node

  • ပြီးခဲ့တဲ့ ရုံးပိတ်ရက်က ExpressJS ကို အသုံးပြုပြီး project လေး တစ်ခုလုပ်ဖြစ်သွားတယ်။ ExpressJS ဆိုတာကတော့ Node.js အတွက် web framework တစ်ခုပါ။ ExpressJS က Sinatra ကို အခြေခံထားပြီး connect middleware ကို အသုံးပြုထားပါတယ်။ ပုံမှန် Node.js နဲ့ ရေးရင် ရပေမယ့် Restful API နဲ့ အဆင်မပြေပါဘူး။ တော်တော် အချိန်ပေးရပါတယ်။ ExpressJS ကို သုံးလိုက်တာ တော်တော်လေးကို လွယ်သွားတယ်။ Mobile အတွက် Admin Panel တစ်ခုဖန်တီးရာမှာလည်း Jade Template နဲ့ ရေးရတော့ ပုံမှန် သမာရိုးကျ HTML ရေးရတာထက်တော့ မြန်ပါတယ်။

  • javascript နဲ့ ရေးထားတဲ့ zawgyi to unicode ကို node.js ပြန်ပြောင်းထားပါတယ်။ node.js နဲ့ အသုံးပြုမယ်ဆိုရင် node.js ကို သွင်းထားဖို့လိုပါတယ်။ node.js က windows မှာလည်း လွယ်လွယ် အသုံးပြုနိုင်ပါတယ်။ windows မှာ အသေးစိတ် သွင်းနည်းကိုတော့ ဒီမှာ ဖတ်ပါ။ https://github.com/saturngod/ZG2Uni_NodeJS/zipball/master ကို download ချလိုက်ပါ။ zip ကို ဖြည်လိုက်ရင် folder ထဲမှာ app.js file ကို တွေ့ပါလိမ့်မယ်။

  • သောကြာနေ့က ရုံးမှာ လေ့လာချင်တာ လေ့လာလို့ရအောင် နေ့တဝက် အချိန်ပေးပါတယ်။ ဒါနဲ့ စမ်းချင်နေတဲ့ node.js က socket.io နဲ့ iphone ကို စမ်းပြီး ချိတ်ကြည့်လိုက်တယ်။ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတယ်။ လိုချင်တဲ့ library က ရတယ်။ သို့ပေမယ့် socket.io 0.7 နောက်မှာ သုံးမရတာနဲ့ ပြန်ပြင်ထားတဲ့ library ကို သုံးရတယ်။ အဲဒီ library က https://github.com/pkyeck/socket.IO-objc ပါ။ သူက socketio-cocoa https://github.com/fpotter/socketio-cocoa ကို အခြေခံထားတယ်။ socketio-cocoa က 0.7 နောက်ပိုင်းမှာ မရတော့လို့။ နောက်ပြီး အခြား library တွေ ထပ်ဖြည့်ပေးရတယ်။ ထပ်ဖြည့်ပေးရတဲ့ library တွေက https://github.com/erichocean/cocoa-websocket…