News

  • Download ထဲမှာ ထည့်ထားပေမယ့် အချို့တွေ download ချမရဘူးဆိုတာကြောင့် သီးသန့် http://books.saturngod.net ကို ဖန်တီးထားပေးပါတယ်။ ရေးလျက်စ HTML 5 စာအုပ်ကိုလည်း ဖတ်နိုင်ပါတယ်။ အခု Chapter 3 ရောက်နေပြီး မနက်ဖြန် chapter 3 ပြီးလောက်မယ် ထင်ပါတယ်။ မသိတာများရှိရင် တစ်ခါတည်း မေးလို့ရအောင် disqus comment system ကို အသုံးပြုထားပါတယ်။

  • ဒီနေ့တော့ iOS bootcamp Day 2 ပြီးသွားပါပြီ။ မနက်ပိုင်းမှာ ကိုမျိုးကျော် က memory အကြောင်း ရှင်းပြပြီးတော့ သူ ဝယ်ထားတဲ့ video တွေကို မျှဝေပေးပါတယ်။ ပြီးတော့ ကျွန်တော် calculator app ကို မနက်ပိုင်း ၁ နာရီ လောက်ထိ သင်ဖြစ်တယ်။ ညနေ ပိုင်း အချိန်မှာတော့ Restful အကြောင်းရှင်းပြတယ်။ oAuth 2 အကြောင်း ရှင်းပြတယ်။ ပြီးတော့ Restful သုံးပြီး twitter လို app တစ်ခု ရေးဖြစ်တယ်။ GET , POST , DELETE မှာ ကျွန်တော်တို့တွေ GET နဲ့ DELETE ပဲ…

  • သောကြာနေ့က register လုပ်တာကို website မှာ ပိတ်ပြီးတော့ စနေ နေ့မှာ လူ စာရင်းကို အကြမ်းပြုစု ကြည့်ပါတယ်။ Register လုပ်ထားသူပေါင်း ၂၁ ယောက် ရှိပါတယ်။ ၈ ယောက် ကတော့ macbook ရှိပြီးတော့ အဲဒီ ၈ ယောက်မှာ ၁ ယောက်က programming အခြေခံ မရှိပါဘူး။ အဲဒီ ၂၁ ယောက်ထဲမှာ ဒီလို မျိုး လူ ရွေးချယ်ပြီးတော့ email ပို့ထားပါတယ်။ ၁။ macbook ရှိပြီးတော့ Programming တတ်သူ ၂။ macbook မရှိသော်လည်း Objective-C တတ်ထားသူ ( ရုံးတွင် လေ့လာသူ ဖြစ်ပါလိမ့်မည် ။ register…

  • ဒီနေ့ Zite ဖတ်ရင်း နဲ့ မျိုး အကြောင်းရေးထားတာ ဖတ်မိတယ်။ MYO ဆိုလို့ မြန်မာ နာမည် မျိုး နဲ့ ခပ် ဆင်ဆင်ပါပဲ။ leap motion လိုမျိုး GESTURE CONTROL တစ်ခု ပါပဲ။ တခြား GESTURE CONTROL နဲ့ မတူတာက သူက လက်မှာပတ်ထားရပြီးတော့ လက်ဖျံ က ကြွက်သားနဲ့ gesture ကို ထိန်းတာပါ။ ဒါကြောင့် camera မလိုပဲ နဲ့ gesture ကို အလုပ်လုပ်နိုင်ပါတယ်။ leap motion ကတော့ အထဲမှာ camera ၆ ခုလောက်နဲ့ gesture ကို control လုပ်ထားတာပါ။ leap motion…

  • Google Glass တပ်ထားရင် ဘာတွေ မြင်ရမလဲ ဆိုတာကို ပြထားတဲ့ Video လေးပါ။ အဲဒါကို ကြည့်ရင်း Sword Art Online နဲ့ Accel World ကိုတောင် သွားသတိရမိသေးတယ်။ http://www.youtube.com/watch?v=v1uyQZNg2vE

  • ကျွန်တော်တို့တွေ ရန်ကုန်မှာ iOS bootcamp လုပ်ဖို့ ကြိုးစားနေပါတယ်။ iOS Bootcamp ဆိုတာကတော့ အဲဒီ ရက်မှာ ကျွန်တော်တို့တွေ iOS App Development ကို အခြေခံကနေ စသင်မယ်။ နောက်နေ့မှာတော့ sample project တွေ အတူတူ လုပ်ကြမယ်။ အခု ကျွန်တော်တို့ iOS Bootcamp လုပ်ရင် အများဆုံး လူ ၂၀ လောက်ပဲ လက်ခံနိုင်မယ်။ Mac book ရှိဖို့လိုမယ်။ OOP သိရမယ်။ Programming Language တစ်ခု တတ်ရမယ်။ ဒါမှသာ ကျွန်တော်တို့ Bootcamp မှာ သင်နိုင်ပါလိမ့်မယ်။ Bootcamp မှာ ကျွန်တော်တို့ Programming language အခြေခံတွေ မသင်ပါဘူး။…

  • Zawgyi font က iOS 6.1 မှာ [space]+ေ နဲ့ [space]+ြ စတာတွေ မပေါ်တာ ဖြစ်နေပါတယ်။ အဲဒီ ပြဿနာကို အခု ပြင်ပြီးတော့ cydia.macforus.com မှာ update လုပ်ထားပေးပြီးပါပြီ။ Mac For Us repo မထည့်ရသေးသူတွေ အနေနဲ့ iPad ဆိုရင် Cydia > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။ iPhone ဆိုရင်တော့ Cydia > Manage > Sources > Edit > Add > http://cydia.macforus.com ကို ထည့်လိုက်ပါ။ ဘာမှ…