saturngod

  • ကျွန်တော်တို့တွေ စိုးရိမ်ကြောက်ရွံ့နေရတယ်။ တကယ့်ကို international လိုင်စင်ကြီးနဲ့ windows ကိုဝယ်သုံးရရင် ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သိပ်ပြီးကြောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့တွေဟာ Linux မိသားစုကို ရင်းရင်းနှီးနှီးရှိလာလေပြီ။ ဒါပေမယ့်လည်း windows က program တော်တော်များများ run မရတာ။ windows နဲ့မတူတဲ့အပိုင်းတွေ များတာကြောင့် Windows ကနေ Linux ကိုချက်ခြင်းပြောင်းသုံးဖို့က အဆင်မပြေသေးပြန်ဘူးလေ။ ဒီလိုမျိုး user အတွက်

  • ကိုယ့်ရဲ့ sidebar တွေမှာ <script type=”text/javascript” src=”http://www.ubuntu.com/files/countdown/display2.js”></script> လေးထည့်လိုက်ပြီး Ubuntu 8.10 ကိုကြိုဆိုရအောင်ဗျာ… ဒါမှမဟုတ် http://www.ubuntu.com/getubuntu/countdown ကိုသွားပြီး ကိုယ် ကြိုက်တဲ့ design လေးယူလို့ရပါတယ်ဗျာ ထွက်ပြီးမကြာခင်မှာရအောင် အခုကတည်းက မှာထားရအောင်ဗျာ… CD ခွေကို တောင်းချင်ရင်တော့ https://shipit.ubuntu.com/ ကိုသွားရောက်ပြီး တောင်းယူနိုင်ပါတယ်…

  • ကျွန်တော်ကတော့ web developer တစ်ယောက်ဖြစ်ပြီးလား မဖြစ်သေးဘူးလား ကောင်းကောင်းမသိပါဘူးဗျာ… Php နဲ့တော့ ကောင်းကောင်းရေးတတ်တယ်…. မှတ်မှတ်မိမိ ကျွန်တော်လေ့လာဘူးတာတွေကတော့

  • ပျင်းဖို့တကယ်ကောင်းတာနော်… မဖတ်ခင် ကြိုစဉ်းစား… ရေးရင်းနဲ့ ပျင်းလို့တောင် အမြန်ပြီးအောင် သိမ်းလိုက်တာ.. တစ်ရံသောအခါ……. ကျွန်းသေးသေးလေး နိုင်ငံမှ ရောက်ရှိလာသော ခပ်ဝဝ လူတစ်ရောက်အား ကြိုဆိုရန် အကျွန်ုပ်တို့ ပြင်ဆင်ရလေသည်။ ထိုကျွန်းသေးသေးလေးတွေ နေထိုင်ကာ အကျွနု်ပ်တို့၏ MZ အတွက်သာမကာ အကျွန်ုပ်တို့အားလုံး ခင်မင်ရသော ခပ်ဝဝ လူကြီးတစ်ယောက်…. စကားပြောလျှင် တစ်လုံးခြင်း အေးအေးဆေးဆေးပြောတတ်ပြီး ဝင်းဦးကဲ့သို့ လေသံပေါက်သောကြောင့် အများက ကိုဝင်းဦးဟု ခေါ်ကြသော ကျွနု်ပ်တို့၏ ဇာတ်လိုက်ကျော် ကိုDBA ကြီး ပြန်ရောက်ခြေတော့မည်….. လေယာဉ်ကွင်းသို့သွားရန် လေယာဉ်ကွင်းနှင့် အနီးကပ်ဆုံးသော exiter …. လေယာဉ်ကွင်းနှင့်အနီးဆုံး phpCrazy….. တို့အား အရင်ဦးစွာ ရောက်စေခဲ့သည်။ ထို့နောက်တွင်မူ အကျွန်ုပ်သည် စည်သွတ်ဘူး နှင့် ညီမတော်…. ညဇီးကွက်….. အဲ….…

  • Windows Tweak လိုမျိုး Ubuntu Tweak ဆိုတာလည်းရှိပါတယ်။ ကျွန်တော်တို့တွေ Ubuntu မှာ လိုပြီး အရေးပါတဲ့ software တွေ လွယ်လွယ်ကူကူရှာပြီး သွင်းနိုင်တယ်။ splash screen တက်အောင်လုပ်လို့ရတယ်။ ဒါတင်ဘယ်ကမလဲ ကျွန်တော်တို့ရဲ့ Music, Picture စတဲ့ Default folder တွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလို့ရတယ်။ နောက်ပြီး Start Menu က Ubuntu logo လေးကို မကြိုက်ရင် Ubuntu Tweak နဲ့ လဲပစ်လိုက်လို့ရတယ်။ နောက်ပြီး My Computer , Trash စတာတွေကို Windows မှာလို Desktop ပေါ်မှာ ပေါ်အောင် လုပ်လို့ရတယ်လေ။ ဘာပဲပြောပြော Ubuntu အသုံးပြုသူအနေနဲ့တော့ သွင်းထားသင့်တယ်။…

  • Microsoft ဆိုတဲ့အတိုင်း Service Pack တွေအမြဲထွက်နေကြပါပဲ။ အခု နာမည်ကြီးနေတဲ့ Windows 7 မတိုင်ခင်မှာ Vista SP2 ကိုထုတ်မယ်လို့ ဖတ်လိုက်ရတယ်။ Vista SP1 ကတော့ မူရင်း Vista ထက်ပိုမြန်ပါတယ်။ ပိုပြီး သုံးလို့ကောင်းလာတာ အမှန်ပဲ။ အခု SP2 က ဘာတွေ ထူးခြားလာမလဲဆိုတာတော့ သေသေချာချာ မသိရသေးဘူး။

  • ပွဲကတော့ ကောင်းပြီ… Firefox 3.1 ကို ထပ်မံစောင့်ဆိုင်းကြိုဆိုလိုက်ပါတယ်..

  • Ubuntu မှာ ဘာတွေ သုံးလို့ရလဲ မေးမေးနေသူတွေအတွက် http://www.getdeb.net ဆိုတဲ့ website လေးကို ညွှန်းပါရစေ။ Windows က Game တွေ ကစားလို့မရလို့ စိတ်မပျက်ပါနဲ့။ Windows Game လောက်မကောင်းပေမယ့် ကစားလို့ကောင်းတဲ့ Linux Game လေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုယ်လိုအပ်တဲ့ software တွေကို Categories နဲ့ရှာဖွေနိုင်တယ်။ သုံးမကုန် စမ်းမကုန်အောင် များပြားလှပါတယ်။ ဘာကောင်းလဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဈေးကတော့ လူတိုင်း ဝယ်မရတဲ့ဈေးနှုန်းနဲ့ download ချနေရပါတယ်။ ဘာဖြစ်လို့ဝယ်မရလဲဆိုတော့ free ဖြစ်နေလို့ပါပဲဗျာ….