saturngod
-
ဒီနေ့ memory သက်သာတဲ့ သီချင်း Player လေးရှာကြည့်တယ်။ အသံလေးကောင်းရမယ်ပေါ့။ VLC က အသံထွက်လာတဲ့ quality ကို သိပ်မကြိုက်လို့။ အခု foobar2000 လေးကို ကြိုက်နေတဲ့။ GUI ကတော့ VLC သာသာပဲ။ ဒါပေမယ့် အသံထွက်ကောင်းတယ်။ Memory ကလည်း သီချင်းဖွင့်ထားရင်တောင် 14,762K ပဲရှိတော့ တော်တော်လေးပေါ့တယ်လို့ ဆိုလို့ရမယ်။ http://www.filehippo.com မှာ download ချနိုင်တယ်။ ဒါပေမယ့် design က တော်တော်ပိန်းတယ်နော်။ iTune နဲ့တော့ သွားမယှဉ်နဲ့။ iTune နဲ့ ယှဉ်နိုင်တာဆိုလို့ memory ပိုင်းပဲရှိတယ်။ :)
-
သူ့အကြောင်းကတော့ wiki မှာ နည်းနည်းလေးပဲ ပါတယ်… မြန်မာလို ဒီမှာဖတ်လို့ရတယ်..
-
Evan Williams ကို 31 March 1972 နှင့် အမေရိကန် Nebraska တွင် မွေးဖွားသည်။ သူဟာ Internet Company များစွာကို တည်ထောင်ခဲ့သူတစ်ယောက် ဖြစ်သည်။ အလုပ်အကိုင် Evan Williams နှင့် Meg Hourihan တို့ ပူးပေါင်းပြီး Pyra Labs ကို project management software အတွက် တည်ထောင်ခဲ့သည်။ အဲဒီဟာက blogger ဆိုတာကို ဖြစ်စေလာ စေမယ့် အကြောင်းပါပဲ။ Blogger ဟာ ပထမဆုံး web applications ဖြစ်ပြီး blog တွေ ဖန်တီးခြင်းနှင့် စီမံခြင်းတို့ ကို လုပ်နိုင်ပါတယ်။ Williams ဟာ blogger ဆိုတဲ့စကားလုံးကို…
-
မေလ ဆိုရင် မြန်မာနိုင်ငံ အင်တာနက် bandwidth ကို အဆ ၂၀ တိုးမြှင့်တော့မှာပါ… အဆ ၂၀ အင်တာနက် ဘယ်ကိုပျောက်လို့ ဘယ်ကိုရောက်.. နှေးကွေးနေတာ ထိပ်ကို ရောက်… အာလောက်လောက်.. အာလောက်လောက်… စိုင်းစိုင်း သီချင်းတောင် သတိရတယ်… သူငယ်ချင်းလေးပါပဲ …. သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါပြောပါတယ် … ချစ်ရသူရယ် နောက်ထပ် နောက်တစ်ယောက်မချစ်ဘူး ..ယဉ်ယဉ်လေးနဲ့ရူးတော့မယ်.. အချိန်တွေကုန်လို့ အသက်တွေကြီးကုန်ရင် ..ခက်ရချည်ရဲ့ …. သူငယ်ချင်း = အဆ ၂၀ အင်တာနက်
-
Mark Zuckerberg ဟာ ၁၉၈၄ မေလ ၁၄ ရက်မှာ မွေးဖွားပါတယ်။ သူဟာ အမေရိကန် စွန့်ဦး စီးပွားရေးသမား ဖြစ်သလို programmer တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ Harvard ကျောင်းသားဘဝက facebook ကို တည်ထောင်ခဲ့ပြီး computer science major က ကျောင်းသားတွေနဲ့ သူ့ အခန်းဖော် Dustin Moskovitz နဲ့ Chris Hughes တို့ အသုံးပြုခဲ့ကြပါတယ်။ Facebook ဟာ social networking site အဖြစ် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ကျောင်းသားတွေ ကြားမှာ ရေပန်းစား နာမည်ကြီးခဲ့ပါတယ်။ သူဟာ Facebook’s CEO အဖြစ်လုပ်ကိုင်နေပြီး facebook က မဖြစ်နိုင်…
-
အော်.. လူလည်းတယ်ခက်ပါလား… တစ်ခုခုကို စွဲလုပ်ဖို့က မလွယ်တဲ့ ကိစ္စပဲ… လုပ်ချင်တာ ဓာတ်ကျတာကိုပဲ လုပ်နေမိတယ်.. ပြီးခဲ့တဲ့လက ornagai ကို လုပ်ဖြစ်တယ်.. ဒီလတော့ wiki ဘက်ပြန်ရောက်သွားပြန်ပြီ.. အခုတော့ facebook founder ဖြစ်တဲ့ Mark Zuckerberg အကြောင်းရေးနေတယ်။ ဒီညတော့ အပြီးသတ်လိုက်မယ်။ အားတဲ့ အချိန်တိုင်းရေးနေတာ။ အခုတလော လူတွေ အကြောင်းဖတ်ပြီး ဘာသာပြန်ရတာကို ဓာတ်ကျနေပြန်ပြီ… ခက်တယ်… ခက်တယ်… တစ်ခုလောက်ပဲ စိတ်ထဲစွဲပြီး အလုပ်မလုပ်တတ်တာဆိုးတာပဲ… အားတဲ့ အချိန်မှာ ornagai ကို ပြန်လုပ်ချင်ပေမယ့်… ဘာသာပြန်ရတာ.. စာဖတ်ရတာကို သဘောကျနေမိတယ်.. အခုတလောလည်း သိပ်မအားဘူးဖြစ်နေတယ်….
-
PDF ဆိုတာ PDF ဆိုတာကိုတော့ ထွေထွေထူးထူးပြောနေစရာမလိုပါဘူး။ portable document file ပေါ့။ PDF ကို adobe acrobat နဲ့ အရင်တုန်းက လုပ်ခဲ့တယ်။ ခုနောက်ပိုင်းတော့ Free များနဲ့ အသုံးပြုနေပါတယ်။ PDF Printer PDF ကို လုပ်ဖို့အတွက် pdf printer လိုပါတယ်။ pdf printer ကို adobe acrobat professional မသုံးပဲနဲ့ Free ရတဲ့ pdfcreator ကို အသုံးပြုနိုင်ပါတယ်။ pdfcreator ကို download ချပြီးတော့ သွင်းလိုက်ပါ။ ပြီးရင် pdf လုပ်ချင်တဲ့ page ကို print ထုတ်လိုက်ပါ။ အဲဒီအခါ printer dialog…
-
Jack Dorsey Jack Dorsey ဟာ အမေရိကုန် software architect နဲ့ စီးပွားရေး သမားတစ်ဦးဖြစ်ပြီး twitter ကို ဖန်တီးသူတစ်ယောက်အနေနဲ့ နာမည်ကျော်ကြားပါတယ်။ BusinessWeek ကတော့ သူ့ကို နည်းပညာပိုင်းမှာ အတော်ဆုံးနဲ့ အထက်မြက်ဆုံး လို့တောင် ခေါ်ဆိုပါတယ်။ MIT’s Technology Review က သူ့ကို TR35 လို့ နာမည်ပေးပါတယ်။ အဓိပ္ပာယ်ကတော့ outstanding innovator under the age of 35 ပါ။ အသက် ၃၅ နှစ်အောက် ထူးချွန်ထက်မြက်သူလို့ ခေါ်ဆိုပါတယ်။ အစောဆုံးအခြေအနေ Jack Dorsey ဟာ St. Louis, Missouri တွင် ကြီးပြင်းခဲ့ပါတယ်။ သူအသက်…
