Happy Birthday To me

ဘာလိုလိုနဲ့ ၂၁ နှစ်တောင် ပြည့်ခဲ့ပြီပဲ… ဘဝကြီးမှာ ထူးခြားသွားတာဆိုလို့ ကျောင်းပြီးသွားတာပဲရှိတယ်… ဒီနေ့လည်း ပျင်းရိခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားရပြီ… ကြိုတင်စီစဉ်ထားတာလည်း ရုတ်တရက်ခရီးထွက်စရာ ပေါ်လာတာနဲ့ ဘာမှ မလုပ်နိုင်တော့ဘူး… ရန်ကုန်မှာ ဒီနေ့ရှိရရင်တော့ တော်တော်လေးကို ပျော်ဖို့ကောင်းမှာထင်တယ်… အခုတော့ တော်တော်လေးကို တနေ့တာကို map နဲ့ sahana နဲ့ပဲ အချိန်ကုန်နေတယ်… ဝမ်းသာစရာတစ်ခုတော့ရှိတယ်… ကျွန်တော် အရမ်းကြည့်ချင်တဲ့ kung fu panda ဒီနေ့ ရုံတင်ပြီလေ.. US မှာတင်တာနဲ့ တူတယ်… yahoo movie ကလည်း ကြည့်လို့ရပြီ.. trailer လေးကြည့်ပြီး.. အရမ်းသဘောကျနေတာ… အဲဒီ panda ကြီးက တော်တော်ချစ်ဖို့ကောင်းတယ်… ဇာတ်လမ်းလေးကတော့ သမာရိုးကျပါပဲ… ဒါပေမယ့် 3D ကတော့ တော်တော်လေးကောင်းတယ်ဗျာ……More

ဘာမှန်းမသိတဲ့ Topic တစ်ခု

အရင်တုန်းကတော့ AJAX ဆိုတာ ခက်ခဲတယ်… နောက်ပြီး GUI friend ဖြစ်တယ်လို့မထင်မိဘူး… ထင်လည်းထင်စရာပဲလေ… ရန်ကုန်က speed နဲ့ဆို သုံးနေရင်းတန်းလန်း မတက်လာတော့ဘူးလေ… နောက်ပြီး loading တွေကလည်း ကြာတယ်ပေါ့…. အခုအချိန်ရောက်တော့လည်း AJAX မပါရင် web လိုမမြင်တော့ဘူး… Sub Menu တွေပါလာရင် AJAX နဲ့ဆို ပိုကောင်းတာပေ့ါ…. ဒီလို Link ကြီးက ဘာဖြစ်တယ်.. ညာဖြစ်တယ်..ဆိုပြီး မြင်လာပါလေရော… နောက်ပြီး Side Bar တွေဆို AJAX မပါပဲ widget တွေ module တွေဆို ပိန်းလွန်းတယ်လို့ထင်တယ်… Joomla က module ပိုင်း ပိန်းတယ်ဆိုတာ အဲဒါပဲ… AJAX မသုံးပဲ ပုံမှန်…More

ဖြစ်တတ်ပါတယ်

အခုတလော 2co က နာမည်ကြီးလာတာနဲ့ မြန်မာနိုင်ငံက သုံးလို့ရမလားဆိုပြီး မနေ့က စမ်းကြည့်တယ်။ ရပါ့ဗျာ။ အေးဆေးပဲ။ singup တွေ ဘာတွေ ဝင်လို့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း မနက်ဖြန်မှ ဝင်တော့မယ်လေဆိုပြီး လုပ်ထားတာ။ ဒီနေ့ ဝင်မယ်လည်း လုပ်ရော paypal လိုမျိုး ပိတ်လိုက်တာလားမသိ။ ဝင်မရတော့ပါ။ မနေ့က မြန်မာနိုင်ငံက IP နဲ့ ကျွန်တော်ဝင်လိုက်လို့များ ကြောက်လန့်ပြီး လုပ်လိုက်တာလားမသိဘူး။ ဘာဖြစ်လို့လည်းဗျာ။ မြန်မာနိုင်ငံကလူတွေ အနေနဲ့ကော ဝယ်လို့မရသင့်ဘူးလား။ မြန်မာနိုင်ငံက လူတွေက online ပေါ်ကနေ ငွေသုံးခွင့်မရှိဘူးလား။ အဓိပ္ပာယ်မဲ့သလိုပဲ။ အဲလိုမျိုးကြီးပိတ်တာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ မပြောချင်တော့ပါ။ မြန်မာနိုင်ငံကို စိတ်မကုန်ဘူး။ မြန်မာနိုင်ငံကို ပိတ်တဲ့ site တွေကို စိတ်ကုန်လာတာ။ ကြီးကျယ်တာလား…More

ဆန်းတဲ့ connection

bagan connection ကတော့ တော်တော်လေးကို ဆိုးရွားနေတာပဲ.. Page တွေကြည့်ရတာ အသေကြာပါ့… မေးကြည့်တော့ server ပြင်နေလို့… ရေအောက် cable ပေါက်လို့… ဒါကြောင့်ပါတဲ့… အင်း.. ဟုတ်မှာပေါ့လေ… page ကြီးကတော့ တက်တာ ကြာပေမယ့် download နှုန်းကတော့ ပုံမှန်ပဲ… စမ်းတော့ ဆန်းတယ်နော်… server က download ချရင် ကောင်းပြီး Page ကြည့်ရင်တော့ မကောင်းဘူးဆိုတော့… ဟီး… ပြင်နေတဲ့ server ကြီးက မျက်နှာလိုက်တယ်နဲ့တူတယ်… အင်း.. ကျွန်တော်ပြောလိုက်မှ download connection ကြီးပါ နှေးသွားရင် ဒုက္ခ… စေတန်ဖွလို့ ဖြစ်တာဆိုပြီး ဝိုင်းပြောအုံးမယ်… :PMore

hostmonster Recommend မလုပ်ပါ

အခုတလော hostmonster သုံးရတာ တော်တော်စိတ်ပျက်တယ်.. ကျွန်တော်ကတော့ hostmonster မှာ မဝယ်စေချင်ဘူး.. အခုတင်ထားတဲ့ ကြော်ငြာလည်း ဒီ post ပြီးရင် ဖြုတ်တော့မယ်.. တော်တော်လေးကို မကောင်းတာပါ… အဓိကတော့ copyright တွေအရမ်းလိုက်တယ်… နောက်ပြီး customer care အဲလောက်မကောင်းတဲ့ အပြင် server က တခါတလေ CPU က limit execess ဆိုပြီး ဖြစ်ဖြစ်သွားတတ်တယ်… အထူးသဖြင့် copyright ညှိတဲ့ post တွေ မိသွားခဲ့ရင် ပြဿနာရှာတတ်ပါတယ်… သူက နာမည်ကြီးဆိုတော့ copyright ထိန်းသိမ်းလို့နဲ့ တူပါတယ်.. ML ကတော့ Hostmonster ပြဿနာလုပ်တာနဲ့ ၂ ခါရှိပြီ.. စာအုပ်တွေ ဖျက်ချခံထိတာ… စိတ်တောင် ကုန်သွားပြီ..…More

ေဩာ်… ဒီနေ့ ရက်ရာဇာတဲ့….

ဒီနေ့ အပြင်မထွက်ခင် Calendar ကိုကြည့်လိုက်သေးတယ်..မနေ့က ပြဿဒါး.. ဒီနေ့ ရက်ရာဇာတဲ့…အင်း မနေ့ကတော့ ဘာပြသနာမှ မဖြစ်သလို ဘာမှလည်း ကံမကောင်းဘူးလေ…ဒီနေ့ကတော့ ရက်ရာဇာဆိုတော့ မနေ့ကလိုပဲလို့ ထင်တာပဲ..တက်တက်စင်အောင် လွဲတာပဲ….တစ်ယောက်အတွက် ရက်ရာဇာဟာ နောက်တစ်ယောက် အတွက်တော့ ပြဿဒါးဖြစ်တတ်ပါတယ်.. တကယ်အမှန်ပဲဗျာ…ကျွန်တော့်အတွက်ကတော့ ဒီနေ့ဟာ ပြဿဒါးပဲ…နောက်တစ်ယောက်အတွက်ကတော့ ရက်ရာဇာပဲ ဖြစ်မှာပါ… ဒီနေ့… ကျွန်တော့် ပေါ့ဆမှုကြောင့် ကျွန်တော့် ပိုက်ဆံအိပ်လေး ပျောက်သွားတယ်ဗျာ..နှမြောတာကတော့ အလှုငွေ ၃ သောင်းပါသွားတယ်ဗျာ…တကယ် အားလည်း နာတယ်ဗျာ.. ကျွန်တော့် ပေါ့ဆမှုကြောင့်ဆိုတော့..အဲဒီ ၃ သောင်းက ကိစ္စမရှိဘူး…ကျွန်တော် ပြန်စိုက်လို့ရတယ်…ခက်တာ ကားလိုင်စင်နဲ့ လက်ဆောင်ရထားတဲ့ ပိုက်ဆံအိပ်လေး….ဟူး…. ကောက်ရသွားတဲ့ ကောင်ကတော့ ပွသွားတာပေါ့…ပိုက်ဆံအကောင်းစားလေးနဲ့ ငွေ ၃သောင်းလောက်ဆိုတော့….တော်တော်လေးကံကောင်းတဲ့ ရက်ရာဇာပဲ… ကျွန်တော့်မှာတော့………More

Ban Aagain saturngod.deviantart.com

ပြောလည်း မပြောချင်တော့ပါ။ သိလည်း မသိတော့ပါ။ ပိတ်လိုက်ပြန်ပြီ နောက်တစ်ကြိမ်။ တော်တော်များများ ပိတ်ခံထိတာတွေ့ရတယ်။ Filter System ကြောင့်ပဲလား တမင်တကာပဲ ပိတ်တာလား တော့ မသိတော့ပါဘူးဗျာ။More

No electric => No Idea , No Product

အခုတလော မီးတွေ ပြန်ပြီးတော့ ပျက်နေပြီနော်။ တခြားလူတွေတော့ မသိဘူး။ ကျွန်တော်ကတော့ တော်တော်လေးကို ညစ်တာ အမှန်ပဲ။ ကျွန်တော်တို့ မြို့ထဲကိုတော့ မီးက ပုံမှန်မလာနိုင်တောင် တခြား မြို့နယ်တွေထက် အချိန်ပိုတာကို ကျေးဇူးတင်ရမယ်ဗျာ။ မီးက လာပေးစေချင်ပါတယ်။ မလာနိုင်တာတော့ ဘယ်တတ်နိုင်မလဲဗျာ။ မီးမရှိတဲ့ နေ့လည်တွေဆို ဘာမှ လုပ်လို့မရ။ ငုတ်တုတ်ထိုင်နေရတယ်။ ဘာမှလည်း လုပ်မရဘူးလေ။ ကျွန်တော်တို့တွေက Computer သမားဆိုတော့ Computer ရှိမှ idea ထုတ်လို့ရတယ်။ Product တွေထွက်လာအောင် ကြံဆလို့ရတယ်။ e-book တွေ ဖတ်လို့ရတယ်။ စာတွေ ဖတ်လို့ရတယ်။ မီးမလာတော့ ဘာမှ လုပ်စရာမရှိ။ စာအုပ်ဝယ်ဖတ်မယ် စဉ်းစားပြန်တော့လည်း စာအုပ်ဈေးတွေက လန်ထွက်တယ်။ တရားစာအုပ်ပဲ ဈေးသက်သာတယ်။ ဖတ်ချင်တဲ့ စာအုပ်တွေက…More