Gtalk Account တွေသတိထားပါ

ကျွန်တော်တို့ အင်တာနက် ဆိုင်မှာ gtalk တွေ သုံးတတ်ပါတယ်။ အဲဒီအခါမှာ ဘာဖြစ်လည်းဆိုတော့ ကိုယ့် account ကျန်ခဲ့တတ်ပါတယ်။ login ဝင်ပြီး ထွက်လိုက်တယ်။ remember password လည်းမလုပ်ထားဘူး။ ဒါတောင် username အမြဲကျန်ခဲ့ပါတယ်။ ဟုတ်တယ်ဗျ။ gtalk က ထွက်လိုက်ရင် username လေးကတော့ အဆင်သင့်ကျန်ခဲ့တယ်။ အဲဒီအခါ တစ်ခြားတစ်ယောက် ဝင်ပြီး အဲဒီ username ကို add လိုက်နိုင်ပါတယ်။ ဒါဟာ privacy ချိုးဖောက်မှုတစ်ခုပါ။ အဲဒါကိုလည်း gtalk က ဖြေရှင်းပေးသင့်တယ်။ သူကတော့ လွယ်အောင် လုပ်ထားပေမယ့် cyber cafe မှာသုံးတဲ့သူတွေအတွက် privacy ကျဆင်းတာပဲ။

4 responses to “Gtalk Account တွေသတိထားပါ”

  1. ပြန်ထွက်တဲ့အခါ username ကိုပြန်ဖျက်ခဲ့ရင်
    username textbox မှာ blank ဖြစ်အောင်ဖျက်ခဲ့လိုက်ရင် ရပါတယ်။

    နောက်တကြိမ် ပြန်ဝင်တဲ့အခါ username နေရာမှာ blank ပဲဖြစ်နေမှာပါ ။

  2. grace ပြောတာနဲ့မပြည့်စုံသေးပါဘူး။ ဒီမှာရေးထားတာဖတ်ကြည့်ပါဦး…

    http://www.mysteryzillion.org/forums/showthread.php?t=1126

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading