ဒီနေ့ West Cost မှာ One Piece Figure တွေ့တယ်လို့ ပြောလို့ ထပ်ပြီး ဝယ်ခဲ့တာပါ။ ၆ ရုပ် ကို S$20 ကျပါတယ်။ လိုချင်တဲ့ အရုပ်တွေကကတော့ ကျန်သေးတယ်။ အခု အရုပ်ထဲမှာ Usopp အရုပ်မပါသေးဘူး။ ထပ်လိုချင်တဲ့ အရုပ်က Boa Hancock အရုပ်။ နောက် ကြုံရင်တော့ Nico Robin အရုပ်အသေးလေး ရှာဝယ်အုံးမယ်။ Boa Hancock Figure ကတော့ ရှားမယ်ထင်တယ်။ နည်းနည်းကြီးတဲ့ One Piece Kids အရုပ်တွေက ၃ ရုပ် S$13 လောက်တော့ ပေးရတယ်။ ဒါပေမယ့် Kids အရုပ်တွေကတော့ မကြိုက်လှဘူး။ Boa Hancock Figure စလုံးမှာ ဝယ်လို့ ရရင် ပြောပါအုံး။
အခု အရုပ်သေးသေးလေးတွေက ပိုပြီး လက်ရာသေသပ်ပြီး ချစ်ဖို့ကောင်းတယ်။ ပုံမှန် အရွယ် အရုပ်တွေကလည်း ၆ ရုပ်ကို S$20 ပေးရတာပဲ။ ဒါပေမယ့် လက်ရာက သိပ်မသေသပ်ဘူး။ အဲဒါကိုတော့ Vivo ကနေ ဝယ်ခဲ့တာပါ။ China Town မှာက ပိုဈေးကြီးတယ်။ ပုံစံတူတူ ၄ ရုပ်ကို S$20 ပေးရတော့ မတန်ဘူး။ ဒါပေမယ့် China Town ဆိုင်က အခြား ပစ္စည်းလေးတွေပါ ဝယ်လို့ရတော့ One Piece အလံတွေ ဝယ်ချင်ရင် ဝယ်လို့ရတာပေါ့။ သို့ပေမယ့် အဲဒီဆိုင်မှာ Boa Hancock အရုပ်မတွေ့ခဲ့ပါ။ Vivo က ဆိုင်မှာ ဝယ်ထားတာကတော့ တော်တော်ကြာပါပြီ။ အဲဒီ ဆိုင်မှာ Shark အရုပ်အကြီးကြီးလည်း ရှိတယ်။ မိုက်တယ်ဗျ။ ဒါပေမယ့် ဈေးကလည်း များတယ်။ ဈေးနှုန်းတောင် မေ့သွားပြီ။ Bugis မှာ ဝယ်လို့ရတယ်ဆိုတာတော့ သိတယ်။ နောက်အားတော့မှပဲ သွားပတ်ကြည့်လိုက်အုံးမယ်ဗျာ။
Leave a Reply