nothing
-
Google Search မှာ search result ထဲမှာ show options.. ဆိုတာလေး ပါလာပါတယ်။ တော်တော်လေးကို ထူးခြားကောင်းမွန်တယ်ဗျ။ Wonder Wheel , Timeline ဆိုတဲ့ search result ဖော်ပြနည်း အသစ်တွေပါလာတယ်။ Wonder Wheel ကိုယ်ရှာလိုက်တဲ့ စာလုံးပေါ်မှာ ဆက်စပ်ပြီးတော့ wheel အနေနဲ့ ဖော်ပြပေးထားတယ်။ Zawgyi ဆိုတဲ့ စာလုံးကို ရှာလိုက်ရင် Myanmar Font , Zawgyi Font Download, Zawgyi Myanmar စတာတွေမျိုး ပတ်သက်တဲ့ စာလုံးတွေကို ဖော်ပြထားတယ်။ ကိုယ်နှစ်သက်ရာ ရွေးချယ်ရင် အဲဒီ result ပေါ်မှာမူတည်ပြီး ထပ်ရှာပေးတယ်။ ဖော်ပြပေးထားပုံလေးကလည်း ရိုးရှင်း လှပ သေသပ်တယ်။…
-
လွန်ခဲ့တဲ့ ၂ ရက်က C# လုပ်ကြည့်အုံးမှ လို့ စဉ်းစားမိတယ်။ C# နဲ့ ပတ်သက်ပြီး လုပ်စရာလေးတွေ ရှိလာလို့လေ။ ဒါပေမယ့် စာအုပ်တွေလည်း မဖတ်ဖြစ်ဘူး။ C# ကို အခုအချိန်မှာ ဖတ်ဖို့ အချိန်မရှိဘူး။ အခြေခံကနေ စဖတ်ရမှာလည်း ပျင်းတယ်။ အရင် VB.NET လုပ်ဖူးတယ်။ C# ကို တစ်ခါမှမလုပ်ဘူးဖူး။ သူငယ်ချင်းအတွက် နည်းနည်းလေး လုပ်ပေးတာလောက်ပဲ ရှိဘူးတယ်။ အရင်က VS 2008 မှာတောင် C# ကို မသွင်းဘူး။ အခုတော့ VS 2008 သွင်းပြီး C# ကို စဖွင့်လိုက်တယ်။ messagebox ဖော်ပြဖို့ code လေး စရေးမယ်ဆိုပြီး ပြင်လိုက်တယ်။ စပါပြီဗျာ…
-
လွန်ခဲ့တဲ့ ၁ နှစ် April 27 2008 ….. အဖွားက “ရော့… ၁၂ သိန်း… laptop ဝယ်ချင်တယ်ဆို… သွားဝယ်တော့….” “တကယ်….” ဘယ်လိုပျော်လို့ ပျော်သွားမှန်းမသိဘူး… ဒါနဲ့ ဘာ brand ဝယ်ရင်ကောင်းမလဲ… လက်ထဲမှာလည်း ၁၂ သိန်းပဲ ပါတယ်။ အကောင်းစားမဟုတ်ရင်တောင် VisualStudio , Dreamweaver , photopshop သုံးလို့ရတဲ့ laptop လောက်တော့ ဝယ်လို့ရပါတယ်။ LEO မှာ သွားကြည့်ဘူးတယ်။ Dell တွေ international warranty ပေးတယ်ဆိုပေမယ့် Dell delar မဟုတ်တော့ warranty ပေးလည်း အခုဖြစ် အခုလဲ မဟုတ်လောက်ဘူး။ ပြန်ပို့တာနဲ့ ဘာနဲ့ ကြာအုံးမယ်။ ဒါကြောင့်…
-
forum တွေမှာ နေရတာထက်နောက်ပိုင်း twitter , facebook တွေထဲကို သွားရတာ ပိုပျော်ဖို့ကောင်းတယ်။ တောင်းဆိုမှုမရှိသလို ပေးဆပ်မှုတွေလည်း မရှိကြဘူး။ ပျော်စရာတွေ မရှိသလို စိတ်ညစ်စရာလည်းမရှိဘူး။ ကိုယ့် status လေးကိုယ်ရေးလိုက်ရုံပဲ။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုံမှုတွေလည်း ရှင်းသလို ဆွေးနွေးဖို့လည်းမလိုဘူး။
-
အခု Project တစ်ခုကို ၃ ရက်လောက်နဲ့ အပြီးရေးလိုက်ရတယ်။ Google Map API လေး သုံးပြီး ရေးရတာ။ google api ကတော့ အံဩဖို့ကောင်းလောက်အောင် documentation ပြည့်စုံတာပဲ။ အကုန်လုံးကို ပြည့်ပြည့်စုံစုံနဲ့လုပ်ထားပေးတယ်။ ကျွန်တော်က အဲလိုမျိုး Open Technology လေးလုပ်ချင်တယ်။ ကျွန်တော် လုပ်ထားတဲ့ code တွေအကြောင်းကို ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တယ်။ ခက်တာက အချိန်မရှိဘူး ဖြစ်နေတယ် :D ။ အဲမှာ ဘာတစ်ခု သွားတွေကလည်းဆိုတော့ IE မှာ onclick မရဘူးဗျ။
-
နောက်ဆုံးတော့လည်း kaspersky ပဲ ပြန်တင်ဖြစ်တယ်။ ဒီလိုဗျာ panda က cloud လေးကို စမ်းမယ်ဆိုပြီး kaspersky ကို ဖြုတ်ချလိုက်တာ cloud က ပေါ့လည်း ပေါ့တယ်။ မြန်လည်းမြန်တယ်ပေါ့။ ဒါပေမယ့် ပြဿနာ တစ်ခုသွားတွေ့တယ်။ online ရှိမှ virus စစ်လို့ရတာပဲ။ နာမည်အတိုင်းပဲဗျာ။ ဒါကြောင့် cloud လို့ပေးထားတာဖြစ်မှာ။ သူက virus defination ကို online ကနေပဲ စစ်တယ်။ ဒါကြောင့် offline update လည်းမလိုဘူး။ update လည်း လုပ်ပေးနေဖို့မလိုဘူး။ ခက်တာက မြန်မာနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့် စက်က အချိန်တိုင်း Online မချိတ်ထားဘူး။ speed ကလည်း cloud သုံးရလောက်အောင် မမြန်တော့ cloud…
-
ဒီတစ်ခေါက် Personal Computer Magazine မှာ Unicode နဲ့ ပတ်သက်ပြီး တော်တော်လေး ပြည့်ပြည့်စုံစုံပါလာတာ တွေ့ရတယ်။ အဓိကအကြောင်းကတော့ ဇော်ဂျီကြီးပဲ တစ်ဝက်နည်းပါလောက် ပါလာတယ်။ Unicode ကို ဘယ်လို ကောင်းအောင် ဆက်လုပ်မယ်ဆိုတာထက် ဇော်ဂျီသုံးချင်း မသုံးချင်း အကျိုးအပြစ်တွေ တော်တော်များများပါတယ်ဗျ။ နောက်ပြီး ကိုရဲမြတ်သူရဲ့ ပြောချက်လေးတွေ ပါလာတာကိုလည်း တွေ့ရတယ်။ အထူးအဆန်း စကား တစ်ခုက MCPA ထဲကို ဇော်ဂျီ cell လေးတွေ ရောက်သွားတယ်ဆိုတဲ့ စကားလေးပါပဲ။ ရယ်လည်းရယ်ဖို့ကောင်းတယ်။
-
Personal Computer Magazine 2009 May လထုတ် စာမျက်နှာ 148 မှာ Linux မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ ကို Linux Desktop တစ်ခုဖြစ်တဲ့ KDE မှာ ဇော်ဂျီ အလုပ်မလုပ်ဘူးဆိုတာ စေတန်တို့တောင် ရေးလာပြီ။ လို့ပြင်ဖတ်ပေးစေချင်ပါတယ်။ Gnome မှာ ဇော်ဂျီ အလုပ်လုပ်တယ်။ LXDE မှာလည်း အလုပ်လုပ်တယ်။ LXDE မှာ keyboard change ဖို့ ပြဿနာ နည်းနည်းရှိပေမယ့် အဆင်ပြေတယ်။ KDE မှာတော့ rendering ကြီးကို မဖြစ်မနေထည့်ထားတဲ့အတွက်ကြောင့် ကေ ဆိုရင် ကေ လို့ပြောင်းသွားတယ်…. KDE မှာ အလုပ်မလုပ်တာပါ။
