Ornagai English – Myanmar Mac Dictionary

Ornagai ကို Mac အတွက် update မလုပ်ဖြစ်တာ တော်တော်ကြာသွားပြီ။ နောက်ဆုံး Yosemite မှာ သုံးလို့ မရတော့ဘူးလို့ report လည်း လုပ်ထားပါတယ်။ ဒါကြောင့် ကျွန်တော် ပြန်ပြီး update လုပ်ထားပေးပါတယ်။

  • Dictionary ကို Download ချပါ။
  • Unzip လုပ်ပါ။
  • Ornagai.dictionary file ရလာပါပြီ။
  • Ornagai.dictionary ကို ~/Library/Dictionaries/ ထဲတွင် ထည့်လိုက်ပါ။

Dictionary ကို enable လုပ်ဖို့ Mac က Dictionary App ကို ဖွင့်ပါ။ Menu က Preference ကနေ တဆင့် Ornagai ကို enable လုပ်ပေးပါ။

enable

ပြီးလျှင် အသုံးပြုနိုင်ပါပြီ။

final

အခက်အခဲရှိရင် Comment ဖြစ်ဖြစ် MYSTERY ZILLION မှာ ဖြစ်ဖြစ် မေးနိုင်ပါတယ်။


      1. finder ကနေ့ Go menu နိပ်တယ်…ဒါပေမယ့် library/Dictionaries မတွေ့ဘူးဖြစ်နေတယ်။ ဒီထက်ပိုရှင်းအောင် ပြောပြလို့ရမလား ခင်ဗျာ…။ ကျနော် ရှာတာ ခေါင်းတောင်မူးသွားတယ်….user friendly မဖြစ်တာလည်း ပါပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။

  1. ဟုတ်ကဲ့ အကိုပြောတဲ့အတိုင်းလုပ်တဲ့ခင်ဗျာ ဒါပေမယ့် CoreDataUbiquitySupport အဲဒါပေါ်လာတယ်။ UserDictionary ကိုပို့လိုက်တယ် ဒါပေမယ့် preference မှာမပေါ်ဘူး။ အဲဒါနဲ့ folder အဆုံးထိဖြစ်တဲ့ sotre-UserDictionary.db အဲထိအထိလည်း မပေါ်ဘူးခင်ဗျာ။ restart လုပ်ဖို့လိုလားမသိဘူး။ ကျေးဇူးတင်လျက်။

    1. ~/Library/Dictionaries/ အောက်ထဲမှာ ထည့်ထားလား ? Zip ကော ဖြည်ပြီး ထည့်ထားရဲ့လား ?

      dictionary

      တကယ်လို့ မရဘူးဆိုရင်တော့ ~/Library/Dictionaries/ အစား /Library/Dictionaries/ ထဲမှာ ပြောင်းထည့်ကြည့်ပါလား ?

  2. /Libary/Dictionaries/ နဲ့အဆင်ပြေသွားတယ် အကိုရေ။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီထက်မက ပညာများလည်း လေ့လာဆည်းပူး ပြန်လည်မျှဝေနိုင်ပါစေ။
    လေးစာခင်မင်လျက်
    စိုင်းဇော်

    1. ကွန်မက်အတိုင်း လိုက်သွားပေမယ့် Dictionaries က ပေါ်မလာသေးပါ။ အကြံပြုပါအုံး..

  3. ဟဲလို။ ကျွန်တော့် Macbook Air မှာ အထက်ကလို Install လုပ်ပြီး Preference မှာ
    Ornagai Dictionary ရှာမတွေ့လို့ ဘာဆက်လုပ်ရမှန်းမသိဘူး ကူညီပါဦး။

    1. ~/Library/Dictionaries/ အောက်ထဲမှာ ထည့်ထားလား ? Zip ကော ဖြည်ပြီး ထည့်ထားရဲ့လား ?

      တကယ်လို့ မရဘူးဆိုရင်တော့ ~/Library/Dictionaries/ အစား /Library/Dictionaries/ ထဲမှာ ပြောင်းထည့်ကြည့်ပါလား ?

  4. Sierra ပေါ်မှာ Library အောက် Dictionaries folder မရှိတော့ဘူး။ လုပ်မရတော့ဘူး ခင်ဗျ

  5. ဆရာရယ် enable လုပ်မယ့်နေရာမှမရဘူး ဘယ်လိုလုပ်ရတာလဲ ကူညီပေးပါအုံး…

      1. မသွားတတ်တော့ဘူးဆရာ မမှတ်မိဘူး…Library and dictionary လည်းမတွေ့ဘူး….အရမ်းငတာ..ဆရာရယ်ရှင်းအောင်ပြောပြပေးပါလား

      2. ဆရာ.ကူညီပါအုံး…library တော့တွေ့ပြီ…ခက်တာက dictionaries မရှိဘူး…folder အသစ်လုပ်ပြီး ထည့်လဲမရဘူး…

  6. Hi.. everyone! I really appreciate to you all if one of you knows my problem with Facebook because I can’t read Myanmar font on my new posts.And I’m using my Facebook with safari.


  8. Ornagaiကို downloadဆွဲလိုက်ပြီး installလုပ်ထားတယ်။ Dictionaryမှာ အင်္ဂလိပ်လို ရေးရင် အဆင်ပြေပါတယ်။ မြန်မာလိုဆိုရင် အဆင်မပြေဘူး။ မြန်မာကနေ ဘာသာမပြန်နိုင်သေးဘူးလား ဒါမှမဟုတ် font issue လား။ ကျေးဇူးပါအကို

  9. Ornagai ကို ဒေါင်းပြီး install လိုက်တယ်။ Mac Dictionaryမှာ Englishလိုရေးရင် အရမ်းအဆင်ပြေတယ် ဒါပေမဲ့ မြန်မာလို ရေးရင် အဆင်မပြေဘူး ဘာမှမပြဘူး။ font issue ကြောင့်လား I use only zawgyi. Or can Ornagai not translate from myanmar yet?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Ornagai 2.2.6 (Android)

Ornagai 2.2.6 (Android)