စိတ်အချဉ်ပေါက်မှုများ
-
အော်… လောကမှာ လူအမျိုးမျိုးပဲဗျ… တချို့တွေက အကျိုးအမြတ်မရှိလည်း ကူညီချင်ကြတယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ ကူညီချင်တယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ သူများကို အနှောင့်အယှက်ပေးတယ်။ တချို့တွေကတော့ အကျိုးအမြတ်ရှိပဲ အလကားနေရင်း နှောင့်ယှက်နေကြတယ်။ အများအကျိုးအတွက်တောင် အနှောင့်အယှက်ပေးကြတယ်ဗျာ။ ornagai ကို ကျွန်တော် ဆောက်ထားတာ မကြာသေးပါဘူး။ အခုထက်ထိတော့ စာလုံးအသစ်တွေ ဝင်ထည့်ပေးတဲ့လူတွေကတော့ တော်တော်နည်းသေးတယ်။ အဲ… မင်း ornagai က စာလုံးလည်း မစုံပါဘူးကွာလို့ ပြောတဲ့လူကတော့ များသား… စာလုံးအသစ်ထည့်ဖို့က ပင်ပန်းတယ်… အပြစ်ပြောဖို့ကတော့ ပါးစပ်ဖျားတင်ပဲလေ… ထားပါ… ဒါကတော့ ခွင့်လွှတ်နိုင်တယ်.. နားလည်နိုင်တယ်… ကျွန်တော် နားမလည်တာက ပေါက်တက်ကရ စာလုံးတွေ လျှောက်ထည့်တဲ့လူတွေ… မိုက်မိုက်ရိုင်းရိုင်း စာလုံးတွေ လျှောက်ဖြည့်တဲ့လူတွေ… နောက်ပြီးတော့ word ,…
-
Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအင်္ကျ ီမဝတ်ရဘူး။ ဒီအင်္ကျ ီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။
-
PAC လိုင်စင်…. တကယ် သုံးစားမရတာဗျာ… ထုတ်ထားတဲ့ စည်းကမ်းတွေက PAC တွေအတွက် စဉ်းစားသင့်တယ်…. သူတို့က ပိုက်ဆံပေးထားရတာ… ရတဲ့ service ကတော့ လူမိုက်ငှားဖို့လောက်ပဲ ရတာ… မြန်မာ unicode တွေ သေသေချာချာ စနစ်တကျ ရှိစေချင်တယ်ဆိုရင် PAC ကနေ ပဲသွားသင့်တယ်… ဆိုင်တွေတိုင်းမှာ မြန်မာ unicode တွေ မဖြစ်မနေ ထည့်ရမယ်… နောက်ပြီး keyboard တွေ မဖြစ်မနေထည့်ရမယ်.. လက်ကွက် စာရွက်ကို ထုတ်ထားပေးပါ.. စတာတွေ လုပ်ရင်တော့ Unicode က ဒီထက်ပို ကျယ်ပြန့်လာမှာ… ဆိုင်တွေမှာ ဘာ software တွေ မဖြစ်မနေထည့်ရမယ်..
-
အခုတလော မြန်မာ IP 203.81.166.27 က DDos နဲ့တိုက်ခိုက်ရုံသာမကဘူး အခြားသော တိုက်ခိုက်ခြင်းတွေနဲ့လည်း တိုက်ခိုက်တယ်။ Login ဝင်မရအောင်လုပ်တာတို့ database ကြောင်အောင်လုပ်တာတို့ပေါ့။ gridserver သုံးထားတဲ့အတွက် ပြသနာက အေးပါတယ်။ ဒါပေမယ့် database အတွက် တခြားနည်းလမ်း စဉ်းစားရမယ်။ virus မဟုတ်ပဲနဲ့ လူတွေကို နှောက်ယှက်အောင် တမင်လုပ်နေတာလဲ မြန်မာကပဲ။ ဒီ post ကို ဖတ်ကြည့်တာနဲ့ မြန်မာတွေကို တော်တော်စိတ်ကုန်တယ်။ အကျင့်တွေက တဖြည်းဖြည်းပျက်လာပြီ။ အခုက မြန်မာတွေ တော်တာမဟုတ်တော့ဘူး။ စိတ်ဓာတ်အောက်တန်းကျကုန်တာ။ ဘယ်နည်းနဲ့ ဖျက်လို့ရမလဲ။ အခုက ဘယ်လိုဒုက္ခပေးရမလဲပဲ စဉ်းစားနေကြတာ။ သူများ ဒုက္ခရောက်ရင် ပြီးရောဆိုပြီး ကစ်နေကြတာလားမသိဘူး။ မြန်မာနိုင်ငံမှာ လူတော်ထက် လူဆိုးတွေက တဖြည်းဖြည်းတိုးပွားလာတယ်။ အဲလိုဒုက္ခပေးလို့…
-
Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google…. Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google… Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google… Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google… Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google…
-
အခုတလော Wimax connection တွေ လွန်စွာနှေးကွေးနေတယ်။ သုံးမရအောင် နှေးတယ်ဗျာ။ စနေ နဲ့ တနင်္ဂနွေကဆို ဘာဆိုဘာမှမရဘူး။ အင်တာနက်လည်းမရ အင်ထရာနက်လည်း မရ။ တော်တော်အခြေအနေဆိုးတာ။ ဘာဘာ ဘာမှ မရဘူး။ ဖုန်းဆက်တော့လည်း မရ။ ရပြန်တော့လည်း မကိုင်။ PAC ၅ သိန်း။ ဘယ်ရောက်နေလဲ။ ဒီအခြေအနေမျိုး ဘာမှမကူညီ။ အဲလိုမျိုး ဝန်ဆောင်မှု အတွက် ငွေတွေ အများကြီးပေးထားရတာလေ။ ပြောလည်းမောတာပဲရှိမယ်။ ဝန်ဆောင်မှုက နိတ္ထိ။ ဘာဆိုဘာမှမရှိ။ ငွေဆောင်ဖို့ဆိုလာထားပဲ။ ဒါဟာ PAC ပဲ။ PS: internet သုံးမရသောကြောင့် လူလည်းတော်တော်လေးပေါက်နေပြီ။
-
တဖြည်းဖြည်းဆိုးဝါးလာတော့ မပြောပဲ မနေနိုင်တော့ဘူး။ မြန်မာတွေအခြေခံစိတ်ဓာတ်ကိုက ပျက်စီးနေပြီ။ ကျွန်တော် သိချင်တာက virus ဘာလို့လုပ်တာလဲဗျ။ အဲဒါလုပ်တော့ကော ဘာထူးသွားလဲ။ တခြားနိုင်ငံမှာဆိုရင်တော့ ထောင်ကျဖို့သာ ပြင်ထား။ အမှန်တိုင်းဆို အခြေခံစိတ်ဓာတ် မကောင်းတဲ့ကောင်တွေ လို့ဆိုရမယ်။ ကျွန်တော်ပြောမယ်ဗျာ။ Computer တစ်လုံးကို ဖျက်စီးရတာ လွယ်လွယ်လေးပါ။ ဘာတွေလုပ်နေမှာလဲ။ Windows folder အောက်က ဖျက်လို့ရသမျှ folder တွေ file တွေဖျက်ချလိုက်။ C: အောက်က boot တက်မယ့်ဟာတွေ ဖျက်ချလိုက်ပေါ့ဗျာ။ မဖျက်ချင်ဘူးဆိုလည်း replace တွေလုပ်လိုက်ပေါ့။ နည်းနည်းသဘောကောင်းချင်ရင် တက်လာတဲ့ exe တွေကို ကိုယ့် virus နဲ့ replace လုပ်လိုက်ပေါ့။ အဲဒါလေးကို ကိုယ့်ကိုယ် hacker လို့ခံယူနေသေးတယ်။ မြန်မာတွေ ရှက်ကော…
-
ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။
