စိတ်အချဉ်ပေါက်မှုများ

  • connection ကျနေချိန်မှာ bangan လိုင်းမှာ game , social network စတဲ့ site တော်တော်များများ ဘန်းလိုက်ပါတယ်။ ဆော့နေကျ ikariam.org လည်း ban ခံထိပြီ။ facebook.com လည်း ban ခံထိပြီ။  online ပေါ်တက်ရတာလည်း ၂၅ ရက်နေ့မတိုင်ခင်ထိ နှေးနေအုံးမှာ ဖြစ်တဲ့အတွက် gtalk , gmail ကို သာသုံးစွဲနေရပါတယ်။ Update : ည ၁၀ နာရီကျော်တော့ ်facebook ပြန်ဖွင့်ပေးပါတယ်။

  • တစ်ခါတစ်လေ ဘာလုပ်ရမယ်.. ဘာလုပ်သင့်လဲ… ဘယ်အခြေအနေက အဆင်ပြေဆုံးဖြစ်မလဲ… ဘာတွေ ဆက်လုပ်ရမလဲ… ဘာတွေ လုပ်လိုက်ရင် ပိုဆိုးသွားမလဲ… ဘယ်သူ့ဘက်မှာ ရှိရမလဲ.. ရွေးရကျပ်တဲ့အခြေအနေတွေ…. လုပ်ရကိုင်ရခက်တဲ့ အခြေအနေတွေ… ရှုပ်ရှက်ခက်နေတဲ့ အခြေအနေတွေ… ဘယ်လို ထိန်းချုပ်ရမလဲ… တစ်ယောက်တစ်မျိုး အကြံပေါင်းစုံထဲက… တစ်ခုခုတော့ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်..

  • MZ နှင့် MMEnglish ကို ခဏပိတ်ထားပါတယ်။ Dos ကြောင့် database connection မရတော့သောကြောင့်ဖြစ်သည်။ မြန်မာ IP ပိတ်ပြီး ပြန်စမ်းဖွင့်သော အခါ ပြန်ရပါသည်။ သို့သော် ရေရှည်မခံ။ နာရီ ဝက်တွင် freedom IP နဲ့ ဝင်ရောက်လာခဲ့သောကြောင့် connection ပြတ်တောက်ရပြန်သည်။ ထို့ကြောင့် အချို့ချို့သော မြန်မာများကြောင့် ခဏပိတ်ထားပါသည်။ ပြန်ဖွင့်မည် အချိန်ကိုမူ မသိရသေး။ အဘယ့်ကြောင့်ဆိုသော် Grid Processing Unit သည် အလုံး ၁၀၀၀ သာ အသုံးပြုခွင့်ရှိသည်။ ယခု အလုံး ၇၇၁ အထိ ရောက်ရှိနေပြီ။ ၂ နာရီအတွင်း ၇၇၀ မှ ၇၇၁ သို့ကူးပြောင်းသွားသည်။ ထို့ကြောင့် ၁၀၀၀…

  • လူတွေကပြောတယ်.. စေတန်ဆိုတာ နတ်ဆိုးတဲ့… သူဘာကြောင့်ဆိုးလဲ… လူတွေမေးကြည့်ဘူးလား… လူတွေ လေ့လာဘူးလား… တစ်ခါတစ်လေ… လူတွေဖိအားကြောင့်… လူတွေက ဆိုးလာကြတယ်… အရောင်ပြောင်းလာကြတယ်.. ကိုယ့်ဘာသာကိုယ် ကာကွယ်ခြင်းတွေလုပ်လာတယ်.. မူရင်းဘဝပျောက်ဆုံးပြီး… cover အပြည့်နဲ့ ဘဝကြီးကိုဖန်တီးလာတယ်.. လူဆိုးတွေက တဖြည်းဖြည်းဆိုးလာကြတယ်… လူကောင်းတွေက လူဆိုးတွေကို ပိုဆိုးလာအောင် ဖန်တီးလာကြတယ်.. သူမှန်တယ်.. ငါမှန်တယ်နဲ့… ရှုံးနိမ့်သူက လူဆိုးပဲ… သမိုင်းဆိုတာ အောင်နိုင်သူရေးခဲ့တာ… ဇူးနတ်မင်းကြီး ရေးခဲ့လို့ စေတန်က နတ်ဆိုးဖြစ်တာ ဖြစ်ကောင်းဖြစ်မယ်… သမိုင်းဆိုတာ အောင်နိုင်သူရေးတာပဲ… သူငယ်ချင်းတစ်ယောက်ပြောတယ်… ပြိုင်ငြင်းမနေနဲ့… ဘယ်သူမှန်တယ်ဆိုတာထက်.. ဘယ်သူနိုင်တယ်ဆိုတာကိုကြည့်… နိုင်တဲ့လူက မှန်တာပဲ… နိုင်တဲ့လူထဲမှာ သမိုင်းပဲ… အမှန်တရား… စာနာနားလည်ချင်း… ဝါးဟားဟားနဲ့ ရယ်လိုက်ချင်တယ်… ကိုယ့်အမြင်တစ်ခုနဲ့ ရပ်တည်နေတာလား.. ကိုယ့်အမြင်ကသာ အမှန်တရား.. အင်အားတောင့်သူကသာ အမှန်တရား..…

  • မအိပ်ရတာ ၄ ရက်ရှိပြီ… ဒီနေ့လည်း အိပ်ရမယ် မထင်ဘူး.. MZ ပွဲအတွက် DVD လုပ်နေတာ မပြီးသေဘူး… MZ site တစ်ခု offline လွယ်လွယ်ကြည့်လို့ရအောင် Ubuntu နဲ့ boot တက်မလို့ လုပ်နေတာ… နောက်ဆုံး ရခါနီးမှ… Ubuntu က boot မတက်လာတော့ဘူး… မီးချောင်းလည်း ကျွမ်းနေပြီ… အမှောင်ထဲမှာ မမြင်မစမ်းနဲ့ပဲ… Ubuntu အခွေပြန်ရှာရအုံးမယ်… :D ပြီးရင် အစကနေ ပြန်စရအုံးမှာလား… :( အခုတော့ ၃ နာရီ ထိုးနေပြီ…

  • အော်… လောကမှာ လူအမျိုးမျိုးပဲဗျ… တချို့တွေက အကျိုးအမြတ်မရှိလည်း ကူညီချင်ကြတယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ ကူညီချင်တယ်.. တချို့တွေက အကျိုးအမြတ်ရှိမှ သူများကို အနှောင့်အယှက်ပေးတယ်။ တချို့တွေကတော့ အကျိုးအမြတ်ရှိပဲ အလကားနေရင်း နှောင့်ယှက်နေကြတယ်။ အများအကျိုးအတွက်တောင် အနှောင့်အယှက်ပေးကြတယ်ဗျာ။ ornagai ကို ကျွန်တော် ဆောက်ထားတာ မကြာသေးပါဘူး။ အခုထက်ထိတော့ စာလုံးအသစ်တွေ ဝင်ထည့်ပေးတဲ့လူတွေကတော့ တော်တော်နည်းသေးတယ်။ အဲ… မင်း ornagai က စာလုံးလည်း မစုံပါဘူးကွာလို့ ပြောတဲ့လူကတော့ များသား… စာလုံးအသစ်ထည့်ဖို့က ပင်ပန်းတယ်… အပြစ်ပြောဖို့ကတော့ ပါးစပ်ဖျားတင်ပဲလေ… ထားပါ… ဒါကတော့ ခွင့်လွှတ်နိုင်တယ်.. နားလည်နိုင်တယ်…  ကျွန်တော် နားမလည်တာက ပေါက်တက်ကရ စာလုံးတွေ လျှောက်ထည့်တဲ့လူတွေ… မိုက်မိုက်ရိုင်းရိုင်း စာလုံးတွေ လျှောက်ဖြည့်တဲ့လူတွေ… နောက်ပြီးတော့ word ,…

  • Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအင်္ကျ ီမဝတ်ရဘူး။ ဒီအင်္ကျ ီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။

  • PAC လိုင်စင်…. တကယ် သုံးစားမရတာဗျာ… ထုတ်ထားတဲ့ စည်းကမ်းတွေက PAC တွေအတွက် စဉ်းစားသင့်တယ်…. သူတို့က ပိုက်ဆံပေးထားရတာ… ရတဲ့ service ကတော့ လူမိုက်ငှားဖို့လောက်ပဲ ရတာ… မြန်မာ unicode တွေ သေသေချာချာ စနစ်တကျ ရှိစေချင်တယ်ဆိုရင် PAC ကနေ ပဲသွားသင့်တယ်… ဆိုင်တွေတိုင်းမှာ မြန်မာ unicode တွေ မဖြစ်မနေ ထည့်ရမယ်… နောက်ပြီး keyboard တွေ မဖြစ်မနေထည့်ရမယ်.. လက်ကွက် စာရွက်ကို ထုတ်ထားပေးပါ.. စတာတွေ လုပ်ရင်တော့ Unicode က ဒီထက်ပို ကျယ်ပြန့်လာမှာ… ဆိုင်တွေမှာ ဘာ software တွေ မဖြစ်မနေထည့်ရမယ်..