saturngod
-
အောက်ကလို ပေါ်ချင်ကြတာလားဗျ။ Tahoma ကို replace လုပ်ထားတာ။ Linux ဘက်ကနေ ဒါမှမဟုတ် Mac ဘက်ကနေ windows ရဲ့tahoma ကို overwrite လိုက်ရင်တော့ ရတယ်။ ဒါနဲ့ Linux က လူတိုင်းမှာ ရှိမှာ မဟုတ်ဘူး။ Installer လေး လုပ်ဖို့ရှာလိုက်အုံးမယ်ဗျာ။ သုံးနေကျ Smart Install Maker က tahoma ကို overwrite လို့မရလို့။ tahoma font တွေက line spacing လေးတွေ အပေါ်ဘက် အောက်ဘက် နည်းနည်းကျဲကုန်မယ်။ အဲဒီ နည်းပဲရှိတယ်။ တကယ်လို့ ဖြစ်တယ်ဆိုရင်တော့ သွင်းပေါ့။ Installer ကတော့ ရှာလိုက်အုံးမယ်။
-
ကျောင်းတုန်းက SE ကိုသင်ခဲ့ဘူးတယ်။ အမှန်တိုင်းပြောရင် ကျောင်းက SE ရဲ့ အချို့အပိုင်းတွေက အခုအချိန်မှာ ခေတ်မရှိတော့ဘူး။ ဒါပေမယ့် အချို့ဟာလေးတွေက အခုထက်ထိ လုပ်ငန်းခွင်ထဲမှာ အသုံးပြုနေတုန်းပဲ။ SE က ကျောင်းမှာ သင်တာကတော့ တကယ်အိပ်ငိုက်ဖို့ ကောင်းတဲ့ ဘာသာရပ်ပဲ။ ဘာတွေ မှန်းလဲမသိဘူး။ နောက်ပြီး မျက်စိထဲလည်း မမြင်ဘူး။ project တွေလည်း မရှိတော့ သေသေချာချာ နားလည် သဘောမပေါက်ဘူး။ စာတွေ့ကြီးလိုဖြစ်နေတာ။ Programming ကို ဗိုလ်တထောင် ကောလိပ်မှာ DSE တက်တုန်းက VB နဲ့စလိုက်တော့ OOP ကို မသိတော့ဘူး။ အဲဒါက တကယ့်ကို ဆိုးရွားသွားတာပဲ။ ကျောင်းမှာ C သင်တော့မှ OOP ကို စပြီး ထိတွေ့တာ။…
-
ဒီအပတ် ခေါင်းထဲမှာ စဉ်းစားခဲ့တဲ့ စကားလုံးတွေ
-
မြန်မာတွေ ငယ်ငယ်ကတည်းကနေ သင်ကြားလာတဲ့ ပညာရေးပုံစံကြောင့် ဖြစ်လာတဲ့ ပုံစံကို ကောင်းကောင်းကြီး လိုရင်းတိုရှင်း ပုံဖော်ထားပေးတယ်။ http://blog.calmhill.info/2009/12/blog-post_10.html
-
https://chrome.google.com/extensions mac မှာကတော့ သုံးမရသေးပါဘူး။ Linux မှာက chrome က မြန်မာ unicode တွေနဲ့ပြဿနာဖြစ်နေပါတယ်။ Windows အတွက်တော့ အဆင်ပြေပါတယ်။
-
iPhone နဲ့ မြန်မာစာ သုံးတဲ့သူတွေထဲမှာ မြန်မာနိုင်ငံက iPhone သုံးတဲ့လူ အများဆုံးပဲ :)
-
မောင်ပြုံးက facebook မှာ အခွင့်အရေး = Chance or Opportunity ???? လို့မေးလိုက်တော့ ရှာကြည့်လိုက်တော့ အောက်ကလို တွေ့တယ်။ အဲဒါမှ ရှင်းသွားတာ။ Chance က အခွင့်အရေး။ Opportunity ကတော့ အခွင့်အလမ်း။ မတူဘူး။ Chance is a noun = a possibility /accidental occurence eg there is a chance you can catch this train. We only met at the movies by chance. Opportunity is a noun = a…
