စိတ်အချဉ်ပေါက်မှုများ

  • အကုန်လုံးက cloud လို့ အော်နေကျတာရယ် ကိုယ်ကလည်း cloud ထဲရောက်မှန်းမသိ ရောက်နေတာရယ်။ နောက်ပြီး ရုံးက google doc ကိုပြောင်းဖို့တွန်းအားပေးတာကြောင့် pages နဲ့ ရေးထားတဲ့ စာတွေကို ပြောင်းမယ်လို့ ပြင်လိုက်တယ်။ အရင်ဆုံး အကုန်လုံးကို copy ကူး ပြီးတော့ google doc ပေါ်မှာ တင်ပေါ့။ အကုန်လုံးတော့ တက်သွားပါရဲ့ ပုံတွေပါမလာဘူး။ web 2.0 ရောက်နေပေမယ့် ကိုယ့်စက် clipboard ထဲမှာရှိတဲ့ picture ကိုတော့ အလိုလို upload တင်ပေးတာကတော့ မရသေးဘူးဗျ။ ဘယ်တော့ဆိုရင်တော့ clipboard ထဲက data ကို ဖတ်ပြီး picture upload တင်လို့ရမလဲမသိဘူး။ ဒါနဲ့ pages file…

  • အခုလေးတင်မှ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသွားမည် ဆိုတဲ့ သတင်းဖတ်မိတယ်။ တစ်ခါတည်း ဘာကို ပြေးသတိရသွားလဲဆိုတော့ UCSY ကို တန်းပြီး သတိရသွားတာပဲ။ ကျွန်တော်တို့ UCSY မှာလည်း ဒေါ်နီလာသိန်း ပါချုပ်ဖြစ်တော့ UCSY က အတွဲတွေကို အခန်းအပြင်မှာ မမြင်ချင်ဘူး။ ရုပ်ပျက်တယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ခေါ်ပြီး အရေးယူတာတို့ အတင်းပေးစား လိုက်တာတို့ ရှိခဲ့ပါတယ်။ ဒါတွေကလည်း သိပြီးသားပါ။ ဆရာမလေးတစ်ယောက် သူ့ရည်းစားနဲ့ အတူတူ အပြန်မှာ fire road ကြီးမှာ လမ်းလျှောက်တုန်း ဆရာမကြီးကားပေါ်ကနေဆင်းပြီး ဆဲခဲ့တာတွေလည်း ရှိပါ့။ အဲဒီလို တင်းကျပ်တော့ အချို့ အတွဲတွေက ရထားတွဲထဲရောက်လိုရောက် ဒါမှမဟုတ် သာဓုကန်ဘက်ကို…

  • ကျွန်တော်လည်း ဘိုဘို ကြိုက်ပါတယ်။ ဒါပေမယ့် website of the year ကို http://bobo.6te.net/ ကိုပေးလိုက်တာတော့ လုံးဝ လုံးဝ နားမလည်ဘူး။ MCF က လူတွေ website of the year ကို ဘာအချက်နဲ့ရွေးချယ်လိုက်တာလဲ။ နောက်ပြီး ကျယ်ကျယ်ပြန့်ပြန့်မကြည့်ဘူးလား။ ဒါမှမဟုတ် ဂျာနယ်တွေ ကြော်ငြာတွေပါတဲ့ အထဲကပဲရွေးတာလား။ သူ့ထက်စာရင် myanmardaily.net က ရသင့်တယ်လို့ထင်တယ်။ ဘာကြောင့် ဘိုဘို မရသင့်တာလဲဆိုတော့

  • Sorry, I couldn’t see your comment and don’t approve it. Today, I found some myanmar comment in Akisment SPAM. I don’t know why they are spam. Now, I approve it and I may lost some comment like in previous. Why Askisment do some Myanmar character to spam ?

  • လူတော်တော်များများက iPhone OS 3.1.3 ကို upgrade လုပ်ချင်နေကြတယ်။ ဘာလို့ လုပ်ချင်မှန်းတော့ ကျွန်တော်လည်း မသိ။ ကျွန်တော်လည်း အစက upgrade လုပ်ချင်နေတာ။ jailbreak မရဘူးဆိုလို့ iPhone 3.1.3 မှာ ဘာပါလဲလို့ ဖတ်ကြည့်လိုက်တော့ bugs fixed ကလွဲပြီး ဘာမှ မပါဘူး။ အဲ.. bug fix ဆိုလို့ battery bug fix တဲ့ဗျာ။ ထူးထူးခြားခြားပဲ။ battery bug fix က အခုမှ လုပ်ရလားလို့။ အဲဒါက iPhone 3Gs ထွက်ထွက်ပြီးချင်းကတည်းက လုပ်သင့်တာလို့ ထင်တာပဲ။ မဟုတ်တော့ မဟုတ်သေးဘူးလို့ ထင်တယ်။ အခု  3.1.3 က MC…

  • Google က တဖြည်းဖြည်း ကြောက်ဖို့ကောင်းလာပြီ။ အခု Social Search Beta ကို စမ်းကြည့်လိုက်တာ ကျွန်တော့်ရဲ့ email ထွက်လာပါလေရော။ ဒါတင်မကဘူး။ နာမည်ရင်း ကို ရိုက်လိုက်ရင် မှတ်ပုံတင်တွေ ဖုန်းနံပတ်တွေ ထွက်လာပါလေရောဗျာ။ အခြားတစ်ယောက်က blog ပေါ်မှာ အလှုကိစ္စအတွက် information ပေးထားတာကနေ privacy တွေအကုန်လုံးကို google မှာ ရှာလို့ရသလိုတောင် ဖြစ်သွားပြီ။ နောက်ဆိုရင် နည်းနည်း သတိထား ဆင်ခြင်ပြီး post ရေးတာတွေ သူများကို blog တွေမှာ ကိုယ့် privacy data တွေ မပါအောင် ဆင်ခြင်နေထိုင်ပြောဆိုရတော့မယ်။

  • ကျွန်တော်လည်း ကျောင်းတက်တုန်းက computer အဟောင်းအစုတ်ကြီးနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာခဲ့ရတာပဲ။ internet မသုံးနိုင်လို့ ebook တွေကို အားကိုးဖတ်ခဲ့ရတာပဲ။ မီးပြတ်လို့ မီးလာတဲ့အချိန်ထိစောင့်ပြီး စာတွေ တစ်ညလုံးဖတ်ခဲ့ရတယ်။ မေးစရာမရှိလို့ ပိုက်ဆံစုပြီး online တက်ပြီး webdeveloper.com တို့လို forum တွေမှာ မေးခဲ့ရတယ်။ နောက်ပြီး ဘယ်တော့မှ ကိုယ့်မိဘကို အပြစ်မတင်နဲ့။ ဘယ်တော့မှ အခြားသူကို အပြစ်မတင်နဲ့။ အရာရာအားလုံးဟာ အကျိုးကြောင်းဆက်စပ်နေတာပဲ။ အပြစ်တင်လို့ ဘာမှဖြစ်မလာဘူး။ ကျောင်းသားဘဝတုန်းက အများကြီး ကျော်ဖြတ်ခဲ့ရတာပဲ။ ကျောင်းတက်ရင် freelance လည်း လုပ်ခဲ့ဘူးတယ်။ မီးပျက်လို့ မီးလာတဲ့အချိန်တွေမှာပဲ လုပ်ခဲ့ရတာ။ တစ်ခါတစ်လေ တစ်ညလုံးမအိပ်ပဲလုပ်ပြီး မနက်မှ ထပြီး ကျောင်းသွားခဲ့ရတာတွေလည်း ရှိတယ်။ UCSM ဆိုရင် လူပျိုကြီးရဲ့blog ကို သွားဖတ်ကြည့်။…

  • ကျွနု်ပ် web service ဆိုသည်မှာကို မြန်မာမှုမပြုတတ်ခြင်းမှာ ကျွနု်ပ်ညံ့ခြင်းသာ ဖြစ်ပေတော့သည်။ Web service နှင့် web api ဘာမှ မကွာချေ။ သို့သော် မတူချေ။ ထိုအကြောင်းကိုလည်း သေချာအောင် မရှင်းပြတတ်ခြင်းမှာလည်း ထပ်ညံ့ပြန်လေသည်။ oAuth နှင့် AuthSub ကွာသည်။ ဘယ်လိုကွာကြောင်း စာနှင့်ရေးပြီး မရှင်းတတ်သေးသောကြောင့် သေချာမသိကြောင်း သိသာလှပေသည်။ ထို့ကြောင့် REST ကို သုံးဖူးသော်လည်း REST ဆိုသည်မှာ အဘယ်နည်းဟု မေးသောအခါ အဓိပ္ပာယ်ပြည့်စုံစွာ မဖြေကြားနိုင်သောကြောင့် စာမေးပွဲဆိုလျှင် ကျွန်ုပ်ကျလေပြီ။ Google ကတောင် ညွှန်းဆိုသော Zend Framework အား အခုချိန်ထိ မသွင်းတတ်သေးသည်မှာ ကျွန်ုပ်၏ လေ့လာမှု အားနည်းခြင်းကို ဖော်ပြနေလေသည်။ REST server…