PHP Gtalk Bot လုပ်မလား

လွယ်ချက်ကတော့ ကမ်းကုန်ပဲ။ http://www.imified.com/ ကို register လုပ်။ bot create လုပ်။ ပြီးရင် PHP code တစ်ခုရေး။

<?php
echo $_REQUEST['msg'];
?>

အဲဒါဆိုရင် user ကရိုက်လိုက်တဲ့ဟာကို ရမယ်။ အဲဒါကို တနေရာမှာ host ထိုင်။ bot ရဲ့ address ကို အဲဒါပေးလိုက်။ ပြီးရင် gmail username နဲ့ password ထည့်။ active လုပ်။ ပြီးပြီ။ စိတ်ပျက်ဖို့ကောင်းလောက်အောင် လွယ်တာ။

External Link :
http://www.labnol.org/internet/tutorial-create-bot-for-gtalk-yahoo-messenger/4354/

14 Comments

  1. mgmgkyaw says:

    Thank you !
    I wanna write about this.
    Can you help me when i need your helpness?

  2. stunmatic says:

    where i put php code?tell me pls by mail.

  3. sai says:

    ဟိုင်း ကိုစေတန် အဲဒါလေးလုပ်ပြီး Gtalk က ဘယ်လို Sign Out ပြန်လုပ်ရလဲ။ အခုက ၂၄ နာရီ ပွင့်နေလို့။ Gtalk ကို Sing In ဝင်ပြီးကတည်းက ပြန်မအောက်တတ်တော့ဘူး။ ပြောပြပါဦး။

    1. saturngod says:

      imifield ကနေ deactivate လုပ်လိုက်ရင်ရပါတယ်။ gtalk username pwd ပေးတဲ့နေရာမှာ deactivate ဆိုတာပါပါတယ်။

  4. sai says:

    Deactivate လုပ်လဲ ဒီကောင်က အွန်လိုင်း ဖြစ်နေသေးပါလား။ ကြာမှ Disconnect ဖြစ်မှာလား။ အဲဒါမှ မရရင် ဘယ်လို လုပ်ရမလဲ ကိုစေတန်။

    1. saturngod says:

      Deactive လုပ်လိုက်ရင် offline ဖြစ်သွားပါတယ်။ ကျွန်တော် စမ်းပြီးပြီ။

  5. sai says:

    ပထမတော့ ကျတော်က ရိုးရိုးလေးဘဲ ဝင်လိုက်တာပေါ့။ နောက်ပြီး Sign out လုပ်လို့ မရတာနဲ့ ဆောက်ထားတဲ့ bot ကိုဖျက်လိုက်တယ်။ အဲဒီတော့ Deactive လုပ်တဲ့နေရာက မရှိတော့ဘူးလေ။ သူက အွန်လိုင်း ဖြစ်မြဲဖြစ်နေတာဗျ။ သူကို sign out လုပ်ဖို့ နေရာကို မရှိတော့ဘူး bot အသစ်ပြန်ဆောက်ပြီး sign in ဝင် ပြီးမှ sign out ပြန်လုပ်လဲ မရဘူး ဖြစ်နေတယ်။ ချက်ချင်ဝင် ပြီးတာနဲ့ မပိတ်ဘဲ Deactive ပြန်လုပ်ရင်တော့ အစ်ကို ပြောသလိုရတယ်။ ကျတော်က ပိတ်ပြီးမှ ပြန်ဝင်တာ ဆိုတော့ အဲဒါတွေ က မရှိတော့ဘူးဗျာ။ အဲဒါက အွန်လိုင်းအမြဲ ဖြစ်နေတော့ ခေါင်းစားနေရတယ်။ ကူညီပါဦး။

  6. saturngod says:

    account ပြန်ဆောက်လိုက်။ အဲဒါကို active ပြန်လုပ်။ ပြီးရင် deactive ပြန်လုပ်လိုက်။

  7. sai says:

    အဲဒီလိုလုပ်လဲ မရဘူး အစ်ကိုရေ။ စိတ်ညစ်စရာဘဲ။ သူတို့ဆီ မေးလ်ပို့တော့လဲ Deactive လုပ်လိုက်လို့ပြောတယ်။ ဒါပေမယ် ကျတော်က အဲဒီ bot ကို ဖျက်လိုက်ပြီလေ။ Deactive လုပ်မဲ့နေရာ မရှိတော့ဘူး ။ အစ်ကိုပြောသလို ပြန်ဝင်ပြီးတော့ ပြန် Deactive လုပ်လဲ သူက ပြန်မအောက်သွားဘူး။ bot အသစ်ဆောက်တယ်။ ပြီးတော့ Sign in ဝင်တယ်။ ပြီးရင် Deactive လုပ်တယ်။ ဒါလဲ မရဘူး။ ဓါတ်လေတယ်ဗျာ။။။

  8. အစ်ကို စေတန်ဂေါ့ရေ.. ကျွန်တော် အစ်ကိုပြောတဲံဆိုဒ်မှာတင်ပြီးတော့ဘော့ လုပ်တာ mhkbot@bot.im ရတယ်ဗျာ.. အဲံဒါကို . ကျွန်တော် ဂျီတော့နဲ့ချိတ်တော့ Gtalk ရုပ်ပုံထဲကို ဝင်ပြီးတော့ချိတ်ပါတယ်။ ဒါပေမဲ့ Connection Failed . Please try again . ဆိုပြီးပေါ်တယ်.. တစ်ခါတစ်လေလဲ.. Wrong Password . Please Check Your Password. ဆိုပြီးပေါ်နေတယ် ဗျ.. ဘာတွေဖြစ်နေလဲမသိဘူး.. တစ်ချက်လောက် သေချာ ပုံနဲ့ ရှင်းပြလို့ ရရင်ရှင်းပြပေးပါ့လားဗျာ့ း)

    ကျေးဇူးတင်ပါသည်။

    မင်းထိုက်ကျော်

    1. saturngod says:

      why not use with gmail ?

  9. tala chan says:

    ဥပမာ အကိုတို့ရဲ့ ornagai.txt dictionary ကို bot မှာ host လုပ်ချင်တယ်ဆိုရင် php/python နဲ့ရေးရသေးလား။ရေးရမယ်ဆိုရင်လည်း ဥပမာ ၃၊၄ ကြောင်းလောက် အကိုပြပေးပါ။ @bot.im နဲ့ ကျွန်တော်လုပ်ချင်တဲ့ပုံက မြန်မာ en2mm လိုလုပ်ချင်လို့ပါ။ en2mm ကတော့ online ထိုင်ရတယ်ဆိုတော့ ဒုက္ခရောက်ရတယ် ဒီအကိုပြောတဲ့ @bot.im က ကောင်းတယ် အွန်လိုင်းထိုင်စရာမလိုဘူး ကျွန်တော်ကတော့ Mon dictionary ကိုလုပ်နေတာ ပြီးတော့မယ်လေး။ တစ်ချက်လောက်ကူညီပါ။

    1. saturngod says:

      bot.im ကလည်း php run ဖို့ hosting တစ်ခု ရှိဖို့လိုပါတယ်။ http://www.labnol.org/internet/tutorial-create-bot-for-gtalk-yahoo-messenger/4354/

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.