စိတ်အချဉ်ပေါက်မှုများ
-
ကျွန်တော်လည်း ကျောင်းတက်တုန်းက computer အဟောင်းအစုတ်ကြီးနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာခဲ့ရတာပဲ။ internet မသုံးနိုင်လို့ ebook တွေကို အားကိုးဖတ်ခဲ့ရတာပဲ။ မီးပြတ်လို့ မီးလာတဲ့အချိန်ထိစောင့်ပြီး စာတွေ တစ်ညလုံးဖတ်ခဲ့ရတယ်။ မေးစရာမရှိလို့ ပိုက်ဆံစုပြီး online တက်ပြီး webdeveloper.com တို့လို forum တွေမှာ မေးခဲ့ရတယ်။ နောက်ပြီး ဘယ်တော့မှ ကိုယ့်မိဘကို အပြစ်မတင်နဲ့။ ဘယ်တော့မှ အခြားသူကို အပြစ်မတင်နဲ့။ အရာရာအားလုံးဟာ အကျိုးကြောင်းဆက်စပ်နေတာပဲ။ အပြစ်တင်လို့ ဘာမှဖြစ်မလာဘူး။ ကျောင်းသားဘဝတုန်းက အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ ကျောင်းတက်ရင် freelance လည်း လုပ်ခဲ့ဘူးတယ်။ မီးပျက်လို့ မီးလာတဲ့အချိန်တွေမှာပဲ လုပ်ခဲ့ရတာ။ တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲလုပ်ပြီး မနက်မှ ထပြီး ကျောင်းသွားခဲ့ရတာတွေလည်း ရှိတယ်။ UCSM ဆိုရင် လူပျိုကြီးရဲ့blog ကို သွားဖတ်ကြည့်။…
-
ကျွနု်ပ် web service ဆိုသည်မှာကို မြန်မာမှုမပြုတတ်ခြင်းမှာ ကျွနု်ပ်ညံ့ခြင်းသာ ဖြစ်ပေတော့သည်။ Web service နှင့် web api ဘာမှ မကွာချေ။ သို့သော် မတူချေ။ ထိုအကြောင်းကိုလည်း သေချာအောင် မရှင်းပြတတ်ခြင်းမှာလည်း ထပ်ညံ့ပြန်လေသည်။ oAuth နှင့် AuthSub ကွာသည်။ ဘယ်လိုကွာကြောင်း စာနှင့်ရေးပြီး မရှင်းတတ်သေးသောကြောင့် သေချာမသိကြောင်း သိသာလှပေသည်။ ထို့ကြောင့် REST ကို သုံးဖူးသော်လည်း REST ဆိုသည်မှာ အဘယ်နည်းဟု မေးသောအခါ အဓိပ္ပာယ်ပြည့်စုံစွာ မဖြေကြားနိုင်သောကြောင့် စာမေးပွဲဆိုလျှင် ကျွန်ုပ်ကျလေပြီ။ Google ကတောင် ညွှန်းဆိုသော Zend Framework အား အခုချိန်ထိ မသွင်းတတ်သေးသည်မှာ ကျွန်ုပ်၏ လေ့လာမှု အားနည်းခြင်းကို ဖော်ပြနေလေသည်။ REST server…
-
oAuth နဲ့ AuthSub ကြားမှာ မူးသွားတာပဲ။ AuthSub နဲ့တော့ ရပြီ။ oAuth က နောက်တော့မှ twitter နဲ့စမ်းရမယ်။ google က အပြည့်အဝ support မပေးဘူး။ example တွေက AuthSub တွေနဲ့ ကြီးပဲဆိုတော့။ အခု code တောင် မနည်းမနည်းပဲ။ နောက်ဆုံးတော့ http://www.alexc.me/using-the-google-analytics-api-getting-total-number-of-page-views/74/#step2 အဲဒီကနေ တွေ့သွားလို့ အဆင်ပြေသွားတာ။ token ရပြီးရင် token ထပ်ယူရမှာကို မသိလိုက်တာ ဆိုးသွားတာ။ <?php function make_api_call($url, $token) { $ch = curl_init(); curl_setopt($ch, CURLOPT_URL, $url); curl_setopt($ch, CURLOPT_RETURNTRANSFER, 1); $curlheader[0] = sprintf(“Authorization:…
-
http://en.saturngod.net has been ban in Bagan. Yayyy… ငါလည်း အစ်မနိုင်းနိုင်း , ထူးတေဇာ , ကိုညီလင်းဆက်တို့လို အသိအမှတ် စပြုခံရပြီ။ ဒီ မြန်မာ site ကတော့ မကြာမှီလာမည်လို့ ပြောလိုက်သလိုပဲ။
-
ငါတို့ဟာ သူရဲကောင်း… ငါတို့ဟာ အောင်မြင်သူ… ငါတို့ဟာ ရှေ့ဆက်သူ… ငါတို့ဟာ ဦးဆောင်သူ… ငါတို့ဟာ ခေါင်းဆောင်တွေပဲ… ငါတို့ဟာ အနာဂတ်… ငါတို့ဟာ အတိတ်….
-
Firefox Chrome Firefox မှာ Greasemonkey disable လုပ်လိုက်ရင် အဆင်ပြေပါတယ်။
-
twitter တို့ wordpress , blogspot တို့ ပိတ်တာကိုတော့ ထားလိုက်။ ဘာလို့ ကိုညီလင်းဆက်နဲ့ ထူးတေဇာ site ပါ ပိတ်လိုက်တာလဲ မသိဘူး… နောက်ပြီး http://mashable.com/ ကိုလည်း ဘန်း တယ်ဆိုတော့ စဉ်းစားမရဘူး.. blog ဆိုတာနဲ့ ပိတ်တာလား.. ဒါမှမဟုတ် traffic တွေများလို့ပဲပိတ်တာလား.. ပိတ်စရာ အကြောင်းလည်း မရှိပဲနဲ့ ဘန်းတယ်ဆိုတော့… ???? >.
-
အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။
