Knowledgebase

  • ဒီနေ့တော့ အလုပ်တော်တော်သက်သာသွားတယ်။ RSS read ဖို့အတွက် PHP နဲ့လည်း ရေးလို့မရ။ ရေးလို့မရဆို javascript က လာတာကို။ အဲဒီ အတွက် GET request နဲ့ လည်း မပို့ချင်။ အဲဒါနဲ့ YQL ကို သွားသတိရတယ်။ အရင်တုန်းက တစ်ခေါက် စမ်းဖူးတယ်။ ဒီ sites မှာ တွေ့ပြီး စမ်းဖူးတာလေးကို သွားသတိရလို့။ တော်တော်အဆင်ပြေသွားတာပဲ။

  • မနေ့က Ten Deadly Marketing Sins ဆိုတဲ့ စာအုပ်လေးဖတ်ဖြစ်တယ်။ Getting Real ကတော့ တစ်ဝက်ကြိုးနေပြီ။ အဲဒါလေးကိုလည်း ပြီးအောင် ဖတ်ရမယ်။ Ten Deadly Marketing Sins ဆိုတဲ့စာအုပ်ကလည်း ပါးပါးလေးမို့ ပြီးအောင် ဖတ်ဖြစ်လိုက်တယ်။ စာအုပ်က မဆိုးဘူးရယ်လို့ ဆိုရမယ်။ အကောင်းကြီးရယ်တော့ မဟုတ်ဘူး။ အဲ.. Ten Deadly Marketing Sins ဆိုပြီး english လိုမထင်လိုက်နဲ့အုံးနော်။ မြန်မာပြန်ဖတ်တာ။ ဒါကြောင့် မြန်တာ။ Getting Real ကတော့ iPodTouch လေးထဲမှာ ရုံးသွားရုံးပြန်လောက်ပဲ ဖတ်ဖြစ်တယ်။ လူက စာအုပ်ဖတ်ရင် လိုက်လိုက် စဉ်းစားတတ်တယ်။ Getting Real ဆိုတဲ့ စာအုပ်ကတော့ တကယ်ကောင်းတာအမှန်ပဲ။ Projects…

  • ဒီနေ့ Facebook မှာ One Piece က Luffy ဟာ Captain ဖြစ်သင့်တဲ့ အရည်အချင်းရှိမရှိ discuss လုပ်တော့ ခေါင်းဆောင်ဆိုတာ ဘာလဲလို့ စဉ်းစားမိတယ်။ ငယ်ငယ်က စာအုပ်တွေတော့ ဖတ်ဖူးတယ်။ ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ဖူးသေးတယ်။ အခုအချိန်မှာ ပြန်စဉ်းစားမိရင် အဲဒီ စာအုပ်တွေ ဖတ်ခဲ့တာက Design Pattern ကို လေ့လာရသလိုပဲ။ ဖတ်သာဖတ်လိုက်တယ်.. သိသလိုလိုနဲ့ တကယ်လက်တွေ့ရောက်တော့ သေချာမသိဘူး။ Design Pattern ကလည်း ကိုယ်တိုင် လက်တွေ့ကြုံခဲ့ဖူးမှပဲ အော်.. ဒီလိုလေး လုပ်လိုက်ရင် ရပါသလားဆိုပြီး စာအုပ်ဖတ်မိတဲ့ အချိန်မှာ တွေးမိတာပဲ။

  • သောကြာနေ့တိုင်းက Devfest ကိုသွားဖြစ်တယ်။ ရုံးက registration လုပ်ပေးထားလိုက်လို့ သွားလိုက်ရတာ။ အစက ရှိမှန်းတောင် မသိ။ ပွဲကတော့ အဓိက HTML5 နဲ့ Chrome အကြောင်းကို အဓိကပါပဲ။ ကျန်တာတွေက ကျွန်တော်လည်း သိပ်ပြီး စိတ်မဝင်စားမိဘူး။ App Engine ဆိုတာကကောင်းပေမယ့် Python သမားမဟုတ်တော့ ဘာမှမဟုတ်ပြန်ဘူး။ နောက်ပြီး Google က Google Storage အသစ်အကြောင်းလေး မိတ်ဆက်သွားတယ်။ နောက်ပြီး သဘောကျတာကတော့ Google Maps V3 API ပဲ။ သူပြသွားတဲ့ မိတ်ဆက်လေးကြည့်ပြီး ရန်ကုန်အတွက် Website လေးရေးကြည့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိသေးရဲ့။

  • လက်ရှိ mobile တွေမှာ ဇော်ဂျီ font default မပါလာပါဘူး။ mobile တွေကနေ ကြည့်ရင် ကိုယ့် site မှာ မြန်မာလို မမြင်ရတဲ့အတွက် အဆင်မပြေကြပါဘူး။ jailbreak မလုပ်ချင်တဲ့သူတွေ လုပ်လို့မရသေးတဲ့သူတွေအတွက်ပါ ကိုယ့် site ကို မြင်ချင်ရင် အောက်က plugin လေးကို download ချပြီး သွင်းလိုက်ရင် အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်ကတော့ လက်ရှိ wp touch plugin ကို Mobile အတွက် သုံးထားပါတယ်။

  • မနေ့ကတော့ ကျွန်တော် SCRUM အကြောင်းပြောသွားပါတယ်။ SCRUM အတွက် Web Base Project Management Tool တွေ ရှိပါတယ်။ အချို့တွေက Agile Buddy ကို သဘောကျပေမယ့် သူက Free မဟုတ်ပါဘူး။ SCRUM Tool တွေနဲ့ ပတ်သက်ပြီး Stackover flow မှာ ဆွေးနွေးထားတာလေးတွေ လည်းရှိပါတယ်။ အချို့တွေက Basecamp ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကတော့ သဘောအကျဆုံးက Manual နည်းပါပဲ။ Manual ဆိုတာ ကျွန်တော်ပြီးခဲ့တဲ့ Post တုန်းက Stand-up Meeting မှာ ပြသွားတဲ့ နည်းလေးပါပဲ။ Stackover Flow မှာ လူသဘောအကျဆုံး Answer ကလည်း ထိုနည်းအတိုင်းပါပဲ။ note cards whiteboards big…

  • ရန်ကုန်မှာတော့ ဘာကို သုံးလဲတော့ မသိဘူး။ ကျောင်းမှာတုန်းက Waterfall , VModel , Spiral တွေ သင်ခဲ့ရတယ်။ သင်တာ သင်ခဲ့ရတာ ဘာမှန်းလည်း သိခဲ့တာဟုတ်ပါဘူးလေ။ ပြီးခဲ့တဲ့ စနေနေ့က ရုံးမှာ SCRUM tranning ပေးတော့ သွားတက်လိုက်ရသေးတယ်။ Boss က ရုံးမှာ SCRUM သုံးပေမယ့် လက်ရှိ SCRUM ပုံစံနဲ့ အလုပ်လုပ်နေတာ စနစ်မကျသေးဘူးဆိုပြီး အကုန်လုံးကို ခေါ်ပြီး trainning ပေးတာပါ။ SCRUM ဆိုတာကတော့ Project Management ပညာတစ်ခုဖြစ်ပြီး Agile Development ထဲမှာ ပါဝင်တယ်လို့ဆိုလို့ရတယ်။ SCRUM ပေါ်လာတာကတော့ 10 နှစ်ကျော်နေပါပြီ။ ( ကျောင်းက SE စာအုပ်က ဘယ်ခုနှစ်ထုတ်လဲမသိ…

  • iPhone development မှာ Game တစ်ခုတည်း ရှိလားဆိုပြီး စဉ်းစားစရာ ဖြစ်လာပြီ။ iPhone Development လို့ဆိုလိုက်ရင် iPhone, iPodTouch, iPad စတာတွေ ပါဝင်လာပါတယ်။ တနည်းပြောရင် iPhone တစ်ခုတည်းအတွက်မဟုတ်တော့ပဲ iPodTouch နဲ့ iPad အတွက်ပါ အလုပ်လုပ်နိုင်တယ်လို့ ဈေးကွက် အခြား ဖုန်းဈေးကွက်ထက်စာရင် ပိုကြီးတယ်လို့ ဆိုနိုင်တယ်။ အဲဒီတော့ Game ဈေးကွက် တစ်ခုတည်းမဟုတ်တော့ပါဘူး။ ကျွန်တော် အပေါ်တုန်းက ပြောခဲ့သလို Active ဖြစ်နေတဲ့အထဲမှာ Book , Entertainment, Eduction, Travel စတဲ့ category တွေ ပါဝင်နေပါတယ်။ နောက်ပြီး iPad ဈေးကွက်က ဂျာနယ်တွေ မဂ္ဂဇင်းတွေ ဈေးကွက်တစ်လို ဖြစ်လာပါတယ်။