saturngod
-
အခု ornagai.com မှာ စာတစ်လုံးခြင်းဆီအတွက် အသံထွက် စနစ်လုပ်ထားတယ်။ text to voice စနစ်ဆို ပိုမှန်မှာပေါ့။ vozme.com ရဲ့ feature တွေကိုပဲ အသုံးပြုထားတာပါ။ ကိုယ်တိုင် ရေးလည်း ရပေမယ့် မရေးတော့ပဲ အရန်သင့်ရှိတဲ့ vozme.com ကို သုံးလိုက်တယ်။ ကိုယ်တိုင်ရေးဖို့ကလည်း မခက်ပါဘူး။ PHP မှာ text to voice အတွက် class က ရှိပြီးသားလေ။ ကိုယ်တိုင်လုပ်မယ်ဆိုရင် ကိုယ့် server ပေါ်မှာ အသံ file ကို tmp အနေနဲ့ သုံးရလိမ့်မယ်။ ပြီးရင် tmp mp3 တွေ ပြန်ဖျက်ရမယ့် အလုပ်ရှိသေးတယ်လေ။ ဒါကြောင့် အရန်သင့် vozme.com ကိုပဲ…
-
အရင်က Online Game တွေဆို သိပ်မကြိုက်ဘူးဗျ။ ဆော့လည်း မဆော့ဖြစ်ဘူး။ ရုပ်ပုံတွေမပါလို့။ အခု Online Game တစ်ခုဆော့နေတယ်။ နာမည်က Ikariam တဲ့။ လိပ်စာကတော့ ikariam.org ပေါ့။ အဲဒီ game မှာ world ၁၄ ခုလောက် ပါတယ်။ world တစ်ခုမှာလည်း ကျွန်းတွေ အများကြီးပဲဗျ။ အဲဒီ ကျွန်းတွေ အများကြီးထဲကမှ ကျွန်းတစ်ကျွန်းမှာ မြို့လေး တစ်မြို့ ကိုယ်က စရတာပေါ့။
-
အခုတလော ornagai မှာ add လိုက်နေတာနဲ့ပဲ အချိန်ကုန်နေတယ်။ နောက်ပြီး Ubuntu မှာ stardict သုံးပြီးတော့ English Myanmar Dictionary စမ်းနေတာလည်း အဆင်ပြေသွားပြီ။ အခု Web Text Editor Version အသစ်စမ်းနေတာ။ အဲဒါကတော့ မရသေးဘူး။ အခု Version အသစ်မှာ အခြား project တွေကပါ ယူသုံးလို့ရအောင်ပေါ့။ အခု MZ မှာတော့ စမ်းသုံးထားတယ်။ ကျွန်တော့် blog မှာလည်း စမ်းထည့်ထားတယ်။ အခုဟာက service မဟုတ်ပဲ တိုက်ရိုက်ခေါ်သလိုဖြစ်နေတယ်။ ဒါကြောင့် service အနေနဲ့ ပြန်ပြောင်းရအုံးမယ်။ PHP file run လို့ရတဲ့ hosting တွေမှာဆိုရင်တော့ အဆင်ပြေမယ်ထင်တယ်။ အခုလက်ရှိ…
-
Chrome နဲ့ Youtube ကို ကြည့်တာ မြန်တယ်ဆိုလို့ ဒီနေ့ youtube ကို chrome နဲ့ ဖွင့်ကြည့်ပါသေးတယ်။ ဒါပေမယ့် We,soory ဆိုတာပဲ တက်တက်လာတယ်။ ဘယ်တစ်ခုမှ ဖွင့်လို့မရဘူး။ ဒါနဲ့ တစ်ခုခုတော့ တစ်ခုခုပဲ။ သူများတွေ ဖွင့်လို့ရတယ်။ ငါတော့ ဖွင့်လို့မရဘူး။ ဒီတော့ ဟိုကလိ ဒီကလိ လုပ်လိုက်တော့ တွေ့ပါပြီဗျာ။
-
အခုတလော ကံဆိုးခြင်းများအပြင် စိတ်ပျက်ဖွယ်ရာ ကံဆိုးမှုတွေ ခဏခဏ ကြုံနေရတယ်။ တစ်ခါတစ်လေ ဘယ်လိုဖြေရှင်းရမှန်းမသိဘူး။ ကျွန်တော့် ကိစ္စတွေကို ကျွန်တော် အရင်ဖြေရှင်းအုံးမယ်။ ပြီးမှပဲ အခြားသူကိစ္စတွေ မျှဝေတာတွေ လုပ်နိုင်တော့မယ်။ ကိုယ့်ဗိုက်ပြည့်မှပဲ အခြားသူဗိုက်ကို ဖြည့်ပေးတတ်တာ လူ့ဘဝပါလားနော်…. ကျောင်းသားဘဝနဲ့ မတူတော့ဘူ… ကျောင်းသားဘဝက လူမှုရေး ၊ ငွေကြေး ၊ ပညာရေးဆိုတာတွေကို ဂရုမစိုက်ပဲ ရပ်တည်နိုင်တယ်။ ကျောင်းပြီးတော့ ကိုယ့်ဘဝ ကိုယ်ကျောင်းတဲ့အခါ အရင်ကလို လွတ်လပ်စွာမနေနိုင်တော့ဘူး။ ဘဝရဲ့ တာဝန်တွေ လူမှုရေးတွေ ပညာရေးတွေ အဓိကတော့ စီးပွားရေး စတာတွေ ပါဝင်လာပြီ။ တစ်ခုခုအဆင်မပြေတာနဲ့ တခြားကိစ္စတွေကို လှည့်မကြည့်နိုင်တော့ဘူး။ ကျွန်တော် အကုန်လုံးအဆင်ပြေရင်တော့ ပြန်လာခဲ့မယ်ဗျာ…
-
ornagai ကို ကျွန်တော် ရေးနေတာ ကြာလှပြီ။ 14 ရက်နေ့ အပြီးတင်မယ်လို့ ဆုံးဖြတ်ထားပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတင်ဖြစ်လိုက်ဘူး။ နောက် ၁၆ ရက်နေ့လောက်တော့ error တွေ အများကြီးတွေ့လိုက်တယ်။ 19 ရက်နေ့တော့ အကုန်လုံးနီးပါးပြီးသွားတယ်။ ၂၀ရက်နေ့ကတော့ design တွေပြန်ပြင်လိုက်တယ်။ ၂၀ ရက်နေ့ ညတော့ တင်လိုက်နိုင်တယ်။
-
opensearch ဆိုတာကတော့ firefox မှာ အပေါ်ညာဘက်မှာ ပါတဲ့ searchbox လေးကို ပြောတာပါ။ အခု ကျွန်တော့် blog ကို တစ်ခါတည်း လာစရာမလိုပဲ ရှာလို့ရအောင် opensearch ထည့်ထားတယ်။ အဲဒီ ညာဘက် ထောင့်လေး လင်းနေတာကို တွေ့မယ်။ လုပ်ရတာလွယ်လွယ်လေးပါ။ အရင်ဆုံး notepad အရင်ဖွင့်ဖို့လိုတယ်။ opensearch.xml နဲ့သိမ်းလိုက်ပါ။ ပြီးရင်
