MacForUs

Mac သမားတွေအတွက် Mac Blog လေး သီးသန့်လုပ်ထားတယ်။ www.macforus.com မှာ English မြန်မာ ၂ ဘာသာနဲ့ ရေးထားတယ်။ အဓိကတော့ Mac မှာ အလကားရတဲ့ software လေးတွေနဲ့ Tip လေးတွေ အားရင် အားသလို အမြဲရေးသွားမှာပါ။ မြန်မာနိုင်ငံမှာ နည်းပါလှတဲ့ Mac သမားတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်ဗျာ။More

Zawgyi 2009 & Ornagai

Zawgyi 2009 မှာ ornagai က စပြီး ပြဿနာ စကြုံနေရတယ်။ ဘာပြဿနာလဲဆိုတော့ ပက်ဆင့် ပြဿနာပဲ။ အခြားဟာတွေက normalize လုပ်ထားတော့ ကိစ္စမရှိပေမယ့် ပက်ဆင့်က storage ပုံစံပြောင်းသွားတယ်။ ပက်ဆင့်အတွက် code point နှစ်ခု သွားသိမ်းတယ်။ zawgyi 2008 သုံးက တစ်ခုပဲ သိမ်းထားတယ်။ အခု စဉ်းစားနေတာ ဘာဆက်လုပ်ရမလဲဆိုတာကိုပေါ့။ 2008 နဲ့ပဲ ရှာရှာ 2009 နဲ့ပဲရှာရှာ ရအောင်လုပ်ရမယ်လေ။ 2008 က ပက်ဆင့်တွေက 2009 မှာ ဖတ်လို့ရတယ်။ ဒါပေမယ့် 2009 က ပက်ဆင့်တွေကို 2008 မှာ ဖတ်လို့မရဘူး။ အဲဒီဟာကို စဉ်းစားနေတာ။ 2009 ကို 2008…More

Shortest URL

bit.ly နဲ့ tinyurl တို့ရဲ့ service ကိုယူပြီးပြန်ရေးထားတယ်။ မူရင်း site ထက် မြန်တာပေါ့။ ဘာလို့လည်းဆိုတော့ ဘာပုံမှ မပါလို့ပဲဗျ။ ကျွန်တော် bit.ly မှာ ဆို ကြာတယ်လို့ထင်ရတယ်။ သူ့ ပုံတွေ loading လုပ်နေတာကြောင့်လည်းပါတယ်။ အဲဒါကြောင့် ကိုယ့်ဘာသာကိုယ် သုံးဖို့အတွက် ရေးထားတာပါ။ PHP code ကိုတော့ http://davidwalsh.name ကနေ ယူပြီး jquery နဲ့ ပေါင်းပြီး ရေးထားတာ။ လိပ်စာကတော့ http://www.saturngod.net/webtool/ အဲ..မေ့တော့မလို့… HTML5 ကိုသုံးထားတော့ firefox3.5 နဲ့ chrome 2 မှာမှ အဆင်ပြေမှာနော်… :DMore

Text To Speech Add in Ornagai

အခု ornagai.com မှာ စာတစ်လုံးခြင်းဆီအတွက် အသံထွက် စနစ်လုပ်ထားတယ်။ text to voice စနစ်ဆို ပိုမှန်မှာပေါ့။ vozme.com ရဲ့ feature တွေကိုပဲ အသုံးပြုထားတာပါ။ ကိုယ်တိုင် ရေးလည်း ရပေမယ့် မရေးတော့ပဲ အရန်သင့်ရှိတဲ့ vozme.com ကို သုံးလိုက်တယ်။ ကိုယ်တိုင်ရေးဖို့ကလည်း မခက်ပါဘူး။ PHP မှာ text to voice အတွက် class က ရှိပြီးသားလေ။ ကိုယ်တိုင်လုပ်မယ်ဆိုရင် ကိုယ့် server ပေါ်မှာ အသံ file ကို tmp အနေနဲ့ သုံးရလိမ့်မယ်။ ပြီးရင် tmp mp3 တွေ ပြန်ဖျက်ရမယ့် အလုပ်ရှိသေးတယ်လေ။ ဒါကြောင့် အရန်သင့် vozme.com ကိုပဲ…More

ပြင်ဆင်စရာတွေ အများကြီး

ကျွန်တော်တို့ အခုမှ MZ စတက်တယ်။ ပြသနာတွေကလည်း အများကြီးပဲဗျ။ MZ တက်အောင် လုပ်ဖို့လည်း မလွယ်ဘူး။ Database တွေ ပြန်ရဖို့လည်း မလွယ်ဘူး။ အခု အမှန်အကုန် ဝယ်သုံးနေပြီ။ Template ကို ဝယ်တာလည်း မလွယ်မှန်းသိလာပြီ။ $30 ဆိုတာက ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အများ တစ်ခုလုပ်မိလိုက်တယ်။ 10% off coupon ကို google ကနေ ရှာပြီးထည့်သုံးလိုက်မိတယ်။ အဲမှာ ဆိုးတာပဲဗျာ။ $3 လေး လျော့သွားတာပဲရှိတယ်။ $3 အတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီးပေးလိုက်ရတယ်။ ကိုမင်းကျော် ရဲ့ paypal လည်း ပိတ်ခံထိသွားတယ်။ ပြန်ပွင့်အောင် အချိန်တွေ ပေးလိုက်ရတယ်။ ကျွန်တော် MZ…More

MZ နဲ့ edu ရပြီနော်

မနေ့ညကတည်းက စည်သူလုပ်နေတာ မနက် ၈ နာရီခွဲတော့ ထခေါ်တယ်။ MZ အတွက် အကုန်လုပ်ပြီးပြီ။ Database က MySQl 5 ကနေ 4 ကိုပြန်ပြောင်းပြီးတင်ရတယ်။ အခု mysteryzillion.org ရပြီ။ လာခဲ့ပါအုံးဆိုလို့ ကျွန်တော်လည်း ၉ နာရီ အရောက်ပြေးလိုက်ရတယ်။ ရောက်တာနဲ့ MZ stable stage ရောက်အောင် file တွေပြင် template ဝယ်ဖို့ကြိုးစားနဲ့ ၁၂ ကျော်ကျော်လောက်မှ စတင်တည်ငြိမ်လာပြီး ၂ နာရီလောက်မှာ ရောက်သွားတယ်။ ဝယ်ထားတဲ့ template ကတော့ ၁၂ နာရီစောင့်မှ ရမယ်ဆိုလို့ စောင့်နေရတယ်။ $30 တောင် template အတွက်ပေးရပါတယ်။ နောက်တော့ ကျွန်တော် edu အတွက် ဆက်လုပ်တယ်။…More

MZ will come soon

MZ မကြာခင်ပြန်လာမှာပါ။ အခုအကုန်လုံး ဝိုင်းဝန်းလှုကြလို့ အဆင်ပြေလာပါပြီ။ grid server နဲ့ vbulletin ကို ကိုမင်းကျော်က စိုက်ဝယ်ပေးထားတယ်။ အလှုငွေနဲ့ အကြွေးပြန်ဆပ်မှာပါ။ အခုဖြစ်နေတဲ့ ပြသနာတစ်ခုကတော့More

Infobox MZwiki ရတော့မည်

တနေကုန်လုံး မူးနောက်သွားတာပဲ။ MZwiki မှာ မူရင်း wikipedia လို infobox လေးရဖို့ ဖတ်လိုက်ရတဲ့စာတွေ မနည်းဘူးပဲ။ အဓိကတော့ မူရင်း code ကို နားလည်အောင် မနည်းဖတ်ရတယ်။ မူရင်း code ကြီးက တကယ့်ကို structure ကျလွန်းတယ်။ နောက်ပြီး တော်ရုံတန်ရုံကူးလို့မရအောင် လုပ်ထားတယ်။ မနည်းနားလည်အောင် ဖတ်ရတယ်။ သူ့အတိုင်း တိုက်ရိုက်ကူးရင်မရဘူးဗျ။ Mediawiki မှာသုံးတဲ့ parser တွေကို သေသေချာချာ ဖတ်ရတယ်။ နောက်ပြီး စမ်းပြီးလုပ်ရတယ်။ အခုတော့ တော်တော် အဆင်ချောလာပြီ။ မူရင်းလောက်မတူရင်တောင် မူရင်းလောက်နီးပါး ကောင်းအောင် ပြုပြင်ဖြည့်စွက်ထားတယ်။ ကိုယ်ပိုင် template တွေ သေသေချာချာ ဆွဲရတယ်။ code တွေကို လိုက်ဖတ်လေလေ မူရင်းလုပ်ထားတဲ့လူတွေကို သဘောကျလေလေပဲ။…More