News

  • BlackBerry 6 ကတော့ မကြာခင်လာတော့မယ်။ ကျွန်တော်ကတော့ သိပ်တော့ မကြိုက်လှဘူး။ သူ့ထက်စာရင် Windows 7 Phone လေးတောင် နည်းနည်းသဘောကျသေးတယ်။ သဘောအကျဆုံးက iPhone ။ ပြီးရင်တော့ Android ပဲ။ အဲ.. လက်ရှိက Nokia Classic လေးပဲ ကိုင်နေတယ်။ ဖုန်းပြောလို့ရတယ်။ SMS ပို့လို့ရတယ်။ ဖုန်းကို ဖုန်းလိုသုံးနေပါတယ်။ http://www.youtube.com/watch?v=plWOkI_Urwo

  • မနေ့က Jailbreak ရတော့ လူက ထပ်လိုချင်လာပြန်ကော။ ဘာလည်းဆိုတော့ Multitasking ။ iOS 4 ခြင်း အတူတူဘာလို့မရရမှာလဲ။ ဒါနဲ့ရှာကြည့်တော့ 3G အတွက်တွေ့တယ်။ 3G မှာပြောထားတဲ့ file က iPodTouch မှာ မရှိ။ ဒါပေမယ့် နာမည်ဆင်တူ တဲ့ file လေးတော့တွေ့တယ်။ အဲဒါနဲ့ 3G မှာ ပြောထားတဲ့အတိုင်း လုပ်။ ပြီးတော့ restart ချ။ ဟော… မတက်လာတော့ဘူး…

  • ထူးတေဇာ ကို promo code ပေးထားတာတော့ တော်တော်ကြာပြီ။ ornagai ကို update လုပ်ဖို့အတွက် Give Aways တွေ အကုန်ပြီးမှ update လုပ်မလို့။ fixed လုပ်စရာလေးတွေ ရှိသေးတယ်။ error အချို့ fixed လုပ်ဖို့အတွက် Aug 8 လောက်မှ update တင်မယ်။ Aug 16 လောက်ဆိုရင်တော့ update လုပ်လို့ရလောက်ပြီထင်တယ်။ တေဇာ လုပ်ထားတဲ့ ကြော်ငြာကတော့ လန်ထွက်တယ်။ သဘောရေလည် ကျသွားတယ်။ မိုက်တယ်ဗျာ။ တော်တော်လေးကို လန်းတာ။ http://www.htootayzar.com/myblog/2010/08/ornagai-iphone-dictionary-app-give-away မှာ သွားပြီး comment ပေးပြီး ornagai app ကို ရယူနိုင်ပါတယ်။

  • MZBlogNetwork ကို Flipboard နဲ့ စမ်းကြည့်ထားတာ။

  • iOS4 တွေအတွက် jailbreak me ထွက်ပါပြီ။ Spirit jailbreak ကို ရေးခဲ့တဲ့ comex ကပဲ jailbreakme.com ဆိုပြီး ထပ်ဖန်တီးထားတာပါ။ jailbreakme က အခြား jailbreak တွေနဲ့ မတူတဲ့အချက်က online ကနေ တိုက်ရိုက် jailbreak လုပ်ရတာပါ။ download ချစရာမလိုပါဘူး။ jailbreakme.com ကို idevice နဲ့ သွားလိုက်ပါ။ ပြီးရင် jailbreak လုပ်ဖို့ slide လေးဆွဲလိုက်ပါ။ သူ download စပြီး ဆွဲပါလိမ့်မယ်။ ပြီးရင် cydia ကို သွင်းပါလိမ့်မယ်။ ပြီးသွားတဲ့အခါမှာ ကိုယ့် ရဲ့ Home Screen မှာ cydia လေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Cheer

  • မနေ့က flipboard အတွက် font တွေကို တော်တော်ရှာလိုက်ရတယ်။ iPad မှာက font တွေက အများကြီးပဲ။ Flipboard မှာ font 2 ခု လောက်သုံးထားတယ်။ Title font နဲ့ Content font မှာ Content font ပဲ ရှာတွေ့တယ်။ အခု Flipboard နဲ့တော့ မြန်မာစာကို ဖတ်လို့ရပြီ။ Title က မြန်မာလို ဆိုရင်တော့ မရသေးဘူး။

  • ဒီနေ့ စကာင်္ပူမှာ iPhone 4 ကို Plan မပါပဲနဲ့ ဝယ်လို့ရပါတယ်။ ဒီနေ့ Signtel က iPhone 4 တွေ စရောင်းပါပြီ။ Signtel ကတော့ Online appointment နဲ့ လုပ်တယ်နဲ့တယ်။ M1 နဲ့ Starthub ကတော့ တန်းစီရတယ်လို့ ကြားပါတယ်။ အဲဒီ သတင်းတော့ သေချာမသိသေးပါ။ Plan ကတော့ iPhone 3Gs တုန်းက ထက် သက်သာသလိုပါပဲ။ iPhone 4 မှာ speaker အသံ မကောင်းဘူးလို့လည်း သိရပါတယ်။

  • Flipboard ဆိုတာကတော့ iPad မှာ နာမည်ကြီး app ပါ။ သူက twitter ကို News Site လိုကြည့်လို့ရအောင် ဖန်တီးလို့ရပါတယ်။ Facebook Status တွေ နောက်ပြီး Titter မှာ ကိုယ် Follow လုပ်ထားတာတွေ Newspaper လို ကြည့်လို့ရတယ်ဗျ။ တော်တော်ကောင်းတယ်လို့ဆိုလို့ရမယ်။ Twitter က username တွေလည်း ထည့်ပြီး Newspaper လို ဖတ်လို့ရတယ်။ ဒီနေ့ စမ်းကြည့်တာ မြန်မာလို တွေ မပေါ်ဘူး။ အဲဒါကို ကျွန်တော် ဒီ weekend မှာ fixed ကြည့်လိုက်အုံးမယ်ဗျာ။ ဘာ font မှန်မသိတော့ လုပ်ရတာ နည်းနည်းခက်နေတယ်။