Knowledgebase

  • ကျွန်တော် အရင်တုန်းက ကိုယ့်ကိုယ် developer တစ်ယောက်လို့ မဆိုရဲဘူး။ ဘာလို့လည်းဆိုတော့ အရံသင့် script တွေကိုပဲ အသုံးများခဲ့တယ်လေ။ Joomla , WordPress စတာတွေကိုပဲ အဓိကသုံးခဲ့တယ်။ ကိုယ်တိုင် own tune ရေးတယ်ဆိုတာ မရှိပါဘူး။ အခုတလော JQuery ကိုလေ့လာရင်း own tune လေးတွေ ရေးဖြစ်တယ်။ CMS ကြီး တစ်ခုတော့ ရေးဖို့ အချိန်မပေးနိုင်ဘူးပေါ့ ။ ဒါပေမယ့် ကိုယ် လိုချင်တဲ့ဟာ ကို ကိုယ်ကိုယ် တိုင်ဖန်တီးရတာ ပျော်ဖို့ကောင်းတယ်။ ရေးရတာ သိပ်ခက်ခဲရင် ကိုယ်တိုင်ရေးလိုက်တာ ပိုကောင်းတယ်ဗျ။ ကိုယ့်ဘာသာကိုယ် ကောင်းကောင်းပြုပြင်နိုင်တယ်။ လိုအပ်သလို ထပ်ဖြည့်နိုင်တယ်။ အခြား service တွေထပ်လုပ်နိုင်တယ်လေ။ ကျွန်တော်တို့အနေနဲ့ web developer…

  • Jquery နဲ့ ပတ်သက်တဲ့ tutirial လေးတွေပါ။ တော်တော်ကောင်းတယ်။ လိပ်စာကတော့ http://www.smashingmagazine.com/2009/01/15/45-new-jquery-techniques-for-a-good-user-experience/

  • ကျွန်တော်တို့အနေနဲ့ ubuntu ကို backup လုပ်ချင်တယ်ဆိုရင်တော့ အရှေ့မှာ ကျွန်တော်ပြောခဲ့သလို လုပ်ရင်လည်းရပါတယ်။ တကယ်လို့ … မင်းမှာရှိတဲ့ ပုံစံအတိုင်းငါ့ကို လုပ်ပေးကွာလို့ ပြောလာရင်တော့ ခေါင်းစားရလိမ့်မယ်။ ဒါမှမဟုတ် live cd or dvd , ကိုယ်ပိုင် buntu တွေလုပ်ချင်ရင် အဆင့်တွေအရမ်းများတယ်ဗျာ။ အဲဒီလိုတွေအတွက် ကျွန်တော်ကတော့ remastersys ကို အသုံးပြုစေချင်တယ်။ ရိုးတယ်။ရှင်းတယ်။ လွယ်ကူတယ်။ ဘာအဆင့်တွေမှလည်း မပါဘူးလေ။ သူ့ကို သွင်းမယ်ဆိုရင်တော့

  • trash ထဲမှာ ကျွန်တော် permission မပြောင်းပဲနဲ့ ရောက်သွားတဲ့ folder ရှိတယ်ဗျ။ မဖျက်ပဲထားတာ တော်တော်ကြာပြီ။ ဖျက်လို့လည်းမရ။ နောက်ပြီးတော့ restore လည်းမရဆိုတော့။ ဒီနေ့တော့ ရှာလိုက်အုံးမယ်ဆိုပြီး ရှာလိုက်တော့ အဆင်ပြေသွားတယ်။ terminal ထဲမှာ $cd $cd ~/.local/share/Trash/files $sudo rm -fr * ဆိုပြီးလုပ်လိုက်တာ လုံးဝ trash ရှင်းသွားတယ်ဗျာ။ လူလည်း တော်တော်လေးကို ပေါ့သွားတာပဲ။ နောက်မို့ဆို Ubuntu ဖွင့်တိုင်း မကျေမနပ်ဖြစ်နေရတယ်။

  • အခု project တစ်ခုအတွက် Mootools မသုံးပဲ jquery ပြောင်းသုံးမလို့လုပ်နေတယ်။ ကျွန်တော်က ပုံမှန် mootols သုံးနေကြပဲလေ။ သူကလွယ်တယ်။ ရေးရတာမြန်တယ်။ နောက်ပြီး demo လေးတွေကနေ အသုံးပြုလို့ရတယ်။ mootools ကိုတော့ လေ့လာဖြစ်တာကြာပြီ။ တချို့ code တွေကို google ကနေရှာပြီး ပြန်ပြင်ရေးနေကြ။ အခုတော့….

  • Twitter ဆိုတာ web 2.0 system တစ်ခုလို့ဆိုလို့ရပါတယ်။ ဘဝမှာ ခဏခဏ ကြုံရပါတယ်။ online ပေါ်မှာ အခုတလော ဘာလုပ်နေလဲ။ တစ်ယောက်မေးရင် ဖြေနိုင်တယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်မေးတော့ လက်ညောင်းလာပါတယ်။ အဲဒီအတွက် ကျွန်တော်က twitter သုံးပါတယ်။ ဘာလုပ်နေလဲမေးရင် twitter လိပ်စာလေးပေးလိုက်ပါတယ်။ အဲဒီမှာ ကိုယ်ဘာလုပ်နေလဲဆိုတာကို follow လုပ်ပြီး စောင့်ကြည့်နိုင်တယ်လေ။ ကိုယ့်သူငယ်ချင်းတွေ ဘာလုပ်နေလဲဆိုတာကိုလည်း စောင့်ကြည့်နိုင်တယ်။ ဒါတောင် မကဘူး steve job တို့ , google တို့တောင် twitter ကို အသုံးပြုကြပါတယ်။ သတင်းဌာနတွေ company တွေလည်း သုံးကြတယ်။ သတင်းဌာနက သတင်းထောက်တွေ သုံးထားတာကို လိုက်ထားခြင်းဖြင့် သတင်းထက် ပိုမြန်တဲ့…

  • တော်တော်လေး မူးနောက်သွားတယ်ဗျာ။ ဆိုးဝါးတာက excel 2007 ပဲ။ excel မှာ လုပ်ထားတဲ့ဟာတွေကို mysql ထဲ ထည့်ချင်တယ်။ ရှာတယ်။ မရဘူး။ ဒါနဲ့ csv ပြောင်းဖို့လုပ်တယ်။ အဲမှာ excel ကို တော်တော် ညစ်သွားတာ။ UTF-8 မပြောင်းပေးဘူးလေ။ အဲမှာသိလိုက်ပြီ။ ဆက်ကြိုးစားလို့မဖြစ်တော့ဘူး။ ဒါနဲ့ Openoffice.org ကနေ csv ပြောင်းတော့ အဆင်ပြေသွားတယ်။ ဟိုရှာ ဒီရှာနဲ့ mysql> LOAD DATA LOCAL INFILE ‘/host/Users/saturngod/Project/dictionary.csv’ INTO TABLE dblist FIELDS TERMINATED BY ‘,’ ENCLOSED BY ‘”‘ LINES TERMINATED BY ‘\n’; အဲလိုလေး…

  • ကျွန်တော်တို့တွေအနေနဲ့ windows Vista မှာဆို shift+ right click လုပ်လိုက်ရုံနဲ့ command prompt here ဆိုပြီးပေါ်လာတယ်။ XP မှာဆိုရင်တော့ ဒီမှာ ဖတ်ပြီး လုပ်လိုက်ရင် ပေါ်လာတယ်ဗျ။ အဲ… Ubuntu မှာ မရလို့ စိတ်ညစ်နေလား။ ရပါတယ်ဗျာ။ ကျွန်တော် သုံးနေတာတော့ ကြာပြီ။ ပြောပြဖို့မေ့နေလို့ဗျ။ ကျွန်တော်က ဒါလေးသွင်းလိုက်တယ်လေ။. $sudo aptitude install nautilus-open-terminal အဲဒါဆို အရမ်းအဆင်ပြေတယ်ဗျ။ cd , cd တွေနဲ့ အဆင့်ဆင့် သွားနေစရာမလိုဘူးလေ။ တော်တော်လေးကို အဆင်ပြေပြီး Ubuntu ကို သုံးရတာ ပိုကောင်းလာတယ်။