Knowledgebase
-
Ubuntu မှာ twitter client တွေ အဆင်မပြေကြဘူး… မြန်မာစာရိုက်တာ စာလုံးတွေ အပြည့်မပေါ်လို့လေ… အခုတော့ အဆင်ပြေသွားပြီဗျ.. spaz ဆိုတဲ့ဟာလေးသုံးလိုက်တာ… မြန်မာလိုလည်း ရိုက်လို့ရတယ်.. မြင်လို့လည်းရတယ်ဆိုတော့ မဆိုးဘူး.. အခုလက်ရှိတော့ spaz လေးကို ubuntu မှာ သုံးနေပါတယ်ဗျာ… adobe air ရှိဖို့လိုတယ်.. ရှိရင် http://funkatron.com/spaz#download သွားပြီး download ချလိုက်ရုံပါပဲ။
-
Ubuntu 9.04 အတွက် ကျွန်တော် လက်ရှိ Vista ကို ဖျက်လိုက်ရတယ်။ ဘာလို့လည်းဆိုတော့ Dual တင်မလို့လေ။ wubi နဲ့ က တင်တာတင်လို့မရဘူး။ root မတွေ့ဘူးပဲ ပြောနေတယ်။ ဒါကြောင့် dual တင်ဖို့ လုပ်တော့ Ubuntu Installer က C: ကိုမသိဘူးဗျ။ ntfs မှန်းလဲမသိဘူး။ ကို box ပြောတော့ စက်ရုံက ghost ရိုက်ထည့်ထားတာဖြစ်လို့ မရတာ ဖြစ်မယ်လို့ပြောတယ်။ ဒါနဲ့ C: ကိုဖျက် Windows တင်။ ပြီးတော့ Ubuntu တင်ပေါ့။ Ubuntu တင်လိုက်တော့ C: ပျောက်ပြီး Toshiba Recovery က C: ဖြစ်သွားတယ်။ Windows…
-
အခြားသူတွေတော့ မသိဘူး။ ကျွန်တော် Ubuntu မှာ pidgin သုံးပြီး mysteryzillion.com mail ကို ဝင်မရဖြစ်နေတယ်။ ဒါနဲ့ ဟိုရှာဒီရှာ နဲ့ ဒီလိုလေး ပြောင်းလိုက်လေ။ google app တွေအတွက်ပေ့ါ။ အချို့ gmail တွေလည်း ဝင်မရရင် သုံးလို့ရမယ်ထင်တယ်။
-
အခု Project တစ်ခုကို ၃ ရက်လောက်နဲ့ အပြီးရေးလိုက်ရတယ်။ Google Map API လေး သုံးပြီး ရေးရတာ။ google api ကတော့ အံဩဖို့ကောင်းလောက်အောင် documentation ပြည့်စုံတာပဲ။ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့လုပ်ထားပေးတယ်။ ကျွန်တော်က အဲလိုမျိုး Open Technology လေးလုပ်ချင်တယ်။ ကျွန်တော် လုပ်ထားတဲ့ code တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တယ်။ ခက်တာက အချိန်မရှိဘူး ဖြစ်နေတယ် :D ။ အဲမှာ ဘာတစ်ခု သွားတွေကလည်းဆိုတော့ IE မှာ onclick မရဘူးဗျ။
-
နောက်ဆုံးတော့လည်း kaspersky ပဲ ပြန်တင်ဖြစ်တယ်။ ဒီလိုဗျာ panda က cloud လေးကို စမ်းမယ်ဆိုပြီး kaspersky ကို ဖြုတ်ချလိုက်တာ cloud က ပေါ့လည်း ပေါ့တယ်။ မြန်လည်းမြန်တယ်ပေါ့။ ဒါပေမယ့် ပြဿနာ တစ်ခုသွားတွေ့တယ်။ online ရှိမှ virus စစ်လို့ရတာပဲ။ နာမည်အတိုင်းပဲဗျာ။ ဒါကြောင့် cloud လို့ပေးထားတာဖြစ်မှာ။ သူက virus defination ကို online ကနေပဲ စစ်တယ်။ ဒါကြောင့် offline update လည်းမလိုဘူး။ update လည်း လုပ်ပေးနေဖို့မလိုဘူး။ ခက်တာက မြန်မာနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် စက်က အချိန်တိုင်း Online မချိတ်ထားဘူး။ speed ကလည်း cloud သုံးရလောက်အောင် မမြန်တော့ cloud…
-
ဒီတစ်ခေါက် Personal Computer Magazine မှာ Unicode နဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်ပြည့်စုံစုံပါလာတာ တွေ့ရတယ်။ အဓိကအကြောင်းကတော့ ဇော်ဂျီကြီးပဲ တစ်ဝက်နည်းပါလောက် ပါလာတယ်။ Unicode ကို ဘယ်လို ကောင်းအောင် ဆက်လုပ်မယ်ဆိုတာထက် ဇော်ဂျီသုံးချင်း မသုံးချင်း အကျိုးအပြစ်တွေ တော်တော်များများပါတယ်ဗျ။ နောက်ပြီး ကိုရဲမြတ်သူရဲ့ ပြောချက်လေးတွေ ပါလာတာကိုလည်း တွေ့ရတယ်။ အထူးအဆန်း စကား တစ်ခုက MCPA ထဲကို ဇော်ဂျီ cell လေးတွေ ရောက်သွားတယ်ဆိုတဲ့ စကားလေးပါပဲ။ ရယ်လည်းရယ်ဖို့ကောင်းတယ်။
-
မြန်မာစာတွေ ရှာဖို့အတွက် Search Theory လေး စဉ်းစားကြည့်ရအောင်.. ကျွန်တော်လက်ရှိကတော့ ဇော်ဂျီနဲ့ပဲ စဉ်းစားထားတယ်.. ဘာလို့လည်းဆိုတော့ လက်ရှိ website တွေအားလုံးက ဇော်ဂျီကို အသုံးပြုနေလို့ပါ… ဇော်ဂျီမှာ ပြသနာရှိတယ်… အဲဒါကတော့ က ိ ု နဲ့ က ု ိ မတူတာပဲ.. သူ့မှာ rendering မပါဘူး.. ဒါကြောင့် ပြသနာဖြစ်နေတာ ( Unicode 5.1 မှာတော့ ဒီပြဿနာတွေ မရှိဘူး…. ) ဒါကြောင့် ဇော်ဂျီမှာ က ိ ု နဲ့ က ု ိ ရှာရင် ရတဲ့ result မတူဘူး… လက်ရှိ google မှာ ရှာရင်တောင်…
-
ဒီနေ့ greasemonkey script ကို လေ့လာရင်း ဘာစမ်းရင်ကောင်းမလဲ စဉ်းစားကြည့်တော့ HahaUni ကိုသွားသတိရတယ်။ ဒါနဲ့ပဲ HahaUni အတွက် greasemonkey ကို စမ်းရေးကြည့်ဖြစ်တယ်။ ဘာထူးလဲဆိုတော့ HahaUni site ကိုသွားစရာမလိုပဲ Unicode 5.1 site တွေကို Zawgyi နဲ့ကြည့်ုလို့ရတယ်။ ဒါပေမယ့် ပြသနာက ဘာလဲဆိုတော့ အကုန်လုံးကို ဇော်ဂျီပြောင်းလိုက်တာ ဆိုးတယ်။ Unicode နဲ့ Zawgyi တွဲသုံးထားရင် အဲဒီ site က ဖတ်လို့မရတော့ဘူးဗျ။ လက်ရှိတော့ my.wikipedia.org site တစ်ခုပဲ run ခိုင်းထားပါသေးတယ်။ သွင်းမယ်ဆိုရင် greasemonkey အရင်သွင်းထားရပါမယ်။ firefox ရဲ့ အောက်ကညာဘက် ထောင့်မှာ မျောက်ပုံလေးရှိနေမယ်ဆိုမယ် greasemonkey စတင်အသုံးပြုလို့ရပြီ။…
