းနည်းခက်နေတယ်။
-
Facebook မှာ လက်ရှိ English Langauge ကို Spanish (Español) ပြောင်းလိုက်ပြီး Birthday နေရာကို စစ်ကြည့်လိုက်ပါ။ Birthday: ဆိုတဲ့ နေရာမှာ စာလုံးပြောင်းသွားပါလိမ့်မယ်။ ဖြစ်သင့်တာက Cumpleaños : ဆိုပြီးပေါ်နေရမှာ ဖြစ်ပေမယ့် အခုတော့ F**k you B*tches ဆိုပြီး ပြောင်းသွားတယ်ဗျ။ အခုမှ စမ်းပြောင်းကြည့်ရင်တော့ ရချင်မှ ရတော့မယ်။ facebook က အဲဒါမျိုး ဆို ချက်ခြင်း fixed ပါတယ်။ အရင်တုန်းက translation အကူအညီတောင်းတုန်းက တစ်ယောက်ယောက် ဝင်လက်ဆော့ထားတာကြောင့် ဖြစ်မယ်ထင်တယ်။ reference: http://techcrunch.com/2010/07/29/no-fuck-you-facebook/