saturngod

  • အင်တာနက်စသုံးကာစက image verify ဘာကြောင့်လုပ်ရတယ်ဆိုတာကို ကောင်းကောင်းနားမလည်ဘူး။ သူငယ်ချင်းတစ်ယောက်ဆိုရင် သူ့မျက်စိကောင်းမကောင်း စစ်တဲ့အနေနဲ့ ထည့်ထားတာလားလို့တောင် ကျွန်တော့်ကို မေးဘူးတယ်။ အခုတလော MZ မှာ ပြသနာတွေ ကြုံတော့မှ ကောင်းကောင်း နားလည်တော့တယ်။

  • အခုတလော မြန်မာ IP 203.81.166.27 က DDos နဲ့တိုက်ခိုက်ရုံသာမကဘူး အခြားသော တိုက်ခိုက်ခြင်းတွေနဲ့လည်း တိုက်ခိုက်တယ်။ Login ဝင်မရအောင်လုပ်တာတို့ database ကြောင်အောင်လုပ်တာတို့ပေါ့။ gridserver သုံးထားတဲ့အတွက် ပြသနာက အေးပါတယ်။ ဒါပေမယ့် database အတွက် တခြားနည်းလမ်း စဉ်းစားရမယ်။ virus မဟုတ်ပဲနဲ့ လူတွေကို နှောက်ယှက်အောင် တမင်လုပ်နေတာလဲ မြန်မာကပဲ။ ဒီ post ကို ဖတ်ကြည့်တာနဲ့ မြန်မာတွေကို တော်တော်စိတ်ကုန်တယ်။ အကျင့်တွေက တဖြည်းဖြည်းပျက်လာပြီ။ အခုက မြန်မာတွေ တော်တာမဟုတ်တော့ဘူး။ စိတ်ဓာတ်အောက်တန်းကျကုန်တာ။ ဘယ်နည်းနဲ့ ဖျက်လို့ရမလဲ။ အခုက ဘယ်လိုဒုက္ခပေးရမလဲပဲ စဉ်းစားနေကြတာ။ သူများ ဒုက္ခရောက်ရင် ပြီးရောဆိုပြီး ကစ်နေကြတာလားမသိဘူး။ မြန်မာနိုင်ငံမှာ လူတော်ထက် လူဆိုးတွေက တဖြည်းဖြည်းတိုးပွားလာတယ်။ အဲလိုဒုက္ခပေးလို့…

  • Microsoft Lab ရဲ့ prodcut တစ်ခုပါ။ ကြားဘူးတာတော့ ကြာပြီ။ ဒါပေမယ် ့အရင်က dial-up နဲ့သုံးတော့ စမ်းဖို့က မလွယ်လှဘူး။ အခုပြန် သတိရတော့ photosynth ရဲ့ website ဖြစ်တဲ့ http://photosynth.net ကိုအရောက်သွားခဲ့ပါတယ်။ website ထဲ ရောက်ရောက်ခြင်း မှော်ဝင်နေတဲ့နေရာတစ်ခု ရောက်သွားလား အောက်မေ့လောက်အောင် Design ပိုင်းက ဆွဲဆောင်မှုရှိပါတယ်။ ဒါနဲ့ စတင်စမ်းသပ်ဖို့ လုပ်လိုက်တော့ 8 MB လောက် download ချပြီးမှ ကြည့်လို့ရမယ်ဆိုတာနဲ့ download ချလိုက်ပါတယ်။ ပြီးတော့ စတင်ကြည့်ရှုလိုက်တဲ့အခါမှာတော့ ဟာ ခနဲ့ ဖြစ်သွားခဲ့ရပါတယ်။ ကြည့်ရတာတော့ တော်တော်လေးကို ကောင်းလိုက်တာဗျာ။ ခေတ်လွန်တွေထဲများ ရောက်နေသလား အောက်မေ့ရတယ်။

  • ကျွန်တော် အခုတလော ကြည့်ကြည့်ဖြစ်တယ်။ ASP.NET က IE နဲ့ဆို မြန်တယ်လို့ဆိုလို့ရမယ်။ firefox ထက်စာရင်ပေါ့။ IE က PHP တွေ အခြား AJAX တွေက firefox လောက်မမြန်ပြန်ဘူး။ Firefox ကလည်း မြန်တယ်။ ဒါပေမယ့် ASP.NET page တွေကို IE လောက် လျင်လျင်မြန်မြန် မကြည့်နိုင်ဘူး။ AJAX ပိုင်းဆိုရင်တော့ chrome ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဗျ။ Opera ကတော့ downloading ပိုင်းတော်တော် မြန်တယ်ဗျ။ Safari ကတော့ မကြိုက်ဘူးဗျ။ လေးလို့။ သူက memory တော်တော်စားတယ်။ Chrome က memory ပိုင်းသက်သတယ်။ FF3 ကတော့ chrome…

  • Microsoft နဲ့ အပြိုင်ကြဲနေတဲ့ Google…. Microsoft က Yahoo! ကို ဝယ်မယ့်လုပ်တော့ Yahoo! ကိုမရောင်းအောင် အမျိုးမျိုးလုပ်တဲ့ Google… Opensource တွေကို အားပေးပါတယ်ဆိုတဲ့ Google… Photoshop ထက် GIMP ကိုအဓိကထားပြီးသုံးတယ်ဆိုတဲ့ Google… Python ကိုပဲ အဓိကထားပြီး သုံးတယ်ဆိုတဲ့ Google…

  • လှိုင်သာယာဘက်မှာ network ပိုင်းလာဆင်တဲ့ အဖွဲ့ တစ်ဖွဲ့ က Mysteryzillion အဖွဲ့ကပါ ဆိုပြီးပြောသွားကြောင်း ပြီးတော့ network ပိုင်းဆိုင်ရာတွေမှာ သူတို့ ဆင်ပေးပြီးနောက်ပိုင်း အခက်ခဲတွေ ပိုတွေ့လာရကြောင်း MZ ကလုပ်စားနေတာဖြစ်ကြောင်း သတင်းတွေ ထွက်လာပါတယ်။ MYSTERY ZILLION နှင့် ပတ်သက်၍ ကျွန်တော်တို့တွေ အခု သတင်းတွေ ကြားနေရပါတယ်။ ကြားလိုက်ရရခြင်း အတော့ ကိုစိတ်မကောင်းဖြစ်သွားတယ်။ MZ အမည်နဲ့ စီးပွားရေး လုပ်စားနေကြပါတယ်တဲ့။ ကျွန်တော်တို့ MZ က လုံးဝ စီးပွားရေး မလုပ်ပါ။ Network လဲ လိုက်မဆင်ပေးပါ။ ကွန်ပျူတာလဲ မပြင်ပါ။ အဲ ကျွန်တော်တို့ MZ Admin တွေ ကို အကူအညီတောင်းလို့ အိမ်ကိုလာပို့ကြတဲ့ စက်တွေ…

  • ကျွန်တော် ၂ ရက်လောက်ရှိပြီ။ wordpress ကို edit လုပ်လို့မရတာ။ မအားတာနဲ့ google မှာတောင် မရှာဖြစ်ဘူး။ ဒီနေ့မှ google မှာ အချိန်ပေးပြီး ရှာလိုက်တော့ တွေ့ပါပြီဗျာ။ ကျွန်တော် FTP ထဲဝင်ပြီးတော့ wp-admin ဆိုတဲ့ folder ထဲမှာ .htaccess file တစ်ခုကို create လုပ်လိုက်တယ်။ အဲဒီအထဲမှာတော့ <IfModule mod_security.c> SecFilterInheritance Off </IfModule> ဆိုပြီး ရေးထည့်လိုက်တော့ အိုကေသွားပါတယ်ဗျာ။