စိတ်အချဉ်ပေါက်မှုများ

  • အခုတလော မြန်မာ IP 203.81.166.27 က DDos နဲ့တိုက်ခိုက်ရုံသာမကဘူး အခြားသော တိုက်ခိုက်ခြင်းတွေနဲ့လည်း တိုက်ခိုက်တယ်။ Login ဝင်မရအောင်လုပ်တာတို့ database ကြောင်အောင်လုပ်တာတို့ပေါ့။ gridserver သုံးထားတဲ့အတွက် ပြသနာက အေးပါတယ်။ ဒါပေမယ့် database အတွက် တခြားနည်းလမ်း စဉ်းစားရမယ်။ virus မဟုတ်ပဲနဲ့ လူတွေကို နှောက်ယှက်အောင် တမင်လုပ်နေတာလဲ မြန်မာကပဲ။ ဒီ post ကို ဖတ်ကြည့်တာနဲ့ မြန်မာတွေကို တော်တော်စိတ်ကုန်တယ်။ အကျင့်တွေက တဖြည်းဖြည်းပျက်လာပြီ။ အခုက မြန်မာတွေ တော်တာမဟုတ်တော့ဘူး။ စိတ်ဓာတ်အောက်တန်းကျကုန်တာ။ ဘယ်နည်းနဲ့ ဖျက်လို့ရမလဲ။ အခုက ဘယ်လိုဒုက္ခပေးရမလဲပဲ စဉ်းစားနေကြတာ။ သူများ ဒုက္ခရောက်ရင် ပြီးရောဆိုပြီး ကစ်နေကြတာလားမသိဘူး။ မြန်မာနိုင်ငံမှာ လူတော်ထက် လူဆိုးတွေက တဖြည်းဖြည်းတိုးပွားလာတယ်။ အဲလိုဒုက္ခပေးလို့…

  • Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google…. Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google… Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google… Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google… Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google…

  • အခုတလော Wimax connection တွေ လွန်စွာနှေးကွေးနေတယ်။ သုံးမရအောင် နှေးတယ်ဗျာ။ စနေ နဲ့ တနင်္ဂနွေကဆို ဘာဆိုဘာမှမရဘူး။ အင်တာနက်လည်းမရ အင်ထရာနက်လည်း မရ။ တော်တော်အခြေအနေဆိုးတာ။ ဘာဘာ ဘာမှ မရဘူး။ ဖုန်းဆက်တော့လည်း မရ။ ရပြန်တော့လည်း မကိုင်။ PAC ၅ သိန်း။ ဘယ်ရောက်နေလဲ။ ဒီအခြေအနေမျိုး ဘာမှမကူညီ။ အဲလိုမျိုး ဝန်ဆောင်မှု အတွက် ငွေတွေ အများကြီးပေးထားရတာလေ။ ပြောလည်းမောတာပဲရှိမယ်။ ဝန်ဆောင်မှုက နိတ္ထိ။ ဘာဆိုဘာမှမရှိ။ ငွေဆောင်ဖို့ဆိုလာထားပဲ။ ဒါဟာ PAC ပဲ။ PS: internet သုံးမရသောကြောင့် လူလည်းတော်တော်လေးပေါက်နေပြီ။

  • တဖြည်းဖြည်းဆိုးဝါးလာတော့ မပြောပဲ မနေနိုင်တော့ဘူး။ မြန်မာတွေအခြေခံစိတ်ဓာတ်ကိုက ပျက်စီးနေပြီ။ ကျွန်တော် သိချင်တာက virus ဘာလို့လုပ်တာလဲဗျ။ အဲဒါလုပ်တော့ကော ဘာထူးသွားလဲ။ တခြားနိုင်ငံမှာဆိုရင်တော့ ထောင်ကျဖို့သာ ပြင်ထား။ အမှန်တိုင်းဆို အခြေခံစိတ်ဓာတ် မကောင်းတဲ့ကောင်တွေ လို့ဆိုရမယ်။ ကျွန်တော်ပြောမယ်ဗျာ။ Computer တစ်လုံးကို ဖျက်စီးရတာ လွယ်လွယ်လေးပါ။ ဘာတွေလုပ်နေမှာလဲ။ Windows folder အောက်က ဖျက်လို့ရသမျှ folder တွေ file တွေဖျက်ချလိုက်။ C: အောက်က boot တက်မယ့်ဟာတွေ ဖျက်ချလိုက်ပေါ့ဗျာ။ မဖျက်ချင်ဘူးဆိုလည်း replace တွေလုပ်လိုက်ပေါ့။ နည်းနည်းသဘောကောင်းချင်ရင် တက်လာတဲ့ exe တွေကို ကိုယ့် virus နဲ့ replace လုပ်လိုက်ပေါ့။ အဲဒါလေးကို ကိုယ့်ကိုယ် hacker လို့ခံယူနေသေးတယ်။ မြန်မာတွေ ရှက်ကော…

  • ကျွန်တော်တို့ MZ ရတော့မယ်ဆိုပြီး ညက ပြန်လုပ်ကြပါတယ်။ file တွေပြန်တင်ကြတယ်။ ကိုမင်းကျော် တင်ပေးတာ ၂ ရက်လောက်ကြာတယ်ဗျ။ အဲလောက်စောင့်ရတာ။ database ပြန်တင်မယ်ဆိုကော webhostingpad ရဲ့ backup ထဲမှာ ပါမလာပါဘူးဗျာ။ တော်တော်တော့ တင်းသွားတာ။ ဒါနဲ့ edu ရအောင်လုပ်မယ်ဆိုပြီး ပြန်လုပ်တယ်။ အဲမှာကျတော့ database ပဲပါလာတယ်။ file ပါလာဘူး။ ဘာပြောလို့ပြောရမှန်းတောင် မသိဖြစ်သွားတယ်ဗျာ။ တော်တော်ညံတဲ့ webhostingpad ဗျာ။

  • အော်… လူတွေ လူတွေ… ကိုယ်ဘာလုပ်နေလို့ ဘာလုပ်နေမှန်းသိရဲ့လားမသိဘူး… ကိုယ်လုပ်နေတာ ဘာလဲဆိုတာ သိရဲ့လားမသိဘူး… အခုလည်း UCSY ကို မပိတ် ပိတ်အောင်လုပ်နေပြီ…. အဲလိုလုပ်တဲ့ကောင်မှ တကယ့်ကို ပညာရေးကို ဖျက်ဆီးတဲ့ကောင်တွေ…. နိုင်ငံကို ဖျက်ဆီးတဲ့ကောင်တွေ…. သေသေချာချာ တိတိကျကျမဟုတ်ပဲ… ကြားတာလေး တစ်စွန်းစ နှစ်စွန်းစနဲ့ သတင်းရေးတာ ကောင်းတဲ့အလုပ်မဟုတ်ဘူး… နောက်ပြီး မဟုတ်မမှန်တွေ မရေးသင့်ဘူး… ကိုယ့်ကျောင်းအကြောင်းမို့ ကိုယ်သိတယ်… ကျောင်းကလူတွေ နိုင်ငံရေး စိတ်ဝင်စားတာ မရှိသလောက်ပဲ… အကုန်လုံးက IQ မမြင့်ရင်နေမယ်… IQ နဲ့ EQ ကတော့ ကောင်းတာသေချာတယ်…

  • ရန်ကုန်မှာ ဆိုင်အချို့မှာ တင်ထားတာကို တွေ့ကြမှာပါ။ ဘာလေ့ကျင့်ခန်း ဘာလေ့ကျင့်ခန်းတွေဆိုပြီး။ ကျွန်တော့်အတွက် မလိုတော့ ကျွန်တော်လည်း ဝယ်မကျင့်မိဘူး။ ဒီနေ့ ညီလေး တစ်ယောက် ဝယ်လာတယ်။ ဘာတဲ့ 3D Animation လေ့ကျင့်ခန်းတဲ့။ ပြထားတဲ့ပုံကတော့ Game ထဲကပုံတွေဆိုတော့ လန်ထွက်နေတာပေါ့။ ကလေးသာသာပဲရှိသေးတော့ ပုံလှလှလေးတွေ့တော့ ငါလည်း ဒီလိုဆွဲလို့ရမှာပဲ ထင်ပြီး ဝယ်လာပုံရပါတယ်။ သူ့စက်ထဲမှာလည်း ဖတ်ရော မြန်မာစာတွေ မပေါ်ဘူး။ ဒါနဲ့ ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော့်ဆီမှာ စမ်းတယ်။ မပေါ်ဘူး။ သူက PDF နဲ့ထုတ်ထားတာမဟုတ်ဘူးဗျ။ Microsoft ရဲ့ ဘာ reader လည်းတော့ မသိတော့ပါဘူး။ PDF လိုမျိုးဟာပဲလေ။ မမှတ်မိတော့ဘူး။ ကျွန်တော့်ဆီမှာ မြန်မာ Font တွေ ဒီလောက်ရှိတာတောင် ဖတ်လို့မရဘူး။…

  • အော်… Unicode ဆိုတာနဲ့ ရန်တွေကဖြစ်နေကြပြန်ပြီ.. ကျွန်တော့်အထင်ကတော့ my.wikipedia.org ဆိုတာ ဗဟုသုတအကြောင်းအရာတွေရေးမယ်.. မျှဝေမယ်ပေါ့… အဲဒါကြောင့် အကြောင်းအရာတွေ အများကြီးရှိလာမယ်လို့လည်း မျှော်လင့်ထားတယ်။ အခုတော့…. ခေါင်းစဉ်တွေပဲ.. ဘယ်ဟာက စုံလဲ… ဘယ် အကြောင်းအရာတွေ ပြည့်ပြည့်စုံစုံရှိလဲ… မရှိဘူးဗျ… ခေါင်းစဉ်ပဲရှိပြီး.. အကြောင်းအရာတွေ မရှိ… အနှစ်မရှိပဲ အကာပဲရှိတာနဲ့ တူတယ်ဗျာ… recent changes မှာကြည့်လိုက်လည်း admin request မှာပဲ ပြည့်နေတာပဲ.. ဝင်ရေးတဲ့ အကြောင်းကလည်း မရှိသလောက်ပဲ.. admin တွေကိုယ်တိုင်ကလည်း admin ဖြစ်ရေးနဲ့ admin မပြုတ်ရေးပဲ ဂရုစိုက်နေကြတယ်..