nothing

  • အခုတလော ကံဆိုးခြင်းများအပြင် စိတ်ပျက်ဖွယ်ရာ ကံဆိုးမှုတွေ ခဏခဏ ကြုံနေရတယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် ကိစ္စတွေကို ကျွန်တော် အရင်ဖြေရှင်းအုံးမယ်။ ပြီးမှပဲ အခြားသူကိစ္စတွေ မျှဝေတာတွေ လုပ်နိုင်တော့မယ်။ ကိုယ့်ဗိုက်ပြည့်မှပဲ အခြားသူဗိုက်ကို ဖြည့်ပေးတတ်တာ လူ့ဘဝပါလားနော်…. ကျောင်းသားဘဝနဲ့ မတူတော့ဘူ… ကျောင်းသားဘဝက လူမှုရေး ၊ ငွေကြေး ၊ ပညာရေးဆိုတာတွေကို ဂရုမစိုက်ပဲ ရပ်တည်နိုင်တယ်။ ကျောင်းပြီးတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းတဲ့အခါ အရင်ကလို လွတ်လပ်စွာမနေနိုင်တော့ဘူး။ ဘဝရဲ့ တာဝန်တွေ လူမှုရေးတွေ ပညာရေးတွေ အဓိကတော့ စီးပွားရေး စတာတွေ ပါဝင်လာပြီ။ တစ်ခုခုအဆင်မပြေတာနဲ့ တခြားကိစ္စတွေကို လှည့်မကြည့်နိုင်တော့ဘူး။ ကျွန်တော် အကုန်လုံးအဆင်ပြေရင်တော့ ပြန်လာခဲ့မယ်ဗျာ…

  • ကျွန်တော် ဒီနေ့ Rome, France , Sydeny စတဲ့ မြို့တွေ ရောက်ပြီးပြီ။ ကျွန်တော် တစ်ရက်တည်းနဲ့ အဲဒီ မြို့တွေသွားတာ passport , visa မလိုဘူး။ လေယာဉ်ခလည်းကုန်ဘူး။ ဒါပေမယ့် မြို့ကလူတွေနဲ့ စကားမပြောဖြစ်ဘူး။ ပြောလို့မှ မရတာကို။ ကျွန်တော် က google earth street view နဲ့ သွားလိုက်တာကိုး…

  • KDE 4 မှာ မြန်မာ unicode ကို အပြည့်အဝ support လုပ်ထားပါတယ်။ VOLT မလိုပဲနဲ့ကို support လုပ်ထားတဲ့အတွက် ဇော်ဂျီသမားတွေအတွက် လုံးဝကို အဆင်မပြေဘူးဖြစ်နေတယ်။ KDE 4 မှာ လှပတဲ့ GUI , Desktop တွေရှိပေမယ့် ကျွန်တော့်အတွက်တော့ သုံးမရတဲ့ desktop တစ်ခုလိုဖြစ်သွားတယ်။ နေကောင်း လို့ရေးလိုက်ရင် ေနေကာင်း လို့ဖြစ်ဖြစ်သွားတာ တော်တော်စိတ်ပျက်တယ်။ gtalk လည်း ချက်ရတာအဆင်မပြေ။ စာရေးရတာလည်း လက်ပေါက်ကပ်။ Unicode စစ်စစ်သမားတွေအတွက်တော့ ဝမ်းသာစရာပေါ့။ အဲဒီ အပိုင်းမှာ Gnome က သာတယ်ဗျ။ VOLT ရှိတဲ့ rendering ရှိတဲ့ font တွေကိုပဲ render လုပ်ပေးထားတယ်။ မရှိတဲ့…

  • လူတိုင်း twitter ကို ကိုယ့် information တွေ မျှဝေဖို့အတွက် ကိုယ်ဘာလုပ်နေလဲဆိုတာကို ကိုယ့်သူငယ်ချင်းတွေ မျှဝေဖို့အတွက်အပြင် နာမည်ကြီး company တွေ သတင်းတွေ information တွေရရှိအောင် အတွက် နောက်ပိုင်း twitter ကို အသုံးပြုလာခဲ့တယ်။ ကျွန်တော်လည်း နာမည်ကြီးလူတွေ product တွေ site တွေက twitter ကို အသုံးပြုပြီး သူတို့ရဲ့ information တွေအမြဲ ရယူခဲ့ပါတယ်။ ကျွန်တော် following လုပ်ထားတဲ့ အချို့ twitter လေးတွေကို ဖော်ပြလိုက်ပါတယ်

  • ကျွန်တော်တို့တွေ မြှောက်တာတော့ ကျောင်းမှာကတည်းက ဆရာ ဆရာမတွေ သင်ထားပါတယ်။ ၂×၈ ဆိုတာက ၂ ကို ၈ ခါ ပေါင်းတာ ဟုတ်သလို ၈ ကို ၂ ခါပေါင်းတယ်လို့လည်း ပြောလို့ရတယ်။ ဒါဆို အစားကကော ၇÷၃ ဆိုရင်ကော…. ကျွန်တော်တို့ အလီမသုံးပဲနဲ့ မရနိုင်ဘူးလား…. ကျွန်တော်တို့အတွက် formual မရှိဘူးလား…. ကျောင်းမှာ အဲဒါကို မသင်ပေးလိုက်သလိုပဲ…… ကျွန်တော်တို့ + သို့မဟုတ် – ပဲ သုံးပြီး စားလို့မရဘူးလား….

  • စားခြင်းအကြောင်းမပြောခင်မှာ ကျွန်တော် ဖတ်ဖူးတဲ့ ဆောင်းပါးလေး တစ်ခုအကြောင်းပြောချင်တယ်။ ဆရာကျော်ဝင်း ရေးတာလား ဘယ်သူရေးတာလဲတော့ မသိတော့ဘူး။ တော်တော်လေးတော့ ကောင်းတယ်။ ဆေင်းပါးတိုလေးပါ ဗိုလ်မှုးကြီး ဗိုလ်မှုးကြီး….. ကျွန်တော်တို့ သချာင်္ပညာ အသစ်ရှာဖွေတွေ့ထားတယ်… ဟုတ်လား….

  • ကျွန်တော် မနေ့ ဖုန်းပျောက်သွားတယ်ဗျာ။ တော်တော်လေးကို ညစ်သွားတာ။ ဘာမှလုပ်ချင်စိတ်ကို မရှိဘူးဖြစ်သွားတယ်။ ဖုန်းကို ဘယ်လိုခေါ်တာ ဘယ်သူမှ မကိုင်ဘူး။ သေချာတယ်။ ကျန်ခဲ့ပြီဆိုတာတော့။ ဒီနေ့ မနက် ၆ နာရီ လောက်တော့ ဖုန်းဆက်တယ်။ ဖုန်းကို လာယူဖို့အတွက် ဖုန်းဆက်တဲ့အခါ တော်တော်လေးကို လန့်သွားတယ်။ ဝမ်းသာသွားတယ်။ ဒါနဲ့ ချက်ခြင်း သွားလိုက်တယ်။ တကယ်ပဲ ပြန်ပေးတယ်ဗျာ။ နောက်ပြီး ဘာမှလည်း တောင်းဆိုမှုမရှိပဲ ပေးပြီးထွက်သွားတယ်။ ကျေးဇူး တကယ်တင်တယ်ဗျာ။ အဲ.. နောက်ပြီး ကျွန်တော်လည်း နာမည် ဘယ်သူလဲမေးဖို့မေ့သွားတယ်။ သူတို့လည်း လောလောနဲ့ ရုံးသွားစရာရှိသေးလို့ ဆိုပြီး ဘာမှတောင် ကောင်းကောင်းမပြောဖြစ်လိုက်ဘူး။ ဘာပဲပြောပြော မြန်မာနိုင်ငံမှာ အဲလို စိတ်ဓာတ်ကောင်းလေးတွေ အများကြီးရှိသေးတယ်။ တခြားလူတွေ ပြောနေသလို မြန်မာနိုင်ငံကလူတွေ…

  • Fedora ကို စသုံးတုန်းက ဘာမှန်းမသိဘူး။ Ubuntu သမားဆိုတော့ Ubuntu ကလို File Manager ကမတူတော့ဘူး။ Folder တစ်ခုဖွင့်လိုက်ရင် New Windows ကြီးတက်တက်လာတယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းတာ။ ကြာလာတော့ ရှုပ်ထွေးကုန်တယ်။ နောက်ပြီး Address bar လည်းမပါဘူး။ တစ်နေရာကို သွားဖို့အတွက် အဆင့်ဆင့်သွားနေရတယ်။ Ubuntu မှာလို Address bar မှာရိုက်ထည့်ပြီးသွားလို့ရရင် အဆင်ပြေမယ်။ Ubuntu လည်း Nautilus ပဲ။ Fedora လည်း Nautilus ပဲ။ ဒါပေမယ့် ဘာလို့ ပုံစံမတူလည်းဆိုတာကိုတော့ မသိဘူး။ ဒါနဲ့ ကလိ ကြည့်လိုက်တော့ တွေ့ပါတယ်ဗျာ။ ဘယ်လိုလုပ်ရမလဲဆိုတာတော့