စိတ်အချဉ်ပေါက်မှုများ
-
ကျွန်တော်တို့တွေ ဆိုင်အတွက် computer ကို budget သက်သက်သာသာ ရွေးဖြစ်ခဲ့တယ်။ ဟုတ်တယ်လေ။ budget များသွားရင် တခြားနေရာတွေမှာ မနိုင်တော့ဘူးလေ။ တစ်လုံးကို ၁ သောင်း ကွာရင် ၁၀ လုံးကို ၁ သိန်းကွာသွားမှာ။ ကျွန်တော်တို့ဆီမှာ အဲလောက် budget အများကြီးမရှိဘူး။ အကောင်းဆုံးဝယ်ရင် အကောင်းဆုံးရမယ်ဆိုတာ သိပါတယ်။ အဲလိုဆိုရင်လည်း opensource တွေ Free တွေက တန်ဖိုးမရှိတော့ သလိုပဲ။ အဲဒါကတော့ မဆိုင်ဘူးလို့ထင်တာပဲနော် :D ။ joomla ရဲ့ supporting ကို အကြိုက်ဆုံးပဲ။ နောက်ပြီး ubuntu ရဲ့ supporting အရမ်းသဘောကျတယ်။ ဒါပေမယ့် သူတို့က free & opensource ပဲ။ ထားပါလေ။…
-
glite.mysteryzillion.com ကြီး access denied တဲ့… အဲလို အားပေးတာ.. ကိစ္စမရှိပါ.. အခု mmglite.mysteryzillion.com ပြောင်းသွားပြီ…. MYSTERY ZILLION ကို ပိတ်ပစ်ရင် နောက်တစ်ခါ MyanTel က server room ထဲဝင်ရင် ပလပ်ပေါက်တွေ အကုန် ဖြုတ်လိုက်မှာ…. ဟီး… အခုတလော MICT ဘေးက MyanTel ရဲ့ server တွေထားတဲ့ data center #1 ကို အမြဲရောက်ဖြစ်နေတယ်… သတိထားပေတော့… saturngod.deviantart.com ကို ဘာကြောင့်မှန်းမသိ ပိတ်ခံထိ ကတည်းက ပေါက်နေတာ… အခု ထပ်ပိတ်ရင်တော့…. !!!!!
-
ကျွန်တော်တို့မြန်မာတွေ အလွယ်လိုက်လာတာကိုတွေ့ရတယ်။ လိုက်ချင်လည်းလိုက်စရာပဲလေ။ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံ မူလတန်းမှာကတည်းက အလွယ်လိုက်အောင် ရိုက်သွင်းလိုက်တယ်။ ဒါကြောင့် အသက်ကြီးလာတော့လည်း အလွယ်ပဲလိုက်လာပါတယ်။ တကယ်ရှာမတွေ့တာ သေချာပြီလား.. ရှာမတွေ့ဘူးဆိုမှ မေးပါ။ မေးထားတဲ့ အဖြေပဲ ထိုင်စောင့်မနေနဲ့။ ကိုယ်တိုင်ရှာပါ။ မတွေ့ဘူးလက်လျော့လိုက်ပြီဆိုမှ မေးပါ။ အခုတော့ Gtalk မှာတွေ့လည်း မေး။ အပြင်မှာတွေ့တဲ့ လူတွေကလည်း မေးချင်တာတွေ စုပြီးမေး။ မြန်မာတော်တော်များများ အဲလိုတွေဖြစ်လာတယ်။ ကိုယ်တိုင်လေ့လာနိုင်စွမ်းတွေ အများကြီးကျဆင်းလာတယ်။ Thesis ဆိုလည်း shadow အပ်။ စာမေးပွဲအောင်ဖို့ စာလုပ်တာ။ စာကိုသိချင်လို့ စာလုပ်တာမဟုတ်ဘူး။ ဒီလောက်ကျက်ရင် အောင်မယ်။ ဒီလောက်လုပ်ရင် အမှတ်ကောင်းမယ်။ ငါဘယ်လောက်ဖတ်မှ ဘယ်လောက်သိမယ်ဆိုတာ မဟုတ်တော့ဘူး။ အရမ်းကို ကျဆင်းလာတာ။ ကျွန်တော် ကိုယ်တိုင် တဖြည်းဖြည်း အလွယ်လိုင်းရောက်လာတယ်။ ဒါဟာမဖြစ်သင့်ဘူး။…
-
ဘာလိုလိုနဲ့ ၂၁ နှစ်တောင် ပြည့်ခဲ့ပြီပဲ… ဘဝကြီးမှာ ထူးခြားသွားတာဆိုလို့ ကျောင်းပြီးသွားတာပဲရှိတယ်… ဒီနေ့လည်း ပျင်းရိခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားရပြီ… ကြိုတင်စီစဉ်ထားတာလည်း ရုတ်တရက်ခရီးထွက်စရာ ပေါ်လာတာနဲ့ ဘာမှ မလုပ်နိုင်တော့ဘူး… ရန်ကုန်မှာ ဒီနေ့ရှိရရင်တော့ တော်တော်လေးကို ပျော်ဖို့ကောင်းမှာထင်တယ်… အခုတော့ တော်တော်လေးကို တနေ့တာကို map နဲ့ sahana နဲ့ပဲ အချိန်ကုန်နေတယ်… ဝမ်းသာစရာတစ်ခုတော့ရှိတယ်… ကျွန်တော် အရမ်းကြည့်ချင်တဲ့ kung fu panda ဒီနေ့ ရုံတင်ပြီလေ.. US မှာတင်တာနဲ့ တူတယ်… yahoo movie ကလည်း ကြည့်လို့ရပြီ.. trailer လေးကြည့်ပြီး.. အရမ်းသဘောကျနေတာ… အဲဒီ panda ကြီးက တော်တော်ချစ်ဖို့ကောင်းတယ်… ဇာတ်လမ်းလေးကတော့ သမာရိုးကျပါပဲ… ဒါပေမယ့် 3D ကတော့ တော်တော်လေးကောင်းတယ်ဗျာ……
-
အရင်တုန်းကတော့ AJAX ဆိုတာ ခက်ခဲတယ်… နောက်ပြီး GUI friend ဖြစ်တယ်လို့မထင်မိဘူး… ထင်လည်းထင်စရာပဲလေ… ရန်ကုန်က speed နဲ့ဆို သုံးနေရင်းတန်းလန်း မတက်လာတော့ဘူးလေ… နောက်ပြီး loading တွေကလည်း ကြာတယ်ပေါ့…. အခုအချိန်ရောက်တော့လည်း AJAX မပါရင် web လိုမမြင်တော့ဘူး… Sub Menu တွေပါလာရင် AJAX နဲ့ဆို ပိုကောင်းတာပေ့ါ…. ဒီလို Link ကြီးက ဘာဖြစ်တယ်.. ညာဖြစ်တယ်..ဆိုပြီး မြင်လာပါလေရော… နောက်ပြီး Side Bar တွေဆို AJAX မပါပဲ widget တွေ module တွေဆို ပိန်းလွန်းတယ်လို့ထင်တယ်… Joomla က module ပိုင်း ပိန်းတယ်ဆိုတာ အဲဒါပဲ… AJAX မသုံးပဲ ပုံမှန်…
-
အခုတလော 2co က နာမည်ကြီးလာတာနဲ့ မြန်မာနိုင်ငံက သုံးလို့ရမလားဆိုပြီး မနေ့က စမ်းကြည့်တယ်။ ရပါ့ဗျာ။ အေးဆေးပဲ။ singup တွေ ဘာတွေ ဝင်လို့ရတယ်။ ဒါနဲ့ ကျွန်တော်လည်း မနက်ဖြန်မှ ဝင်တော့မယ်လေဆိုပြီး လုပ်ထားတာ။ ဒီနေ့ ဝင်မယ်လည်း လုပ်ရော paypal လိုမျိုး ပိတ်လိုက်တာလားမသိ။ ဝင်မရတော့ပါ။ မနေ့က မြန်မာနိုင်ငံက IP နဲ့ ကျွန်တော်ဝင်လိုက်လို့များ ကြောက်လန့်ပြီး လုပ်လိုက်တာလားမသိဘူး။ ဘာဖြစ်လို့လည်းဗျာ။ မြန်မာနိုင်ငံကလူတွေ အနေနဲ့ကော ဝယ်လို့မရသင့်ဘူးလား။ မြန်မာနိုင်ငံက လူတွေက online ပေါ်ကနေ ငွေသုံးခွင့်မရှိဘူးလား။ အဓိပ္ပာယ်မဲ့သလိုပဲ။ အဲလိုမျိုးကြီးပိတ်တာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိမှာပါ။ မပြောချင်တော့ပါ။ မြန်မာနိုင်ငံကို စိတ်မကုန်ဘူး။ မြန်မာနိုင်ငံကို ပိတ်တဲ့ site တွေကို စိတ်ကုန်လာတာ။ ကြီးကျယ်တာလား…
-
bagan connection ကတော့ တော်တော်လေးကို ဆိုးရွားနေတာပဲ.. Page တွေကြည့်ရတာ အသေကြာပါ့… မေးကြည့်တော့ server ပြင်နေလို့… ရေအောက် cable ပေါက်လို့… ဒါကြောင့်ပါတဲ့… အင်း.. ဟုတ်မှာပေါ့လေ… page ကြီးကတော့ တက်တာ ကြာပေမယ့် download နှုန်းကတော့ ပုံမှန်ပဲ… စမ်းတော့ ဆန်းတယ်နော်… server က download ချရင် ကောင်းပြီး Page ကြည့်ရင်တော့ မကောင်းဘူးဆိုတော့… ဟီး… ပြင်နေတဲ့ server ကြီးက မျက်နှာလိုက်တယ်နဲ့တူတယ်… အင်း.. ကျွန်တော်ပြောလိုက်မှ download connection ကြီးပါ နှေးသွားရင် ဒုက္ခ… စေတန်ဖွလို့ ဖြစ်တာဆိုပြီး ဝိုင်းပြောအုံးမယ်… :P
-
အခုတလော hostmonster သုံးရတာ တော်တော်စိတ်ပျက်တယ်.. ကျွန်တော်ကတော့ hostmonster မှာ မဝယ်စေချင်ဘူး.. အခုတင်ထားတဲ့ ကြော်ငြာလည်း ဒီ post ပြီးရင် ဖြုတ်တော့မယ်.. တော်တော်လေးကို မကောင်းတာပါ… အဓိကတော့ copyright တွေအရမ်းလိုက်တယ်… နောက်ပြီး customer care အဲလောက်မကောင်းတဲ့ အပြင် server က တခါတလေ CPU က limit execess ဆိုပြီး ဖြစ်ဖြစ်သွားတတ်တယ်… အထူးသဖြင့် copyright ညှိတဲ့ post တွေ မိသွားခဲ့ရင် ပြဿနာရှာတတ်ပါတယ်… သူက နာမည်ကြီးဆိုတော့ copyright ထိန်းသိမ်းလို့နဲ့ တူပါတယ်.. ML ကတော့ Hostmonster ပြဿနာလုပ်တာနဲ့ ၂ ခါရှိပြီ.. စာအုပ်တွေ ဖျက်ချခံထိတာ… စိတ်တောင် ကုန်သွားပြီ..…