nothing

  • MZ က post ((http://www.mysteryzillion.org/forums/showthread.php?t=4586)) တစ်ခုအတွက် reply ပြန်ထားတဲ့ ဟာလေးပါ.. ကျွန်တော် ဒီနေ့ ကျောင်းကို ရောက်ခဲ့တယ်… ကျောင်းက အရင်အတိုင်းပဲ… အဆောင်သစ်တစ်ခု ဆောက်နေတယ်… အိမ်သာကတော့ အရင်ကထက် ပိုစုတ်ပြတ်သွားတယ်… တံခါးပိတ်ဖို့ ဂျက်တောင်မရှိဘူး.. ကြိုးနဲ့စွဲထားရတယ်.. ဒါတွေကတော့ ထားပါ… ဒီကျောင်း အသစ်ဆောက်တုန်းက ကျွန်တော် တို့တွေ ပထမဆုံး တက်ခဲ့ရတာပဲ… အဲတုန်းက ကျောင်းကြီးကတော်တော်လေး ကောင်းပါတယ်… ဒါပေမယ့် ကျောင်းသားတွေ ဆိုးတယ်ဗျ… အဲတုန်းက ယောင်္ကျားလေး အိမ်သာထဲမှာ မှန်တပ်ထားတယ်.. ဆရာ ဆရာမတွေကို မကျေနပ်တိုင်း ကျောင်းက မှန်ကိုခွဲ… ဒေါသထွက်တိုင်း မှန်ကို ခွဲ… တံခါးကို ဆောင့်ကန်… မှန်ခွဲလိုက်တော့ ၃ ခါလောက် ပြန်တပ်ပေးသေးတယ်.. နောက်ပိုင်း…

  • အဓိက အချက်ကတော့ လုံးဝ ပေါ့ပါးတယ်.. memory လုံးဝ မစားဘူး.. firefox တောင် code name ပြောင်းပေးချင်တယ်… memory eater လို့… firefox တောင် သိပ်မကြိုက်တော့ဘူး… ကျွန်တော်က taskbar မှာ အများကြီး ဖွင့်ပြီး ဟိုဟာလုပ်လိုက်.. ဒီဟာ လုပ်လိုက် လုပ်နေတော့ memory စားသက်သာတာကိုပဲ သဘောကျတယ်။ memory ကလည်း 1 GB ပဲရှိတယ်။ Light Weight (လုံးဝပေါ့ပါးတယ်) customize design (color တွေကို ကြိုက်သလိုပြောင်းလို့ရတယ်) customize layout (ကိုယ်နဲ့ သင့်တော်တဲ့ Layout ကို အလွယ်တူပြောင်းလို့ရတယ်) customize font in all (ကျွန်တော်…

  • အော်.. လူလည်းတယ်ခက်ပါလား… တစ်ခုခုကို စွဲလုပ်ဖို့က မလွယ်တဲ့ ကိစ္စပဲ… လုပ်ချင်တာ ဓာတ်ကျတာကိုပဲ လုပ်နေမိတယ်.. ပြီးခဲ့တဲ့လက ornagai ကို လုပ်ဖြစ်တယ်.. ဒီလတော့ wiki ဘက်ပြန်ရောက်သွားပြန်ပြီ.. အခုတော့ facebook founder ဖြစ်တဲ့ Mark Zuckerberg အကြောင်းရေးနေတယ်။ ဒီညတော့ အပြီးသတ်လိုက်မယ်။ အားတဲ့ အချိန်တိုင်းရေးနေတာ။ အခုတလော လူတွေ အကြောင်းဖတ်ပြီး ဘာသာပြန်ရတာကို ဓာတ်ကျနေပြန်ပြီ… ခက်တယ်… ခက်တယ်… တစ်ခုလောက်ပဲ စိတ်ထဲစွဲပြီး အလုပ်မလုပ်တတ်တာဆိုးတာပဲ… အားတဲ့ အချိန်မှာ ornagai ကို ပြန်လုပ်ချင်ပေမယ့်… ဘာသာပြန်ရတာ.. စာဖတ်ရတာကို သဘောကျနေမိတယ်.. အခုတလောလည်း သိပ်မအားဘူးဖြစ်နေတယ်….

  • ကျွန်တော် အရင်တုန်းက ရေးဘူးတယ်။ ကျောင်းသားသည်ဟာ အနာဂတ်လို့ ဆိုပြီးတော့ပေါ့။ အခုနောက်ပိုင်း ကျွန်တော် ပြောထားတဲ့ အဆို ကို ကျွန်တော် ကိုယ်တိုင် လက်ခံလာတာပါ။ အဲလိုမျိုးပြောတော့ ရယ်စရာ ကြီးလိုပဲနော်။ အခုအချိန်မှာ အရင်ကထက် လူငယ်တွေက အရေးကြီးတယ်ဆိုတာ ပိုလက်ခံလာတယ်။ ကျွန်တော်တို့တွေဟာ ကျောင်းပြီးသွားကတည်းက နေ့စဉ် အသက်ရှင်ဖို့ ကိုယ့်ခြေထောက် ကိုယ်ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရတယ်။ အဲဒီလို ကြိုးစားရတဲ့အတွက် Computer နဲ့ ပြီးထားပေမယ့် လေယာဉ်ရုံးမှာ လုပ်တဲ့လူတွေ အများကြီးရောက်သွားသလို အစိုးရဝန်ထမ်းတွေ ဖြစ်သွားတဲ့လူတွေလည်း ရှိလာတယ်။ ကျောင်းပြီးသွားတဲ့ အခါ ကျောင်းသား ဘယ်နှစ်ယောက် တကယ်တတ်ကျွမ်းသွားသလဲဆိုတာထက် ကျောင်းသား ဘယ်နှစ်ယောက်ပဲ computer နဲ့ အသက်မွေးတယ်ဆိုတာကို ပိုစဉ်းစားကြည့်သင့်တယ်။ မတတ်တဲ့လူတွေက အများကြီးပါ။ မတတ်ပေမယ့် အခြေခံတွေတော့…

  • Link ပြန်တင်ထားပေးတယ် http://www.4shared.com/file/111689173/e5e8f565/HTML.html

  • ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း ဆိုတဲ့ အကြောင်းပေါ့။ အထက်တန်းကျာင်းတုန်းကလည်း သင်ခဲ့ရတယ် လေထု ညစ်ညမ်းခြင်း။ ကျွန်တော်တို့ နေ့စဉ် မီးစက်တွေ ဒီလောက်အသုံးပြုနေတာ ရန်ကုန်မြို့ကြီးကော လေထု မညစ်ညမ်းဘူးလား။ အင်တာနက်ဆိုင်တွေ များပြားလာတာနဲ့ အမျှ မီးစက်တွေ များလာတယ်။ တစ်ဆိုင်မှာ လူနှစ်ယောက်ပဲရှိတယ်။ ဒါကြောင့် မီးစက်ဖွင့်ရတာပဲ။ စုစုပေါင်း ဆိုင် ၃ ဆိုင်ဆိုရင် မီးစက် ၃ ခု ပေါ့။ တနည်းပြောရင် လူ ၆ ယောက်အတွက် မီးစက် ၃ လုံးတောင်လေ။ တကယ်တန်းတော့ အလကား ဖြုန်းတီးမှုတွေ ဖြစ်နေသလိုပဲ။ အင်တာနက်ဆိုင်တွေ များလာတာနဲ့အမျှ ငွေတွေ အချိန်တွေ ကုန်ဆုံးရတဲ့ အပြင် သဘာဝ ပတ်ဝန်ကျင်…

  • ခင်ဗျားတို့တော့ မသိဘူး… ကျွန်တော်ကတော့ 6 cell Battery လေးဖြစ်တာကြောင့် ၁ နာရီကျော်ကျော်ပဲ ခံတယ်။ တစ်ခါတစ်လေ download ချတဲ့  ဒါအေခါမှာ Laptop Monitor လေးပိတ်ထားလို့ရရင် battery အစားသက်သာသွားမယ်ထင်တယ်ဗျ။ LCD ကလည်း battery သုံးတာကို။ အဲဒါကြောင့် C# နဲ့ program လေးရေးထားတယ်။ goolge ကနေ ရှာပြီး နည်းနည်းပါးပါးပြင်ထားတာပဲပေါ့… Download

  • တစ်ခါတစ်လေ စဉ်းစားမိတယ်… GPL ပေးတိုင်းကောင်းလားဆိုတာကိုပေါ့.. လိုင်စင်တွေအကြောင်း သေသေချာချာ နားမလည်ပေမယ့် GPL ဆိုရင် သူ့ကို သုံးတဲ့ project ကလည်း GPL ဖြစ်ရမှာပဲဆိုတာကိုပေါ့… source code မပေးချင်လည်း ပေးရမှာပဲပေါ့…. တချို့ project တွေမှာ GPL နဲ့ ဟာလေးတွေ ယူသုံးလိုက်ရင် ကောင်းသွားမှာ ရှိပေမယ့် ကိုယ်က source code မချပေးလိုတဲ့အခါမှာ ယူသုံးလို့မရဖြစ်တတ်တယ်။ သူများကို အဲလိုမျိုး ပိုက်ဆံ ပေးပြီးရေးခိုင်းရင် ရတာပဲလို့ ပြောလို့ရပေမယ့် အချိန်လိုသေးတယ်လေ။ ဘယ်လောက်ပဲ မြန်မြန်ရေး ၁ ရက်ကျော်မှာပဲလေ။ opensource ကို နည်းနည်းပြန်ပြင်ပြီး ကိုယ့် project ထဲမှာ ထည့်သုံးနိုင်ရင် အချိန်အရမ်း မြန်သွားမယ်။ ခက်တာက သုံးလို့မရဘူး။ ငွေနဲ့ ဝယ်ချင်တာတောင် ဝယ်လို့မရဘူးဆိုသလိုဖြစ်နေတယ်။ author ရဲ့ စိတ်သဘောထားက ဆိုင်သေးတယ်လေ။ နည်းနည်းပြင်ပြီး…