saturngod
-
mmhan comment ပေးတာနဲ့ ကျွန်တော့် download page ကို ပြန်ကြည့်တော့ link တွေလိုနေသေးတာရှိတယ်။ ဒါနဲ့ upload တင်တာတင် အသစ်ထည့်တာထည့်နဲ့ပေါ့။ တချို့ စာအုပ်တွေကိုတော့ upload မတင်ရသေးဘူး။ နောက်မှ connection ကောင်းတဲ့အချိန်မှ ထပ်တင်တော့မယ်။
-
ကျွန်တော် ဒီနေ့ Rome, France , Sydeny စတဲ့ မြို့တွေ ရောက်ပြီးပြီ။ ကျွန်တော် တစ်ရက်တည်းနဲ့ အဲဒီ မြို့တွေသွားတာ passport , visa မလိုဘူး။ လေယာဉ်ခလည်းကုန်ဘူး။ ဒါပေမယ့် မြို့ကလူတွေနဲ့ စကားမပြောဖြစ်ဘူး။ ပြောလို့မှ မရတာကို။ ကျွန်တော် က google earth street view နဲ့ သွားလိုက်တာကိုး…
-
ဒီနေ့ ညနေ ၆ နာရီလောက်ကတည်းက webservice ကို SOAP နဲ့ စမ်းနေတာ။ ရကိုမရနိုင်ဘူးဖြစ်နေတယ်။ SOAP အတွက် wsdl ကို ကိုယ်တိုင်မရေးချင်တာနဲ့ generate လုပ်ပေးတဲ့ NuSOAP ကိုသုံးလိုက်တယ်။ နောက်ပြီးတော့ local မှာ စမ်းတာ လုံးဝကို မရဘူး။ error ကြီးပဲတက် တက်နေတယ်။ နောက်တော့ မသင်္ကာတာနဲ့ပဲ browser ပေါ်တင်လိုက်တော့ အရမ်းကို အဆင်ပြေသွားတယ်ဗျ။ localhost မှာ SOAP ကို သွားဖတ်လို့မရဘူးဖြစ်နေတယ်။ ဖြစ်နိုင်တာက php.ini မှာ တစ်ခုခုပြင်ဖို့ လိုနေတာလားမသိဘူး။ ညနေ တစ်ခုလုံး မူးနောက်သွားတာ။ နောက်ဆုံးတော့ localhost ဖြစ်နေလို့ ဖြစ်နေတယ်။ ဘာပဲ ပြောပြော web service…
-
http://bashroan.blogspot.com/2009/02/language-bar-zawgyi-icon.html မှာရေးထားတာပါ။ blogspot ကို ကျော်ရခက်တဲ့ လူတွေအတွက် ပြန်လည်ဖော်ပြလိုက်ပါတယ်။
-
zawgyi.tar.gz ကိုဖြည်ချလိုက်။ ပြီးရင် terminal ကနေ ဖြည်ချထားတဲ့ ပတ်လမ်းကြောင်းကိုသွားလိုက်။ပြီးတာနဲ့ $./install.sh လုပ်လိုက်ရုံနဲ့ keyboard သွင်းပေးသွားတယ်။ တစ်ခါတည်း Left Alt ဆိုရင် keyboard change ပြီးတော့ Right Ctrl ဆိုရင် thrid level key ပြောင်းပေးတယ်။ –္စ လိုမျိုးရိုက်ချင်ရင် r-ctrl+p နှိပ်လိုက်ရုံပဲလေ။ Download Here
-
Firefox မှာ link တွေကို နှိပ်ရင် လက်ရှိ page မှာပဲပေါ်ပါတယ်။ ကျွန်တော်က shitf+ click လုပ်ရင် new windows ကြီးနဲ့ တက်တက်လာတယ်။ အဲဒါကို မကြိုက်ဘူး။ tab အသစ်တစ်ခုအနေနဲ့ တက်လာစေချင်တာ။ ဒါနဲ့ ဒီနေ့ ရှာကြည့်ုလိုက်တော့ ctrl+ click လုပ်ရင် tab တစ်ခုနဲ့ တက်လာတဲ့အတွက် တော်တော်လေးကို အဆင်ပြေသွားတယ်ဗျာ။
-
ဒီနေ့ ဇော်ဂျီကို Scribus မှာ သုံးတာ ပြသနာတွေ တက်ပါလေရော။ မြန်မာလိုက ပြသနာတွေ တက်ပါလေရော။ ဘာမှန်းမသိ ပြသနာတွေနဲ့။ ထုံးစံအတိုင်း အချိန်ပေးပြီးတော့ ဟိုရှာ ဒီရှာပေါ့ဗျာ။ နောက်တော့ ပြသနာသွားတွေ့တယ်။ zawgyi က key အချို့က F1 , F2 စတာတွေနဲ့ သွားသွားညှိနေတယ်။ အဲဒါ scibus မှာဖြစ်တာ။ ဒီတော့ File > Preference > Keyboard Shortcut မှာ Function Key တွေဖြစ်တဲ့ F1,F2 စတာတွေကို ဖြုတ်ချလိုက်တော့ အဆင်ပြေသွားတယ်ဗျ။ တကယ်လို့ Function Key တွေမဖြုတ်တတ်ဘူးဆိုရင်တော့ ဒါလေးကို download ချပြီး Keyboard Shorcut မှာ…
-
Myanmar 3 font ကို ထည့်ပေးထားတယ်။ မြန်မာ Unicode page ဆို မြန်မာ ၃ နဲ့ ပြပြီးတော့ ဇော်ဂျီ page တွေကိုတော့ ဇော်ဂျီနဲ့ပြတယ်လေ။ firefox က ဘယ်လိုလုပ်လဲတော့မသိဘူး။ တော်တော်လေးကို ကောင်းတဲ့ browser ပဲဗျာ။ ကျွန်တော်တို့ မြန်မာတွေအတွက် အရမ်းအဆင်ပြေတယ်။ KDE လည်း firefox လိုမျိုး လုပ်နိုင်ရင်ကောင်းမယ် :( မြန်မာ ၃ နဲ့ my.wikipedia.org ကိုကြည့်လိုက်တာ ပူး ၊ နှင့် ၊ ဖြင့် စတဲ့စာလုံးတွေက လွဲနေသေးတယ်။ တဖြည်းဖြည်းနဲ့ အကုန်တူလာမှာပေါ့ဗျာ… :D http://www.4shared.com/file/72949146/efea28c1/firefox_Zawgyi.html
