life

  • ဘဝမှာ အသက် ၃၅ နှစ်ရောက်တော့ တော်တော်များများ လုပ်ခဲ့ပြီးပြီပဲ။ အခုတလော အလုပ်တွေများပြီး မအားတာနဲ့ လုပ်သည့် အလုပ်တွေ က ပိုက်ဆံ​ရသည့် အလုပ်တွေ မဟုတ်တာ။ (ပိုက်ဆံက ကြိုထုတ်ပြီးလို့ မရတော့တာ) စိတ်တွေညစ်နေပေမယ့် ဒီတစ်သက်လုံး လုပ်ခဲ့သမျှထဲမှာ နောင်တ ရစရာ မရှိသလောက်ပဲ။ ဘဝ တစ်ခုလုံးပြန်စဥ်းစားရင် သူငယ်ချင်းကနေ ၄ တန်း အထိ ကျောင်းအုပ်ဆရာမ ကြီး နဲ့ တူ နဲ့ ကျောင်း အတူတူတက်ခဲ့တုန်းက အာဏာပြခဲ့ရသည့် ဘဝတွေလည်း ကြုံခဲ့ရတယ်။ ဒါပေမယ့် ၅ တန်း မှာ ကျောင်းပြောင်းလိုက်တော့ ဟိုမှာ ကိုယ့်ကိုယ် အာဏာပြန်ပြမယ့် သူတွေ ကြီးနဲ့ ပဲ ကြုံခဲ့ရတော့ အခုအချိန် ပြန်စဥ်းစားမိရင် ရယ်ဖို့ကောင်းသား။…

  • (Personal post တစ်ခု ဖြစ်ပြီး အမြဲမှတ်မိအောင် blog မှာ ရေးမှတ်ထားခြင်းဖြစ်သည်) ဖေဖော်ဝါရီ ၁ ရက် ၂၀၂၁ မနေ့ မနက် ၆ နာရီ မှာ သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်လာလို့ ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး facebook ပေါ်တက် သတင်းတွေ ဖတ် ဖြစ်တယ်။ သေချာသွားပြီ ဆိုတာနဲ့ အရင်ဆုံး တွေးမိတာက လခ တွေ အမြန်လွှဲဖို့ပဲ။ နောက်ပြီး ချက်ချင်း ဒီနေ့ ရုံးမလာဖို့ Team မှာ အကြောင်းကြားထားလိုက်တယ်။ ဖုန်းတွေလည်း ပျက် အင်တာနက်လည်းပျက်တောက်သွားတော့ သဘောပေါက်လိုက်တာက ငါတို့ လုပ်ငန်းတွေ အင်တာနက် မရှိရင် code တောင်ရေးမရဘူး ဆိုတာ နားလည်သွားတယ်။ နေ့လည်ဘက်လောက်မှာ အင်တာနက်…

  • Blog ရေးလာတာ ၁၁ နှစ်တောင် ရှိခဲ့ပြီ။ နှစ်တိုင်းလည်း ကျွန်တော် blog စရေးဖြစ်ခဲ့သည့် အကြောင်းလေးတွေ ရေးတတ်တယ်။ အခုအချိန်မှာ blog ဆိုတာ facebook ပေါ်က post တစ်ခုလောက်တောင် လူတွေ မသိကျသည့် အချိန်ပါ။ သို့ပေမယ့် facebook post တွေထက် ကျွန်တော့် blog posts တွေကို ပိုတန်ဖိုးထားတယ်။ ဒီ ၁၁ နှစ်ကာလအတွင်းမှာ ကျွန်တော် ဘာတွေ လုပ်ခဲ့တယ် ဘာတွေကို စိတ်ဝင်စားခဲ့တယ်။ ဘာတွေကို လေ့လာခဲ့တယ် ဆိုတာတွေ အကုန်လုံးဟာ ကျွန်တော့် blog ပေါ်မှာ ရှိနေတယ်။ တစ်ခြားလူတွေ အတွက်တော့ သိပ်ပြီး အသုံးမဝင်လှပေမယ့် ကျွန်တော့် ဘဝ သမိုင်းကြောင်းကတော့ ကျွန်တော် ရေးသားခဲ့သည့်…

  • အခု စာရေးတဲ့ အချိန်က စင်္ကာပူမှာ ည ၁ နာရီထိုးနေပြီ။ မနက်ဖြန် တနင်္လာ ရုံးပြန်တက်ရတော့မယ်။ ဒီ အပတ် စနေ တနင်္ဂနွေ ရုံး အလုပ်နဲ့ပဲ အချိန်ကုန်သွားတယ်။ အင်္ဂါ နေ့ client ကို ပေးရမှာ ဖြစ်တာကြောင့် ပြီးအောင် လုပ်လိုက်ရတယ်။ တော်သေးတာကတော့ အိမ်မှာ အလုပ်လုပ်လို့ ရတာပဲ။ Weekend တွေဆိုရင် ရုံးမသွားချင်ဘူး။ ရုံးသွားရတာထက် အိမ်မှာ အလုပ်လုပ်ရတာ ပိုသဘောကျတယ်။ အဓိက ပြဿနာက product က ထင်သဘောက် မပြီးတော့ နောက်ဆုံး ကျွန်တော့် လက်ထဲ ရောက်လာပြီး လောလော နဲ့ လုပ်ခိုင်းတာပဲ။ အိန္ဒိယ ရုံးခွဲက လူတွေ က အလုပ်မလုပ်တာလည်း ဆိုတော့…

  • မတ်လ တုန်းက လုပ်ငန်းခွင် ဆိုပြီး post တစ်ခု ရေးခဲ့ဖူးပါတယ်။ အခုတလော ရုံးက အိန္ဒိယ ရုံးခွဲ နဲ့ အလုပ်လုပ်ရင်း သဘောပေါက်လာတာတွေ ရှိတယ်။ အိန္ဒိယမှာ ရုံးခွဲ ဖွင့်ပြီးကတည်းက လူကောင်းကောင်း မရသေးဘူး။ အခုနောက်ပိုင်း ခန့်ထားတဲ့ UI designer ကတော့ တော်တော် တော်တယ်။ အခြား iOS developer တွေ resume တွေထဲမှာ ရေးသလောက် သုံးမရဘူး။ နောက်ပြီး ရုံးခွဲအတွက် web developer ရှာတော့ resume ဖတ်ပြီး အင်တာဗျူးခေါ်ဖို့ လူရွေးရတဲ့ အလုပ်က ကျွန်တော့် ဆီ ရောက်လာပါကော။

  • အခုတလော စာရေးမယ်လို့ စဉ်းစားလိုက်တိုင်း အကျိုးမရှိတဲ့ အရာတွေပါပဲလေ လို့ စဉ်းစားမိပြီး မရေးဖြစ်တော့ဘူး။ အရင်တုန်းကလို စိတ်ထဲရှိတာကို မပေါက်ကွဲတတ်တော့ဘူး။ ပြဿနာ ကြုံတိုင်း စိတ်ပျက်နေမယ့် အစား ပေါက်ကွဲထွက်မယ့် အစား ဘယ်လို ဖြေရှင်းရမလဲဆိုတာကို စဉ်းစားတတ်လာတယ်။ အလုပ်ကို ပိုလုပ်တတ်လာတယ်။ Project Manager နဲ့လည်း အဆင်ပြေလာ သလို project တွေလည်း အချိန်ကိုက် ပြီးလာတယ်။ ရင်ထဲမှာ ရေးချင်တာတွေ ရှိတယ်။ သို့ပေမယ့် ရေးချလိုက်ရင် ဘာ အကျိုးထူးမှာလဲလို့ စဉ်းစားမိပြန်တယ်။ ကိုယ့်အတွက်လည်း အကျိုးမထူး ဖတ်တဲ့သူအတွက်လည်း ဘာမှ ရေရေရာရာ မဟုတ်ဘူးလို့ ထင်တာနဲ့ တစ်ညလောက် အိပ်ပြီး မနက်ရောက်မှ ရေးချင်ရင် ရေးတော့မယ်ဆိုပြီး နေခဲ့တဲ့ ရက်တွေက တစ်ရက်ပြီး တစ်ရက်…

  • code တွေနဲ့ ငါ တကုတ်ကုတ်… ဒီနေ့သစ် မနက်ဖြန်အဟောင်း….. နည်းပညာတွေပြောင်း…. ငါကတော့ တကောက်ကောက်… အဟောင်းတွေ ပျက်စီး… အသစ်တွေမွေးဖွား… ပြောင်းလဲနေတဲ့ နည်းပညာများ… ငါရပ်တည်နေတဲ့ လောက တစ်ခုတည်း… နောက်လောက ခုန်ဝင်ဖို့လည်း ကြိုးစားဆဲ… ခက်တာက နည်းပညာလောကပဲ…

  • Computer တက္ကသိုလ်အကြောင်း မရေးတာတောင် တော်တော်လေးကို ကြာခဲ့ပြီ။ ရေးချင်တာတွေ ရှိတယ်။ မရေးသင့်ဘူးထင်လို့ပေါ့။ draft ထဲရောက်နေတဲ့ post တွေအများကြီးပဲ။ publish မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် အခုအချိန်မှာ ပြောလည်း မောရုံပဲရှိမယ်လေ။ အခုအချိန်မှာ ကျောင်းက အစွန်းရောက် နေပြီ။ မိန်းကလေးတွေဆို ဟိုအင်္ကျ ီမဝတ်ရဘူး။ ဒီအင်္ကျ ီ မဝတ်ရဘူး။ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ တော်တော်များနေတာကို တွေ့ရတယ်ဗျာ။ ကျွန်တော် ခေတ်က ဘဝဆိုးလှပြီထင်တာ။ အခုခေတ် ကလေးတွေက University နဲ့ state ကျောင်း အတူတူလို့ပဲ ထင်ရလောက်အောင် ဆိုးရွားသွားတယ်။