Knowledgebase
-
Q: Got Error Message www.jailbreakme.com ကိုသွားလိုက်ရင် အောက်ကလို message ပြတယ်။ Oops… It looks like the installer crashed last time you tried to jailbreak. :( It might work if you try again. Answer: အဲဒါဆိုရင် Browser ကို cache ရှင်းဖို့လိုပါတယ်။ Setting > Safari > Clear Cache အပြင် clear cookies ကို ပါ လုပ်လိုက်ပါ။ ပြီးရင် စက်ကို restart ချပြီး စမ်းကြည့်ပါ။
-
iOS4 တွေအတွက် jailbreak me ထွက်ပါပြီ။ Spirit jailbreak ကို ရေးခဲ့တဲ့ comex ကပဲ jailbreakme.com ဆိုပြီး ထပ်ဖန်တီးထားတာပါ။ jailbreakme က အခြား jailbreak တွေနဲ့ မတူတဲ့အချက်က online ကနေ တိုက်ရိုက် jailbreak လုပ်ရတာပါ။ download ချစရာမလိုပါဘူး။ jailbreakme.com ကို idevice နဲ့ သွားလိုက်ပါ။ ပြီးရင် jailbreak လုပ်ဖို့ slide လေးဆွဲလိုက်ပါ။ သူ download စပြီး ဆွဲပါလိမ့်မယ်။ ပြီးရင် cydia ကို သွင်းပါလိမ့်မယ်။ ပြီးသွားတဲ့အခါမှာ ကိုယ့် ရဲ့ Home Screen မှာ cydia လေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Cheer
-
Dropbox သုံးရင် ပြဿနာ တစ်ခု ကြုံရတတ်တယ်ဗျ။ ဥပမာ။။ ကျွန်တော်က project ကို htdocs အောက်မှာ ရေးရတယ်ဗျာ။ အဲဒီအတွက် sync လုပ်ဖို့ အမြဲ copy paste လုပ်မနေချင်ဘူးဗျာ။ ဒါနဲ့ ဒီနေ့ရှာကြည့်လိုက်တော့ dropbox website မှာ ရေးထားတာ တွေ့လိုက်ရတယ်။ Mac OSX နဲ့ Linux တွေဆိုရင် [lang name=”shell”]ln -s /path/to/folder/name_desired_folder/ ~/Dropbox/desired-folder[/lang] အဲလိုလေး terminal မှာ ရေးလိုက်ရင် ရပါတယ်။ ရမရကို terminal ကနေ cd နဲ့ သွားပြီး ls နဲ့ ကြည့်လိုက်ရင် ရပါလိမ့်မယ်။ ls နဲ့ ကြည့်လို့ရရင် setting မှန်ပြီပေါ့။ ကျွန်တော် symlink နဲ့ လုပ်လို့ရတာတော့ သိတာ…
-
iPad မှာက GPS ပါပါတယ်။ jailbreak လုပ်လိုက်ရင် အဲဒီ service ပျောက်သွားပါတယ်။ Open SSH သွင်းလိုက်တာနဲ့ အဲဒီ current location service က အလုပ်မလုပ်တော့ပဲ Your location could not be determined ဆိုပြီး ပေါ်နေပါတယ်။ အဲဒါကို fix မယ်ဆိုရင်တော့ cydia က source မှာ http://cydia.pushfix.info/ ကိုထည့်ပြီးတော့ iPad Location Services Fix ဆိုတာလေး သွင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
-
Mobile Web Application တစ်ခု ရေးတာပဲ ဖြစ်ဖြစ် Website လုပ်တာပဲဖြစ်ဖြစ် iDevice တွေအတွက်ဆိုရင်တော့ Meta tag တွေကို မဖြစ်မနေသိထားရတယ်။ Mobile Web ဆိုတာက အရင်ကတော့ iPhone, Android လောက်ပဲရှိပေမယ့် ipad ထွက်လာတော့ Web လောက ပြောင်းလဲသွားရပြန်ပါတယ်။ တနည်းပြောရင် iPhone အရွယ်အစားအတွက်လား iPad အတွက်လား ဆိုပြီး သီးသန့်ရေးလာရတာတွေ ရှိတယ်။ ပုံမှန် အားဖြင့် iPad အတွက် သီးသန့် ရေးဆွဲလေ့ မရှိဘူး။ iPad က လက်ရှိ width 960 လောက်ရှိတဲ့ website တွေနဲ့ ဆို အဆင်ပြေပါတယ်။ သူက 1024 X 768…
-
Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ်။ Dropbox ကို ကျွန်တော်တော့ တော်တော်သဘောကျပါတယ်။ Cloud ဆိုတဲ့ အဓိပ္ပာယ်ကို Dropbox က ကောင်းကောင်းပုံဖော်ပေးနိုင်တယ်။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ်ထင်တယ်။ အင်တာနက် connection အမြဲရှိတယ် သို့မဟုတ် အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ။ Dropbox က computer တစ်ခုကနေ တစ်ခု file တွေ stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်တယ်။
-
Cydia source မှာ http://cydyia.macforus.com ထည့်ပြီး Zawgyi Font ကို သွင်းလို့ရပါပြီ။ iPad,iOS4, iOS3.1 တို့ကို support လုပ်အောင် ပြန်ပြင်ထားပါတယ်။ Keyboard ကို သွင်းရန်မလိုပါ။ Keyboard အလုပ်မလုပ်သေးပါ။
-
PHP 5.3 မှာ သုံးလို့မရတော့တဲ့ function တွေပါလာပါတယ်။ ကျွန်တော်တောင် ornagai မှာ split function သုံးထားတာကို ပြန်ပြင်လိုက်ရတယ်။ အဲလိုအခါတွေမှာ ဘာ function အစားထိုးရမလဲဆိုတာကို သိထားဖို့လိုပါတယ်။ အဲဒီအတွက်လည်း php.net မှာ ညွှန်းဆိုထားပြီးသားပါ။ split အစား preg_split() ကို အစားထိုးသုံးရပါတယ်။ အခြား function တွေလည်း အစားထိုးပြောင်းလဲသုံးရတာတွေ ရှိပါတယ်။ deprecated လုပ်လိုက်တာလည်း ကောင်းပါတယ်။ အချို့ function တွေ duplicate ဖြစ်နေတာတွေရှိနေတယ်။ လိုလည်း မလိုလောက်ဘူးထင်တာပဲ။ အချို့ function တွေက သုံးတဲ့လူတော်တော် ရှားပါတယ်။