nothing
-
ပျင်းဖို့တကယ်ကောင်းတာနော်… မဖတ်ခင် ကြိုစဉ်းစား… ရေးရင်းနဲ့ ပျင်းလို့တောင် အမြန်ပြီးအောင် သိမ်းလိုက်တာ.. တစ်ရံသောအခါ……. ကျွန်းသေးသေးလေး နိုင်ငံမှ ရောက်ရှိလာသော ခပ်ဝဝ လူတစ်ရောက်အား ကြိုဆိုရန် အကျွန်ုပ်တို့ ပြင်ဆင်ရလေသည်။ ထိုကျွန်းသေးသေးလေးတွေ နေထိုင်ကာ အကျွနု်ပ်တို့၏ MZ အတွက်သာမကာ အကျွန်ုပ်တို့အားလုံး ခင်မင်ရသော ခပ်ဝဝ လူကြီးတစ်ယောက်…. စကားပြောလျှင် တစ်လုံးခြင်း အေးအေးဆေးဆေးပြောတတ်ပြီး ဝင်းဦးကဲ့သို့ လေသံပေါက်သောကြောင့် အများက ကိုဝင်းဦးဟု ခေါ်ကြသော ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ကိုDBA ကြီး ပြန်ရောက်ခြေတော့မည်….. လေယာဉ်ကွင်းသို့သွားရန် လေယာဉ်ကွင်းနှင့် အနီးကပ်ဆုံးသော exiter …. လေယာဉ်ကွင်းနှင့်အနီးဆုံး phpCrazy….. တို့အား အရင်ဦးစွာ ရောက်စေခဲ့သည်။ ထို့နောက်တွင်မူ အကျွန်ုပ်သည် စည်သွတ်ဘူး နှင့် ညီမတော်…. ညဇီးကွက်….. အဲ….…
-
ဒီနေ့မှ အေးအေးဆေးဆေးဖတ်ဖြစ်တယ်… တော်တော်ဖတ်လို့ကောင်းတဲ့ ဆွေးနွေးချက်တွေပါ… ဘာတဲ့… ခေါင်းစဉ်က အဖြူရောင် ဟက်ကာများ အလိုရှိသည်
-
လှိုင်သာယာဘက်မှာ network ပိုင်းလာဆင်တဲ့ အဖွဲ့ တစ်ဖွဲ့ က Mysteryzillion အဖွဲ့ကပါ ဆိုပြီးပြောသွားကြောင်း ပြီးတော့ network ပိုင်းဆိုင်ရာတွေမှာ သူတို့ ဆင်ပေးပြီးနောက်ပိုင်း အခက်ခဲတွေ ပိုတွေ့လာရကြောင်း MZ ကလုပ်စားနေတာဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ MYSTERY ZILLION နှင့် ပတ်သက်၍ ကျွန်တော်တို့တွေ အခု သတင်းတွေ ကြားနေရပါတယ်။ ကြားလိုက်ရရခြင်း အတော့ ကိုစိတ်မကောင်းဖြစ်သွားတယ်။ MZ အမည်နဲ့ စီးပွားရေး လုပ်စားနေကြပါတယ်တဲ့။ ကျွန်တော်တို့ MZ က လုံးဝ စီးပွားရေး မလုပ်ပါ။ Network လဲ လိုက်မဆင်ပေးပါ။ ကွန်ပျူတာလဲ မပြင်ပါ။ အဲ ကျွန်တော်တို့ MZ Admin တွေ ကို အကူအညီတောင်းလို့ အိမ်ကိုလာပို့ကြတဲ့ စက်တွေ…
-
ဖတ်ကြည့်ရင်း အားကျ အတုယူနိုင်တယ်။ သူတို့ လျှောက်လှမ်းခဲ့တာ လမ်းရှည်ကြီး။ project တွေအများကြီးလည်း ဖန်တီးခဲ့တယ်။ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့တယ်။ အကုန်လုံး စုစည်းပြီးတော့ ဖြတ်ကျော်ခဲ့တယ်။ ပင်ပန်းတာတွေလည်း ရှိကောင်းရှိမယ်။ စိတ်ညစ်တာတွေလည်း ပါကောင်းပါမယ်။ ဒီနေ့ဆိုရင် ၁၀ နှစ်ကျော်ပြီ။ ဒီလောကမှာ နာမည်ကျော်နေပြီ။ သူတို့အကြောင်း ဖတ်ရင်းနဲ့ အားကျမိတာ အမှန်ပါပဲ။ http://www.google.com/tenthbirthday/
-
အခုတော့ blog ရေးခြင်း အကျိုးတွေ ကျွန်တော်ခံစားနေရပြီ။ blog က အခုတော့ ကျွန်တော့်အတွက် မှတ်စု တစ်ခုလိုပဲ။ windows တစ်ခုပဲ ဖြစ်ဖြစ် Ubuntu တစ်ခုပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာတွေက မှတ်တော့မိတယ်။ စဉ်းစားလို့မရတော့ဘူးဆိုရင်တော့ ကိုယ့် BLOG မှာ ကိုယ်ရှာတယ်။ download ချမိတယ်။ ဒါကြောင့် နောက်ပိုင်း upload တင်ရင် နှစ်ခု သုံးခုလောက်တင်ပြီး post တွေမှာ ပေးထားတတ်တယ်။ ဒါမှ download ပြန်ဆွဲလို့လွယ်မှာလေ။
-
http://www.codeweavers.com/services/ports/chromium/ မှာ google chrom ကို ရရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ တော်တော်အဆင်မပြေဘူးဗျ။ မြန်မာ font တွေ input မရဘူး။ textbox တစ်ခုတည်းမဟုတ်ဘူး။ မြန်မာ font နဲ့ wordpress မှာ blog ရေးလို့မရတော့ အဆင်မပြေဘူး။ နောက်ပြီး အတက်နှေးတယ်။ javascript ကတော့ windows အတိုင်းမြန်ပါတယ်။ chrome ကိုတော့ AJAX website တွေ ကြည့်ဖို့အတွက် အသုံးပြုနေပါတယ်။ ဒါပေမယ့် မြန်မာစာ ရိုက်သွင်းဖို့ကတော့ လုံးဝ ကို အဆင်မပြေဘူး။
