iPhone/iPod Touch Zawgyi Keyboard and Font Package

အောက်ပါ ဆောင်ရွက်ချက်များသည် သင့် iPhone/ iPod Touch တို့အား အဆင်မပြေပါက itune ကနေ restore ပြန်လုပ်ကောင်းလုပ်ရပါလိမ့်မည်။ ထို့ကြောင့် backup လုပ်ထားရန်လိုအပ်ပါသည်။ System ပိုင်းဆိုင်ရာများကို ပြင်ထားတာကြောင့် ဖြစ်ေပါ်လာသော တစ်စုံတစ်ခု ပြဿနာများကို လုံးဝ တာဝန်ယူမည်မဟုတ်ပါ။

For iOS 3.1.2

လိုအပ်ချက်

OS : 3.0 >= (3.1.2 recommend)

Type : Jailbreak

Installer : Cydia

Internet : Require

Add Repo in Cydia

Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်

http://cydia.macforus.com

ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်

Zawgyi Font နှင့်

Zawgyi Keyboard

ဆိုပြီး ၂ ခုရှိပါသည်။

Package Installation

Zawgyi Font

Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။

Zawgyi Keyboard (only  OS version < 3.2 )

Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့်  အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )

၂။ keyboard အတက်နှေးခြင်း။

၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။

သင့်အနေနဲ့ အထက်ပါ အချက်များကို လက်ခံနိုင်သည် ဆိုမှ သွင်းပါရန်။

သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။ keyboard ထည့်သွင်းနည်းကို အောက်ရှိ Flash တွင် ကြည့်ရှုနိုင်ပါသည်။

Download Video

Video အတွက် Connection အခက်အခဲရှိများအနေနဲ့ အောက်ပါ အတိုင်း ဆောင်ရွက်နိုင်သည်။

၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။

၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။

၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

၄။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။

ဒါဆိုရင် ရပါပြီ။ keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။

သင့် iPhone/iPod Touch recovery ပြန်လုပ်ရခြင်း data lost များဖြစ်ခြင်း ၊ အခြား တစ်စုံတစ်ရာ ကိစ္စများဖြစ်ခြင်း တို့ကို လုံးဝ တာဝန်မယူပါ။

How to upgrade

အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်

Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။

iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။

ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်တွင် ပြခဲ့သည် video အတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။

Tip: Settings > General > Keyboard > Auto-Capitalization ကို off ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်။

For iOS 4.0 or later

iOS 4.0 များအတွက် cydia တွင် http://cydia.macforus.com ကို ထည့်သွင်းပါ။

Font (4.0 or later)

Zawgyi Font iOS ကို ရှာပြီး သွင်းပါ။

iPhone Keyboard (4.1 or later)

iPhone keyboard အတွက် Zawgyi Keyboard iOS 4.1 ကို သွင်းပါ။

iPad Keyboard (4.2 or later)

Zawgyi Keyboard iPad 4.2 ကို ရှာပြီး သွင်းနိုင်ပါတယ်။

ပါဝင်ဆောင်ရွက်ကူညီပေးသူ

ဦးသောင်းစုငြိမ်း

ပြည့်ဖြိုးအောင် (Zack)

ဝေဖြိုးလင်း

Other

FAQ

Gallery

iPad

Tip: အထက်ပါ ပုံများနှင့် စာများကို မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်သည်။

281 responses to “iPhone/iPod Touch Zawgyi Keyboard and Font Package”

  1. ကျေးဇူးပဲ စိုင်းညီဖြိုးရေ.. အဲလိုလုပ်လိုက်ရင်တော့ ရတယ်။ ဒါပေမယ့် မူရင်း font ပုံစံတွေပျောက်သွားတယ်။ ဥပမာ note မှာဆို မူရင်း font လေးနဲ့မှ ကြည့်လို့ကောင်းတာလေ။ zawgyi က bold မရှိဘူး။ နောက်ပြီး italic လည်း မရှိတဲ့အတွက်ကြောင့် အချို့နေရာတွေက ကြည့်လို့မကောင်းတော့ဘူး ဖြစ်သွားလိမ့်မယ်။ ဘာပဲပြောပြော အသစ်တစ်ခုတော့ သိလိုက်ရပြီ။ ကျေးဇူးပဲ စိုင်းညီဖြိုးရေ..

  2. စိုင်းညီဖြိုး Avatar
    စိုင်းညီဖြိုး

    အစ်ကို ကျေးဇူးတင်တော့ ကျတော်လဲ ပြန်ကျေးဇူးတင်ရမှာပေါ့ဗျာ..

    ကျတော် စမ်းကြည့်လိုက်တာတော့. note မှာဆိုရင်.. မူရင်းဖောင့်ပေါ်ပါတယ်
    ကျတော် အစားထိုးထားတဲ့ထဲမှာ မပါဘူးထင်တာပဲ (ကျတော်က အစ်ကို့ဟာတွေကိုပဲ ပြန်လုပ်ပေးလိုက်တာပဲ)
    ဟီးဟီ

  3. ကျေးဇူးအရမ်းတင်တယ်ဗျာ..
    ဆိုင်သွားပြီး ပိုက်ဆံကုန်စရာ မလိုတော့ဘူးပေါ့….
    တော်တော့်ကိုအဆင်ပြေတယ်ဗျာ….
    အရမ်းဂုဏ်ယူတယ်ဗျာ..

  4. အရမ်းမိုက်တယ် myanmar to english dictionary ပါ ရရင်လုပ်ပါဦး

    1. it’s also have it. You can download from http://www.saturngod.net/?p=1896

  5. Pls,help me… I can’t intall zaw gyi keyboard

    1. what problem. Need good internet connection. need wireless router. why just told help me ? Why don’t you tell me your problem detail ? If you can’t tell me detail, I can’t help.

  6. Thanks, Ko SayTaNar, now all OK.

  7. hi….everyone, i have one question….i have an 3rd gen ipod touch with firm ware version 3.1.2 and it’s not jail-broken. i would like to know if i could install myanmar font without doing jail break.if there is a way…please show me how to do… thanks a lot!!!

  8. Sorry,No way.

  9. thanks a lot…everything is perfect…i already add zawgyi font…thanks for sharing

  10. အရမ်းကျေးဇူးတင်တယ်ဗျာ…
    ကျနော့ iPhone မှာ မြန်မာဖောင့်ထည့်ချင်လို့ တိုင်ပတ်နေတာကြာပြီ….
    အခုတော့ အဆင်ပြေသွားပြီ…
    ဒါပေမယ့် iTunes ထဲမှာ တော့ မြန်မာလိုသီချင်းတွေကို Manage လုပ်လို့မရဘူးနော်
    ကွက်တုံးလေးတွေဘဲပေါ်နေတယ်လေ
    အဲဒါဘယ်လိုဖြေရှင်းရမလဲ…
    နည်းလမ်းလေးပေးပါအုံး…အားကိုးပါတယ်ဗျာ…

    1. Mac မှာတော့ မြန်မာလို ပေါ်တယ်။ Windows မှာ ပေါ်ချင်ရင်တော့ ဘယ်လိုလုပ်ရမလဲတော့ ကျွန်တော်လည်း သေချာမပြောတတ်ဘူး။ Windows ရဲ့ System font တွေ အားလုံးကို Zawgyi ပြောင်းကြည့်လိုက်ပေါ့။

  11. ဝင်ဒိုးရဲ့system fontကိုဇော်ဂျီဘယ်လိုပြောင်းလဲးခင်ဗျား

    1. try googling… Sorry,I am on Mac. You may change icon font http://www.entity.cc/change-icon-font.php

  12. ကိုစေတန်ကြီးရေ၊

    iPhone ရဲ့ Zawgyi keyboard က ကျန်တဲ့ key တွေကို ရိုက်ရတာ အဆင်ပြေပေမယ့် “နိုင်” ရိုက်ရတာ အဆင်မပြေဖြစ်နေတယ်ဗျ။ “နိုင်” ရိုက်ရင်
    “န ိ ုင်” ဒီလိုပုံစံဖြစ်နေတယ်ဗျ။ အကိုရေ၊ သုံးကြည့်လို့ တွေ့တာလေး ပြန်ပြောတာပါနော်။ ကျန်တာ အားလုံး အဆင်ပြေပြီး တော်တော်လေးကို အသုံးတည့်ပါတယ်။ ကျေးဇူးပါနော်။

  13. ဇော်ဂျီက န နဲ့ စရင် align က အဲလိုဖြစ်သွားတယ်။ iPhone မှာကော Mac OS X မှာကောပါ။ ရှေ့မှာ space ဒါမှမဟုတ် . လေးဖြစ်ဖြစ် တစ်ခုခု ခံလိုက်ရင် အဆင်ပြေသွားပါတယ်။ ဘာလို့လည်းတော့ မသိပါ။

  14. iPhone အတွက် မြန်မာပြကဒိန် application link လေးသိချင်ပါတယ်။

    1. ကျွန်တော် မသိပါ။

  15. ကျွန်တော်ကတော. zawgyi-font ထည်.ရတာအဆင်ပြေပါတယ်။နောက်တစ်ခု သိချင်တာက nokia 5800xm မှာ zawgyi-font နင့် zawgyi keyboard ထည်.လို.ရပါသလား?သိရင်တစိတ်လောက် ဘယ်လိုထည်.ရပါသလဲ ပြောပြပေးပါလား ခင်ဗျာ….။

    1. nokia တွေမှာတော့ မရသေးပါဘူး။

  16. ကျွန်တော့်ဟာ restore လုပ်လိုက် cydia ကိုပြန် install လုပ်လိုက်ရတာ လေးငါးခါ လောက်ရှိနေပြီ။ zawgyi font နဲ့ zawgyi keyboard ကို install လုပ်ပြီးလို့ ipod reboot ပြန်လုပ်တိုင်း restore ပြန်ပြန်လုပ်နေရတယ်။ ဘယ်လိုလုပ်ရမလဲ အကြံလေးပေးပါဦး။ :(
    နောက်ထပ်လုပ်ကြည့်ရဦးမလား၊ လက်လေ ျှာ့လိုက်ရ တော့မလား ???

  17. ကျွန်တော့် OS က 3.1.2 ပါ။ Cydia ကို upgrade မလုပ်တာနဲ့ ဆိုင်ပါသလား ?

  18. အခုလည်းပြန်ဖြစ်နေပြန်ပြီ။ ဒီတစ်ခါ zawgyi font တစ်ခုပဲ install လုပ်ကြည့်ပြီး (zawgyi keyboard မပါ) restart ချကြည့်တာ USB cable နဲ့ itunes logo ပုံပေါ်လာတယ်။ hlep me !!! :(

  19. အားလုံးအဆင်ပြေသွားပါပြီ။ USB cable နဲ့ itunes logo ပုံပေါ်လာတိုင်း restore ပြန်ပြန်လုပ်နေလို့ပါ။ အမှန်ဆို Jailbreak ပြန်လုပ်ရမှာ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးအများကြီးတင်ပါတယ်။ ဒါနဲ့ မေးစရာတစ်ခုရှိလို့။ iPod restore က format ပြန်ချတာလား ? ခဏခဏ လုပ်ရင်စက်နာတတ်လား သိချင်လို့ပါ

  20. zawgyi font ကိုရိုးရိုး iPod video မှာသွင်းရင်ရောရပါသလား

    1. iPod Vidoe မှာတော့ မရပါ။ Songbird က Mozilla က ထုတ်တဲ့ music software ပါ။ Windows,Linux,Mac သုံးခု စလုံးမှာရပါတယ်။ iPod Access For Windows ကိုတော့ ကျွန်တော် လည်း မသုံးဖူးလို့ မသိပါဘူး။ ကျွန်တော် Windows App တွေကို သိပ်မသိလို့ပါ။ Mac မှာတော့ ကျွန်တော်လည်း song sharing လုပ်တဲ့ software မျိုးတော့ မရှာကြည့်မိဘူး။ iTune ကတော့ sync လုပ်လိုက်တော့ တခြားစက်ကဟာတွေကို ကိုယ့်စက်ထဲမှာ လာပြန်ဖြည့်လို့မရဘူး။

  21. font က version ဘယ်လောက်လဲဗျ … ဇော်ဂျီအသစ်ကိုပြောင်းပေးပါလား …
    အသစ်မှာဆို အဆင်ပြေပါတယ် … တောင်းဆိုတာပါ … ကျေးဇူးအထူးတင်ပါတယ်

    1. ဇော်ဂျီ ၂၀၀၈ ပဲ အလုပ်လုပ်ပါသည်။ 2009 တွင် rendering ပါသောကြောင့် အလုပ်မလုပ်နိုင်ပါ။

  22. စိတ်မကောင်းစရာပဲဗျာ …. ဒါနဲ့ itunes အတွက်လုပ်ထားတဲ့ ဇော်ဂျီကရော 2008 ပဲလား ???

    ဇော်ဂျီ နောက်ဆုံးထွက်တာတွေကို ဘယ်မှာ ဒေါင်းလို့ရပါသလဲ …. URL လေးတစ်ချက်လောက်ပေးပါလား … ကျွန်တော်ရှာတာ နောက်ဆုံးက 2007 ပဲရှိလို့ပါ

    1. zawgyi 2008 ကိုတော့ ပြန်ရှာကြည့်လိုက်ပါအုံးမယ်။

  23. တစ်ခုလောက်ထပ်မေးချင်လို့ပါ …
    iPod မှာမြန်မာစာလုံးတွေကိုဘယ်လိုစီပါသလဲ …
    ကကြီးမှအ အထိတော့စီပါတယ်
    ဒါပေမယ့် အ ပြီးရင် ကကြီးတွေပြန်စီထားလို့ပါ

    နောက်ပြီး iPod မှာညာဘက်ဘေးက A to Z ခွဲထားတာတွေကို မြန်မာလိုများရနိုင်မလားလို့ပါ (ကကြီးကနေအ အထိပေါ့)

    1. အဲဒါက သူက unicode နံပတ်နဲ့ စီထားတာပါ။ ကိုယ်လိုချင်သလို စီပေးလို့တော့ မရပါဘူး။

  24. zawgyi font တော့ကြည့်လို့ရပါပြီ…setting မှာ ikeyXe မပေါ်ဘူးဖြစ်နေတယ်..
    restart ချလိုက်ရမှာလည်း..ပထမဆုံး jailbreak လုပ်လိုက်တာ data တွေပျောက်သွားတာတော့ အမှန်ပါပဲ..ikeyXe မပေါ်သေးပါဘူး…ဘယ်လိုလုပ်ရအုံးမှာလဲ…..ဘာဖြစ်ဖြစ် zawgyi ကြည့်လို့ရတာကို က အများကြီးကျေးဇူးတင်ကြောင်းပါ..စာလိုက်လို့ရအောင် အကူအညီပေးပါအုံး…

  25. iKeyex ကို သွင်းသွားရဲ့လား မသိဘူး.. မပေါ်ဘူးဆိုရင် cydia ကို reload လုပ်။ ပြီးရင် iKeyex ဆိုတာကို ရှာပြီး သွင်းကြည့်ပါ။ iKeyEx က Setting အောက်မှာရှိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.