nothing
-
ဒီနေ့ egress ကျောင်းဆင်းပွဲကို သွားခဲ့တယ်။ ၅ နာရီ အမှီသွားရပေမယ့် ကိုကျော်ထွန်း တို့ရောက်နေလို့ စည်သူလှမ်းခေါ်တာနဲ့ Mr.Brown ကို အရင်သွားလိုက်တာ။ ဟိုမှာ လူတွေ တော်တော်စုံနေတာပဲဗျ။ ကိုငွေထွန်း ကိုမျိုးမင်းထူး အပါအဝင် တီလေးတို့ပါ ရှိနေတော့ အားနာပါနာနဲ့ မပြန်ဖြစ်ဘူး။ Unicode အကြောင်း Wiki အကြောင်းတွေ တော်တော်လေး ပြောနေကြတာနဲ့ ပြီးကို မပြီးနိုင်တော့ဘူး။ ကျွန်တော်ကတော့ wiki ကိုတော့ သိပ်စိတ်မဝင်စားဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ အခုချိန်မှာ edu ကို အာရုံစိုက်နေရလို့ အားရင် edu ကို ပြီးအောင်ပဲ လုပ်ဖို့ စိတ်က ရှိနေတာလေ။ အဲ… ဒီနေ့ စကားပွဲမှာ စိတ်ဝင်စားစရာက Unicode 5.1 ကို သုံးသင့်ပြီလို့…
-
Flash Player http://www.4shared.com/file/70814179/3231f3b2/Flash_Player.html Install သွင်းလိုက်ရုံပဲ, File assoication ပါ တစ်ခါတည်းရအောင် လုပ်ထားပေးတယ်။ တချို့တွေစက်ထဲမှာ firefox နဲ့ပဲ flash က ပွင့်တယ်ဆိုလို့ flashplayer CS 3 လေးကို package လုပ်လိုက်တာ။ Gtalk Smile http://www.4shared.com/file/70814635/5aa46c18/smile_orkutPicture.html Double Click လုပ်ပြီးသွင်းရုံပဲ။ ပြီးရင် Gtalk -> Setting -> Apperance မှာ Smile OrkutPicture ကိုရွေးပေးရုံပဲ။
-
နိုင်ဝင်ဘာလ ၈ ရက် ၂၀၀၆ ခုနှစ်တွင် ကွန်ပျူတာတက္ကသိုလ် ဟူသော post နဲ့ စတင်ခဲ့သော saturngod blog သည် ၂ နှစ် တိုင်တိုင်ပြည့်ခဲ့ပါပြီ။ ပထမဆုံး အကြိမ် တည်ထောင်ခြင်း saturngod.blogspot.com ဖြစ် blog ကိုစတင်ရေးသားခဲ့သည်။ နည်းပညာနဲ့ UCSY အကြောင်းအဓိက ထားရေးသားခဲ့သည်။ အောက်တိုဘာ ၂၅ ရက် ၂၀၀၇ တွင် blogspot တွေ မြန်မာနိုင်ငံစတင်ပိတ်ပင်ပြီး saturngod.blogspot.com ပျောက်ပျယ်ခဲ့ရသည်။ ဒုတိယအကြိမ် တည်ထောင်ခြင်း အောက်တိုဘာလ 27ရက်နေ့ ၂၀၀၇ တွင် saturngod.myseryzillion.org အဖြစ် wordpress ကို အသုံးပြုကာ တည်ဆောက်ခဲ့သည်။ ထို့နောက် mz hosting အပြောင်အလဲကြောင့် ဒုတိယအကြိမ် ပျက်သုန်းရပြန်ပြီ။…
-
သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ Forward mail ထဲက ပုံလေး ကြိုက်လို့တင်လိုက်တာ… ကြည့်ရင်းနဲ့ Linux ကိုသတိရသွားမိလို့…
-
Website တစ်ခုမှာတွေ့ခဲ့ရတဲ့ပုံလေး သဘောကျလို့ တင်ပေးလိုက်တာပါ
-
မနေ့က ကျွန်တော်တို့တွေ တပ်မတော်ခန်းကို ၁ နာရီ ကျော်ကျော်လောက်ရောက်သွားတယ်။ နောက်ဆုံးနေ့မို့လားမသိဘူး ဝင်ရမှာတောင် လန့်သွားတယ်ဗျာ။ ကျွန်တော်တို့ တန်းစီရမယ့်လူကြီးကို ကြည့်လိုက်တော့ အရှည်ကြီးပဲ။ ဝင်ချင်စိတ်တောင် ပျောက်သွားတာသေချာတာပေါ့။ ဒါပေမယ့်လည်း ရောက်ပြီးလက်စ တန်းစီပြီး ဝင်ရတာပဲ။
-
ဟို့နေ့ကပေါ့… ကျွန်တော် laptop ညဘက်ကြီး power ပဲပိတ်ပြီး LCD ကိုဖွင့်ထားမိတယ်။ laptop ကို သေသေချာချာ ပြန်မပိတ်ခဲ့မိဘူးပေါ့ဗျာ။ မနက်ရောက်တော့ password က ဝင်မရဖြစ်ပါလေရော။ တစ်ယောက်ယောက်တော့ password ပြောင်းလိုက်ပြီ… ခက်တာပဲ… recovery လုပ်ဖို့ အခွေလည်းပါမလာဘူး… မဟုတ်သေးဘူး… ညက တစ်ယောက်မှ ငါ့ laptop ကို တစ်ယောက်မှ မထိတာ… ပြန်ရိုက်ကြည့်အုံးမှ… အဲဒီအခါမှာ တွေ့ပါလေရော….
-
ကျွန်တော်ကတော့ web developer တစ်ယောက်ဖြစ်ပြီးလား မဖြစ်သေးဘူးလား ကောင်းကောင်းမသိပါဘူးဗျာ… Php နဲ့တော့ ကောင်းကောင်းရေးတတ်တယ်…. မှတ်မှတ်မိမိ ကျွန်တော်လေ့လာဘူးတာတွေကတော့
