News
-
HTML စာအုပ်ကတော့ ရေးဖူးပါတယ်။ အခု HTML5 ရောက်လာတော့ စာအုပ်ထဲမှာ ထပ်ဖြည့်စွက်ဖို့ လိုတာလေးတွေ ရှိတယ်။ အခုတော့ နည်းနည်းခြင်းဆီ စုပြီး ဖော်ပြသွားပါမယ်။ HTML 5 မှာ အသစ်သုံးပြုလို့ရတဲ့ form attribute တွေကို MZ Edu မှာ ပြန်ရေးထားပါတယ်။ HTML5 နဲ့ ပတ်သက်တာလေးတွေကို နည်းနည်းခြင်းဆီ အပိုင်းလေးတွေ အလိုက် စုပြီး ဖော်ပြသွားပါမယ်။ http://edu.mysteryzillion.org/html5-form
-
အခုတလော နာမည်ကြီးနေတဲ့ Sencha Touch ကို စမ်းမယ် စမ်းမယ်နဲ့ မစမ်းဖြစ်လို့ အခုစမ်းကြည့်လိုက်တယ်။ တော်တော်မိုက်တာပဲဗျ။ ကိုယ့်မှာ iPad မရှိတော့ iPad view ဘယ်လိုပေါ်လဲဆိုတာကို Simulator နဲ့ပဲကြည့်နေရတယ်။ iPad Simulator က သေးသေးလေး။ Sencha ဆိုတာက ဂျပန် လက်ဖက်စိမ်း လို့ ခေါ်တယ်ထင်တယ်။ သူက jQTouch ထက်သာတာက အများကြီးပဲ။ iPad အတွက်နဲ့ iPhone အတွက် design ကို page တစ်ခုတည်းနဲ့ ဖြစ်အောင် လုပ်လို့ရတာလေးတော့ သဘောကျတယ်။ Code တွေကတော့ weekend မှပဲ လေ့လာတော့မယ်။ အခုတလော လုပ်ချင်တာတွေ အရမ်းများနေတယ်။ အလုပ်မှာလည်း မအားတာနဲ့ တခြားဘာမှ မလုပ်ဖြစ်ဘူး။…
-
ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။ https://videopress.com/v/wp-content/plugins/video/flvplayer.swf?ver=1.21
-
ဒီနေ့ မနက် blog ကို ဖွင့်လိုက်တာနဲ့ wordpress 3.0 upgrade လုပ်လို့ရပြီဆိုတာနဲ့ တစ်ခါတည်း လုပ်ပလိုက်တယ်။ ညရောက်မှပဲ wordpress 3.0 မှာ ပါလာတဲ့ feature အသစ်တွေ ရေးတော့မယ်။ သာမာန် user တွေအတွက် သိသိသာသာ မရှိပေမယ့် Developer တွေအတွက်တော့ အရမ်းကောင်းတဲ့ API တွေ ထပ်ပါလာတာပဲ။
-
Ornagai iPhone app ကို apple app store မှာ ဝယ်လို့ရပါပြီ။ English To Myanmar Dictionary ဖြစ်ပြီး မြန်မာစာ အတွက် jailbreak လုပ်ဖို့မလိုပါ။ နောက်ပြီး ၁ လ ၁ ကြိမ် data update များ လုပ်သွားမှာ ဖြစ်ပြီး feature အသစ်များ ထပ်ဖြည့်သွားမှာပါ။ Lite version ကို free ပေးဖို့အတွက်လည်း ကြိုးစားနေပါတယ်။ မကြာခင်မှာ free ရတဲ့ Lite version ပါ app store မှာ တင်နိုင်အောင် ကြိုးစားနေပါတယ်။ Ornagai Project မှာ $1 ပါဝင် ကူညီတဲ့အနေနဲ့ iPhone…
-
Options > Under the Hood tab >Change font and language settings > Languages tab > Uncheck the “Check spelling” checkbox. ဒါဆိုရင် မြန်မာလို ရိုက်လို့ရသွားပါမယ်။ Thank လင်းဇော်ဝင်း PS: Mac မှာဆိုရင်တော့ http://kfalck.net/2009/12/15/how-to-disable-google-chrome-spell-checking-on-mac-os-x အဲမှာ ဖတ်ကြည့်ပါ။ Spell check disable လုပ်ပုံ လုပ်နည်း ရှိပါတယ်။ Chrome နဲ့ Chromium မတူတာကို သတိထားပါ။
-
Safari 5 က reader ကတော့ တော်တော်မိုက်တယ်။ အရင်က ထက် စာဖတ်ရတာ ပိုအဆင်ပြေသွားတာပေါ့။
-
Chrome version အသစ်မှာ မြန်မာစာ နဲ့ English စာ တွဲရိုက်လို့မရ။ Mac မှာကတော့ အရင်ကတည်းက မရတာ။ အခု Windows မှာလည်း မရတော့ဘူး။ Chrom 5 မှာ stable ဖြစ်သွားလို့နဲ့ တူပါတယ်။ မြန်မာစာ မရတော့တာ။ အရင်တုန်းက stable မဖြစ်ခင်တုန်းက ရှောင်လင်ပြောသလို bug ကြောင့် မြန်မာစာ ရတာဖြစ်မယ်။ Mac မှာမရတော့ သုံးမရဘူး။ Chrome ကို ပြောင်းသုံးဖို့ စဉ်းစားပေမယ့် Blog တွေ facebook မှာ မြန်မာလိုမှ ရိုက်လို့မရတော့ မသုံးဖြစ်တော့ဘူး။ Chrome မှာလည်း chrome addon ကောင်းကောင်းလေးတွေ ရှိတယ်။ သို့သော် …. မြန်မာစာ…