Deploy website using git

HTML5 စာအုပ် စ ရေးတုန်းက github pages ကို အသုံးပြုခဲ့တယ်။ github page သုံးတဲ့ အတွက် တစ်ခုခု ပြင်ပြီးတာနဲ့ တစ်ခါတည်း push လုပ်လိုက်ရုံပါပဲ။ FTP ကို ချိတ် ။ upload တင် စတာတွေကို လုပ်နေစရာမလိုတဲ့ အတွက် တော်တော်လေးကို သက်သာပါတယ်။ သို့ပေမယ် ကျွန်တော် HTML5 စာအုပ်ကို opensource လုပ်ချင်တာ မဟုတ်ပါ။ ဒါကြောင့် github ကနေ ပြန်ပြီးတော့ ဖျက်ချခဲ့ပါတယ်။ github လိုမျိုး feature ရအောင် appfog ကို အသုံးပြုခဲ့တယ်။ mmwebfonts သုံးခဲ့တုန်းက appfog က custom domain အသုံးပြုခွင့်ပေးထားပါတယ်။ အခုတော့…More

Git Simple Guide

Git အသုံးပြုပုံကို အရိုးအရှင်း ရှင်းပြထားပါတယ်။ ကျွန်တော်ကတော့ ဘာသာပြန်ထားပေးပါတယ်။ တကယ်လို့ မှားနေတာတွေ ရှိနေရင် မူရင်း source ကို fork လုပ်ပြီး ပြင်နိင်ပါတယ်။ http://rogerdudler.github.com/git-guide/index.my.html http://try.github.com/levels/1/challenges/1 မှာ git ကို ဘယ်လို သုံးရမလဲဆိုတာကို လက်တွေ့ လေ့လာလို့ ရပါတယ်။More

Working with git

Git ကို အရင်ရုံး point-star မှာ စသုံးဖူးတာပါ။ git ဆိုတာကို အရင်တုန်းကတော့ opensource တွေကို download ဆွဲချပြီး သုံးဖို့လောက်ပဲ သုံးဖြစ်တယ်။ point-star မှာ github သုံးရမယ်ဆိုတာနဲ့ github ကို လေ့လာဖြစ်တာပဲ။ github နဲ့ git အစတုန်းက လုံးဝ ကို မကွဲတာ။ github သုံးရင်းနဲ့ git နဲ့ github မတူဘူးဆိုတာ သိလာတာ။ git သုံးတတ်ပြီးနောက်ပိုင်းမှာ github မှာ opensource project တွေ တင်ဖြစ်တယ်။ သို့ပေမယ့် တစ်ယောက်တည်းပဲ ဖြစ်တဲ့အတွက် git အကြောင်းကို ကောင်းကောင်း မသိခဲ့ဘူး။ အရင်ရုံးတုန်းကလည်း တစ်ယောက်တည်းလိုလို ဖြစ်နေတဲ့အတွက် မထူးခြားလှဘူး။…More

No Git , No SVN

ရန်ကုန်ပြန်ရောက်တော့ ဆိုးဆိုးရွားရွား ခံစားရခက်တာက မီးပြတ်တာတွေ အင်တာနက်မရတာတွေ မဟုတ်ဘူး။ တကယ်ခံစားရခက်ခဲ့တာက git မရတာပဲ။ ရန်ကုန်ရောက်တော့ လူကလည်း အားတာနဲ့ ornagai ကို တော်တော်လေး ရေးဖြစ်တယ်။ နောက်ပြီး ကိုယ့် framework လေးကိုလည်း ရေးဖြစ်တယ်။ git မရတာတော့ တော်တော်ဆိုးတယ်။ လူက အကျင့်ပါနေတာလားတော့ မသိဘူး။ နည်းနည်းလေး ပြင်ပြီးရင် git ပေါ်တင်လိုက်ရမှ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်အချက်တွေ အသစ်ပြင်ထားတယ်။ ဘယ်အချက်တွေက ဘာတွေလည်း ဆိုတာ သိရအောင်ပေါ့။ အခု ornagai မှာ ပြင်လိုက်တာ အများကြီးပဲ။ apiwork ကိုလည်း databae ပိုင်းကို ပြင်ချထားတွေအပြင် အခြား class အသစ် ထပ်ဖြည့်တာတွေ ရှိတယ်။ အမှန်တိုင်းဆိုရင် တစ်ဆင့်ပြင်ပြီးတိုင်း…More