News
-
Facebook မှာ လက်ရှိ English Langauge ကို Spanish (Español) ပြောင်းလိုက်ပြီး Birthday နေရာကို စစ်ကြည့်လိုက်ပါ။ Birthday: ဆိုတဲ့ နေရာမှာ စာလုံးပြောင်းသွားပါလိမ့်မယ်။ ဖြစ်သင့်တာက Cumpleaños : ဆိုပြီးပေါ်နေရမှာ ဖြစ်ပေမယ့် အခုတော့ F**k you B*tches ဆိုပြီး ပြောင်းသွားတယ်ဗျ။ အခုမှ စမ်းပြောင်းကြည့်ရင်တော့ ရချင်မှ ရတော့မယ်။ facebook က အဲဒါမျိုး ဆို ချက်ခြင်း fixed ပါတယ်။ အရင်တုန်းက translation အကူအညီတောင်းတုန်းက တစ်ယောက်ယောက် ဝင်လက်ဆော့ထားတာကြောင့် ဖြစ်မယ်ထင်တယ်။ reference: http://techcrunch.com/2010/07/29/no-fuck-you-facebook/
-
မနေ့က Dropbox ကို ကျွန်တော့် refer နဲ့ register လုပ်ကြတာ ၂၁ ယောက်တောင်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ ပထမ 4G ပဲရှိတာကနေ အခုတော့ 9.25 GB ထိ ဖြစ်သွားပြီ။ ၁ ရက်တည်းနဲ့ 5 GB ရသွားတယ်။ သူက လူတစ်ယောက်ကို 8 GB ထိပဲ ရခွင့်ပြောထားပေမယ့် ဘာလို့ ကျွန်တော် 9.25 ထိ တောက်လျှောက် တက်နေတာလဲမသိဘူး။ ကြည့်ရတာ 8GB အထက် ရတယ်နဲ့တူတယ်။ အကုန်လုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ လာဖတ်တဲ့သူတွေကော Dropbox register လုပ်ပေးတဲ့သူတွေကော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။
-
iPad က 16GB wifi ပဲ ဝယ်ခဲ့ပါတယ်။ S$728 ကျပါတယ်။ 3G ကိုတော့ မဝယ်ခဲ့ပါ။ ကျွန်တော့်အတွက် 3G က လိုမှမလိုတာ။ Cover ကတော့ S$53 ပေးရပါတယ်။ ကဲ.. အခုတော့ ဓာတ်ပုံလေးတွေပဲ ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ ပြီးမှ iPad ဝယ်ဖို့ တန်းစီခဲ့တဲ့ ပုံလေးတွေ ထပ်တင်ပေးပါမယ်။
-
PHP 5.3 မှာ သုံးလို့မရတော့တဲ့ function တွေပါလာပါတယ်။ ကျွန်တော်တောင် ornagai မှာ split function သုံးထားတာကို ပြန်ပြင်လိုက်ရတယ်။ အဲလိုအခါတွေမှာ ဘာ function အစားထိုးရမလဲဆိုတာကို သိထားဖို့လိုပါတယ်။ အဲဒီအတွက်လည်း php.net မှာ ညွှန်းဆိုထားပြီးသားပါ။ split အစား preg_split() ကို အစားထိုးသုံးရပါတယ်။ အခြား function တွေလည်း အစားထိုးပြောင်းလဲသုံးရတာတွေ ရှိပါတယ်။ deprecated လုပ်လိုက်တာလည်း ကောင်းပါတယ်။ အချို့ function တွေ duplicate ဖြစ်နေတာတွေရှိနေတယ်။ လိုလည်း မလိုလောက်ဘူးထင်တာပဲ။ အချို့ function တွေက သုံးတဲ့လူတော်တော် ရှားပါတယ်။
-
Myanmar Tutorials မှာ Ornagai iPhone app မဲဖောက်ပေးပါမယ်။ promo code 5 ခု ရှိတဲ့အတွက် လူ ၅ ယောက် Ornagai iPhone app က free ရနိုင်ပါတယ်။ မြန်မာနိုင်ငံကလူတွေလည်း iTune Account ကို US store ကနေ တဆင့် No Credit card နဲ့ register လုပ်လို့ရပါတယ်။ Promo code မဲပေါက်ခဲ့ရင် iTune Store မှာ Redeem code လေးထည့်ပြီး Ornagai ကို ရယူနိုင်ပါတယ်။ တကယ်လို့ ဘယ်လို Redeem code သုံးရမှန်း မသိဘူးဆိုရင်တော့ ဒီ link…
-
အခုပဲ ဖတ်လိုက်ရတယ်။ July 23 ဆိုရင် iPad Singapore မှာ ဝယ်လို့ရတော့မယ်။ စလုံးက iCrazy တွေ ဘယ်လိုလာမလဲမသိ။ စလုံးကတော့ တော်တော်များများ Apple သုံးတာ များတယ်။ DevFest သုံးတာ လာတဲ့သူတွေ တော်တော်များများက Macbook Pro တွေနဲ့ iPhone , Android တွေနဲ့ ပဲ။ အဲ.. Android ဆိုလို့ Google ကနေ Android ဝယ်လို့မရတော့ဘူးဗျ။ Google က order ကို ပိတ်လိုက်ပြီ။ ထပ်ဝယ်လို့မရတော့ဘူး။ လိုချင်လွန်းလို့ပါဆိုရင်တော့ Android Developer Account $25 ပေးပြီး ဝယ်လို့တော့ ရသေးတယ်။ Eurpoe နဲ့ South Korea…
-
ဒီနေ့ ReadWriteWeb မှာ ဖတ်လိုက်ရတာနဲ့ Chromium ကို download ချပြီးတော့ စမ်းကြည့်ဖြစ်လိုက်တယ်။ Chrome OS က ပုံစံအတိုင်း Chromium နဲ့ လုပ်လို့ရတယ်ပေါ့။ Mac မှာကတော့ Chromium ကို Web App တွေနဲ့ တွဲသုံးဖို့အတွက် ဒီအတိုင်းဖွင့်လို့မရဘူး။ Windows မှာလည်း short cut ရဲ့ target မှာ –enable-apps ဆိုတာ ထပ်ဖြည့်ပေးရတယ်။
-
ကဲ.. အခု iPhone SDK မှာ ဇော်ဂျီရသွားပါပြီဗျာ။ iPhone SDK 3.2 ကနေ စပြီး iPhone Development မှာ Custom Font ယူသုံးလို့ရသွားပြီ။ ရေးရတာလည်း တော်တော်လွယ်ပါတယ်။ ဘယ်လိုရေးရလဲဆိုတာကိုတော့ http://doli.at/2010/05/08/custom-fonts-ipad/ အဲမှာ ကြည့်လိုက်ရင် ရပါတယ်ဗျာ။ ကျွန်တော်သုံးနေတဲ့ iPodTouch iOS4 no jailbreak မှာ မြင်ရတဲ့ ပုံပါ။ နောက်ပြီး Ornagai App မှာ မြန်မာစာ စာလုံးအမှားတွေ အများကြီးတွေ့ရပါတယ်။ တကယ်လို့ အမှားတွေ့လို့report လုပ်လိုလျှင် http://goo.gl/6SJm မှာ report လုပ်နိုင်ပါတယ်။